ဇူလိုင် ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးတွင် စစ်ကောင်စီတပ်မှ တပ်ပြေး အရာရှိတစ်ဦးနှင့် တပ်သား ၄ ဦးကို ကရင်ပြည်နယ်နှင့် စပ်ဆက်နေ သည့် လမ်းများ၊ ဂိတ်များတွင် စစ်ဆေးရှာဖွေနေသည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ် သူများက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် ကျုံဒိုး ခမရ(၅၄၅) တပ်သို့ ရောက်ရှိနေသည့် တပ်မ (၅၅) လက်အောက်ရှိ ဗိုလ်အဆင့်ရှိ သူတစ်ဦး နှင့် တပ်သား ၄ ဦးတို့သည် ဇွန် ၃၀ ရက်နေ့တွင် တပ်ရင်းပြင်ပသို့ ထွက်ခွာသွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု ကျုံဒိုးအုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ယခုလို ပြော သည်။
“ကျုံဒိုး ၅၄၅ တပ်က လစာထုတ်ရက် ဆိုတော့ ဈေးဝယ်အပြင်ထွက်ခွင့်နဲ့ ကျုံဒိုးမှာ ဈေးဆိုင်၊ အရက်ဆိုင်၊ စားစရာ ဝယ်တာမျိုး (စကစ)တွေ အပြင်ထွက်တယ်။ အဲ့မှာစစ်ကူရောက်နေတဲ့ တပ်သားသစ်တွေ ထွက်ပြေးကြ တယ်၊ နှစ်ပွင့်ဗိုလ်တစ်ယောက်ပါတယ်။ ၂ ယောက်ကို ဂျိုင်းတံတားဂိတ်မှာ ပြန်မိလို့ ချုပ်ထားတယ်။ ဗိုလ်နဲ့ တပ်သား ၄ ယောက် ပြန်မမိဘူး” ဟု ၎င်းက ပြောသည်။
ယခုလို အရာရှိနှင့် တပ်သား ၄ ဦးတို့ကို ဂျိုင်းတံတား၊ ဖားအံ-ကော့ကရိတ်လမ်းပိုင်းရှိ အိန္ဒု၊ နောင်လုံ၊ သံလွင်တံ တား၊ ဇာသပြင်တံတား၊ တောင်ကလေး အဖွဲ့စုံဂိတ်နှင့် မော်လမြိုင် အတ္ထရံတံတားဂိတ်များ၌ စစ်ဆေးမေးမြန်း ရှာဖွေ နေသည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သည့် သတင်းရင်းမြစ် တခြားတဦးက ပြောသည်။
“ကျုံဒိုးစစ်တပ်က ထွက်ပြေးတာတွေကခဏခဏ ရှိတယ်၊ ဒီတစ်ခါလိုက်ရှာနေတာက ဗိုလ်တစ်ယာက် ပါနေလို့၊ အရင်တုန်းကပြေးကြတာ၊ လွတ်သွားတာ တွေအများကြီး ရှိတယ်။ ရွာအုပ်ကြီးတွေ စစ်ကောင်စီနဲ့ ဆက်ဆံရေး ရှိတဲ့ အဖွဲ့တွေက ရှာပေးလို့ ပြန်မိတာလည်း ရှိတယ်” ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ကုန်သွယ်ရေးတွင် အရေးပါသည့် ဖားအံ-မြဝတီ အာရှလမ်းပိုင်းကို ပြန်စိုးမိုးရန် စစ်ကောင်စီက အောင်ဇေယျ စစ်ဆင်ရေးပြုလုပ်နေသည့် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ တော်လှန်ရေးတပ်ဘက်သို့ စစ်ကောင်စီ တပ်သားများ ထွက်ပြေးခိုလှုံမှု ၁၀၀ ဦးဝန်းကျင် ရှိပြီး ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ထုတ်ပြန်ထားသည်။