Home သတင်း ကမမောင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်ဗုံးကြဲချမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြားပျက်စီး

ကမမောင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်ဗုံးကြဲချမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြားပျက်စီး

621
Photo: CJ

မတ်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခတ်မှုနှင့် Y 12 စစ်သုံးလေယာဉ်ဖြင့် ဗုံးသီးကြဲချမှုကြောင့် သထုံခရိုင် ဖားအံမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်မှ ယနေ့နံနက်အထိ အဆိုပါ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်သုံးလေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဖားအံမြို့နယ် ဝဲပျံကျေးရွာအုပ်စု၊ လူနေ အိမ် ၁၀၀ ကျော်ရှိသည့် ဖားပေါင်ကျေးရွာမှ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တစ်ဝက်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနှင့် လေယာဉ်ဗုံးကြဲချတိုက်ခိုက်မှုများကြောင့် ဝဲပျံနှင့် မဲကနပ်ခီး ကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၁ ရွာမှ ဒေသခံများ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ ရသည်ဟုလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကမမောင်းစစ်ကောင်စီစခန်း မြောက်ဘက် ၂၁ ကီလို အကွာရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်မှု လုပ်ဆောင်နေ၍ အဆိုပါ စစ်ကောင်စီတပ်က ယခုလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် စစ်သုံးလေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။