ဇွန်လ ၂၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင် နယ်စပ်အနီးတွင် နိုင်ငံအတွင်း သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၄ မီလီယံကျော်ကို နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဖြစ်သော ဖမောင်တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တရားခံ ၂ ဦးကိုလည်း ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု Bangkok Post သတင်းဌာနတွင် ဇွန်လ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့တွင် ချင်းရိုင် ခရိုင်ဒေသန္တရ၊ မယ့်ဖါလောင်ခရိုင်ရှိ ထရတ်ထိုင်းရှိ ကျေးရွာတစ်ခုအတွင်း ကင်းလှည့်ချိန် ကျောပိုးအိတ်ကြီးများသယ်ဆောင်သော လူတစ်စုကို အာဏာပိုင်များက တွေ့ရှိခဲ့သည်။ ထို့နောက်တွင် မူးယစ်မှောင်ခိုဂိုဏ်းမှ ကင်းလှည့်တပ်ဖွဲ့ကို စတင်ပစ်ခတ်ရာမှ ၁၀ မိနစ်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးအများအပြား သယ်ဆောင်သူ မူးယစ်ဂိုးဏ်အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
အာဏာပိုင်များသိမ်းဆည်းရမိသော အဆိုပါ မူးယစ်ဆေးဝါး ၄ မီလီယံနှင့် လက်နက်များကို မယ့်ဖါ လောင် ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားသည်ဟု ထုတ်ပြန်သည်။
ချင်းရိုင်အပိုင်၊ ဖါ (Pha) မြို့နယ်ကင်းလှည့်တပ်ဖွဲ့က ကွပ်ကဲရေးမှူး ဗိုလ်ချုပ် ကီဒါကွန်ချန်ထာရာက နယ်စပ်ကင်းလှည့်တပ်ဖွဲ့များနှင့်မူးယစ်ဆေးမှောင်ခို ကူးသန်းသော လက်နက်ကိုင်အဖွဲ့များအကြားတွင် ထိတွေ့ပစ်ခတ်မှုများသည် လတ်တလောကာလအတွင်း မကြာခဏဖြစ်ပွားလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ချင်းရိုင်ဒေသ၊ ဖါ (Pha) မြို့နယ်ကင်းလှည့်တပ်ဖွဲ့က ကွပ်ကဲရေးမှူး ဗိုလ်ချုပ် ကီဒါကွန်ချန်ထာရာက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ယနေ့အချိန်ထိ ထိုင်းမြောက်ပိုင်းချင်းရိုင်ခရိုင်ဒေသန္တရ နယ်စပ်မှာ မူးယစ်ဆေးဝါးကူးသန်မှု ၃၀၃ ခုဖြစ်ပွားသည်ဟု ထုတ်ပြန်သည်။
ယင်းဖြစ်စဥ်များအတွင်း တရားခံ ၃၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စိတ်ကြွဆေးပြား ၁၂၆ သန်း၊ ဘိန်းဖြူ ၁၄၅ ကီလိုဂရမ်၊ သလင်းမက် ၈၀၀၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၄၃ ကီလိုဂရမ်နှင့် ကီတာမင်း ၆၉၅ ကီလိုဂ ရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဘတ်ငွဗ ၂၇.၈ ဘီလီယံတန်ဖိုးရှိသည်ဟု သိရသည်။
ထို့အပြင် ထိတွေ့ပစ်ခတ်မှု ၄၄ ခုအတွင်းမှာတော့ မူးယစ်ဂိုဏ်းတရားခံ ၂၃ ဦးအထိကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု အာဏာပိုင်က ထုတ်ပြန်ထားသည်။
ကိုးကား – Bangkok Post