Home သတင်း ကျိုက်ထို၊ ပိန္နဲကုန်းရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ကျိုက်ထို၊ ပိန္နဲကုန်းရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား၊ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

614

ဩဂုတ် ၉ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုအတွင်းရှိ ပိန္နဲကုန်းကျေးရွာ၌ ယနေ့ (ဩဂုတ်လ ၉ ရက်) နံနက်ပိုင်းတွင် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၆၂ နှစ်အရွယ် အရပ်သား ဦးကျော်သိန်း သေဆုံးခဲ့ပြီး အောင်ဖြိုးဝေ၊ ဖြိုးကြီး၊ အောင်စိုးမိုး၊ ကိုဂျင်းနှင့် ကိုဖားကြီး တို့အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ထပ်မံဖော်ပြသည်။

ထို့အပြင် ထွက်ပေါ်လာသော ဓာတ်ပုံမှတ်တမ်းများအရ လူနေအိမ် ၃ လုံးနှင့် မော်တော်ယာဉ် ၂ စီးလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မြင်တွေ့ရသည်။

ပိန္နဲကုန်းကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် ထိခိုက်မှုအသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။