ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်မည့်အစီအစဉ်အား ဆိုင်းငံ့ ထားရန် မြန်မာစစ်ကောင်စီက မလေးရှားနိုင်ငံကို ကန့်ကွက်အကြောင်းကြားထားသည်ဟု Thai PBS World သတင်းတွင် ဖော်ပြထားသည်။
လာမည့်အောက်တိုဘာလအတွင်း အာဆီယံအဖွဲ့ဝင်ဖြစ်လာမည့် တီမောလက်စ်တေနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော မူဘောင်များကို လိုက်နာ ရန် ပျက်ကွက်သည်ဟု စစ်ကောင်စီဘက်က ကန့်ကွက်ထားသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တီမောလက်စ်တေနိုင်ငံက အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ပရောက်အစိုးရအဖွဲ့နှင့် လတ်တလော မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေသော တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်နေသည်ဟု စစ်ကောင်စီ အာဏာပိုင်များက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထွေထွေအတွင်းရေးမှူး ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထုတ်ပြန်သော စာတွင် မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ တီမောလက်စ်တေနိုင်ငံသည် ကြားဝင်စွက် ဖက်ခြင်းမပြုရေး မူဝါဒကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြီး အာဆီယံအဖွဲ့ဝင်အဖြစ် ပေးအပ်မည့် စဥ်းစားချက်များကို ပယ်ချသည်ဟု ပါဝင်သည်။
မေလအတွင်းက အာဆီယံအစုအဖွဲ့ ဆုံးဖြတ်ချက်များတွင် တီမောလက်စ်တေ နိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ်သတ်မှတ်ရန် လာမည့် အောက်တိုဘာလ ထိပ်သီးအစည်းအဝေးမှာ တင်ပြမည်ဟု သိရသည်။

စစ်ကောင်စီ စာလွှာတွင် တီမောလက်စ်တေနိုင်ငံမှ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေသော မူဝါဒများကို ပြန်လည်ပြင်ဆင်နိုင် ရှင်းလင်းမှုရှိသည့်အထိ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေသော လုပ်ငန်းများအားလုံး ဆိုင်းငံ့ရန် တောင်းဆိုထားခြင်းဖြစ်သည်ဟု Thai PBS World သတင်းဌာနက ဖော်ပြထားသည်။
မေလအတွင်းကလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တချို့နှင့် တွေ့ဆုံပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီနှင့် မြန်မာပြည်တွင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တချို့ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ယင်းအစည်းအဝေးသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဆီယံအကြား ပြုလုပ်သော လူသိရှင်ကြားတွေ့ဆုံမှုဖြစ်သည်။
သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ လာမည့် ဇူလိုင် ၉ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ကျင်းပမည့် အာဆီယံဝန်ကြီးများအစည်းအဝေး၌ တီမောလက်စ်တေနိုင်ငံကို ကြိုဆိုရန် အတွက် အာဆီယံဥက္ကဋ္ဌမှ တွေ့ဆုံရှိသည်ဟု သိရသည်။
မေလအတွင်းကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး အောင်ကျော်မိုးက အာဆီယံတွင် တီမောလက်စ်တေ နိုင်ငံပါဝင်မှုနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ဘူးဟု အစည်းအဝေးမှတ်တမ်းများတွင် ဖော်ပြထားသည်။
# Thai PBS World သတင်းဌာန၏ သတင်းကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။



















