Home သတင်း မောတောင်လမ်းပေါ်ရှိ ရွာကို စစ်ကောင်စီဗုံးကြဲ ပြည်သူတစ်ဦး ဒဏ်ရာရ

မောတောင်လမ်းပေါ်ရှိ ရွာကို စစ်ကောင်စီဗုံးကြဲ ပြည်သူတစ်ဦး ဒဏ်ရာရ

588
Photo: ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်

ဇူလိုင် ၁၁ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ အမှတ်-၉ ရွာကို စစ်ကောင်စီက လေကြောင်းမှ ဇူလိုင် ၁၀ ရက်နေ့တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ရွာကို စစ်ကောင်စီက ဇူလိုင် ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသွားသူ တစ်ဦးသည် ဒဏ်ရာမစိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“လာကြဲတာကတော့ မနေ့ကပါ။ အခုလက်ရှိမှာလည်း လေယာဉ်ထက်ပြီး ဗုံးလာကြဲမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေတော့ ရှိတယ်။ တိုက်ပွဲကတော့ မကြာခဏ ဖြစ်ပွားနေတာမျိုးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားသလို လေယာဉ်ပေါ်မှာ စက်သေနတ် ဖြင့်လည်း ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ၎င်းဒေသခံက ဖြည့်စွက် ပြောသည်။

အဆိုပါ တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ အမှတ် ၉ ရွာနှင့် သိန်ခွန်းရွာ အနီးတဝိုက်တွင် ဒေသတွင်းရှိ တော်လှန် ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့က ပြောဆိုသည်။