Home သတင်း ဒေါနတောင်ကျော် လမ်းဟောင်း ရန်ကုတ်တိုက်ပွဲတွင် စစ်တပ်အကျအဆုံးများ စစ်ကြောင်းပျက်

ဒေါနတောင်ကျော် လမ်းဟောင်း ရန်ကုတ်တိုက်ပွဲတွင် စစ်တပ်အကျအဆုံးများ စစ်ကြောင်းပျက်

494
Photo: CJ

စက်တင်ဘာ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်း ရန်ကုတ်ရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အကျအဆုံးများပြီး စစ်ကြောင်းပျက်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်များ ကပြောသည်။

စစ်အုပ်စုတပ်သည် ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်းကို စစ်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှစ၍ လက်နက်ကြီး ပစ်ကူဖြင့် စစ်ကြောင်း ၃ ကြောင်းထိုးနေခြင်း ဖြစ်ပြီး ရန်ကုတ်၊ လှိုင်စိမ်း၊ မိချောင်းအင်း ရွာအနီး တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်ခြေမှုန်းခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယခု လို ပြောသည်။

“ရန်ကုတ် လမ်းဟောင်းဘက်ကို လက်နက်ကြီးတွေ ၁ ရက်ည ၁၁ နာရီ ကျော်က စပစ်တယ်။ ၂ ရက် မနက်ကျ တော့ စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးတက်လာတာ လှိုင်စိမ်းမှာ တစ်ချက်ထိကျတယ်၊ မိချောင်းအင်းမှာထပ်ဖြတ် တိုက်တာ ထိကျတယ်။ တံတားညီနောင်ဘက်မှာပိတ်မိပြီး စစ်ကြောင်းတစ် ကြောင်းပျက်ပြီး နေလည်ပိုင်းမှာ တပ်ပြန်လန် ရန်ကုတ်ဘက် ပြန်ဆုတ်သွားတယ်။ အလောင်းတွေ မကောက်ဘူး၊ ထိခိုက်ထားတဲ့ စစ်သားတွေ ပြန်ဆွဲထုတ် မကယ်ဘဲ ထားခဲ့တာတွေ့ နေရတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းတွင် ရန်ကုတ်ရွာသို့ ပြန်ဆုတ်သွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း များ ပြန်စစ်ကြောင်းထိုး တိုက်ခိုက်ရန် ပြင်ဆင်နေပြီး၊ လှိုင်ဝအမြောက်ကုန်းမှ ရန်ကုတ်၊ လှိုင်စိမ်း ရွာဘက်သို့ လက်နက်ကြီး ကြိုတင်ပစ်ခတ် ပစ်ကူပေးနေကြောင်း သိရသည်။

“မနေ့က တံတားညီနောင်နဲ့၊ လှိုင်စိမ်း လယ်ကွင်းစပ် တွေမှာ သေကျန်ခဲ့တာ ထိပြီးပြန်မသယ်တာတွေကို ဒီမနက် စစ်ကြောင်းနဲ့ အလောင်းတက်ဆွဲဖို့ ရန်ကုတ်မှာ လုပ်နေတယ်။ အလောင်းတွေ ပုံ နေတယ်၊ အရာရှိတွေ ပါတယ် လို့တော့ သတင်းရထားတယ်။ အခုက လှိုင်ဝကနေ လက်နက်ကြီးနဲ့ တစ်မနက်လုံးပစ်ထုတ် နေတယ်” ဟု ကော့ကရိတ်နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

စစ်အုပ်စု တပ်သည် စက်တင်ဘာ ၁ ရက်နေ့မှ စ၍ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် (စကခ-၁၂) က ကွက်ကဲကာ အာရှလမ်းသစ်၊ ဒေါနတောင်လမ်းဟောင်း၊ မြဝတီ-သင်္ဃန်ညီးနောင် စသည့်နေရာများသို့ ဖျက်အားပြင်း ဟောင်ဝှစ်ဇာ ၁၂၀ မမ လက်နက်ကြီး၊ အတွဲလိုက်ပစ် မစ်ဇိုင်းဒုံးကျည်များ ပစ်ခတ်နေသလို မြေပြင်စစ်ကြာင်းမှ အင်အား ၅၀၀ ကျော် စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။