Home သတင်း ရေး မြောက်ပိုင်း မေ့ကနင်ရွာ တိုက်ပွဲတွင် စစ်ကောင်စီ ၃ ဦး သေဆုံးဟု MSRF ပြော

ရေး မြောက်ပိုင်း မေ့ကနင်ရွာ တိုက်ပွဲတွင် စစ်ကောင်စီ ၃ ဦး သေဆုံးဟု MSRF ပြော

460
Photo: Crd.

ဇူလိုင် ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း မေ့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး သွားသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန် ထားသည်။

အဆိုပါ မော့ကနင်ကျေးရွာအနီးရှိ ကင်းပုန်းစခန်းတစ်ခုကို ဒေသ အခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်က ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိ သွားသည်ဟု မွန်ပြည် တော်လှန်ရေးတပ်-MSRF၊ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောဆိုသည်။

“ဟုတ်ပါတယ်၊ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ကျနော်တို့ဘက်က ထိခိုက်မှုတွေ မရှိပါဘူး။ ရန်သူ စကစ ဘက်ကတော့ ၃ ဦးသေဆုံးခဲ့ပါတယ်လို့ အတည်ပြုနိုင်ခဲ့တယ်။ ပြောက်ကျား တိုက်ပွဲဖြစ်တဲ့အတွက် မိနစ်သုံးဆယ်ခန့် ကြာမြင့်ခဲ့ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

မိနစ်သုံးဆယ်ကြာ တိုက်ပွဲပြီးနောက် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု တော်လှန်ရေးတပ်ဘက်က ပြောသည်။

အဆိုပါ ပြောက်ကျား စစ်ဆင်ရေးတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၂၇)တပ်ခွဲ(၁)တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များ ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။