Home သတင်း ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ BGF ဖွဲ့စည်း

ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ BGF ဖွဲ့စည်း

624

ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင် ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့က ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါ အထူးအဖွဲ့တွင် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့၌ ဗိုလ်မှူးကြီး စောဒိဒိက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမည်ဖြစ်သလို ဒုဗိုလ်မှူးကြီးစောကျောဖေါက ဒုအဖွဲ့ခေါင်းဆောင်ဖြင့်တာဝန်ယူထားသည်။

ထိုကြီးကြပ်ရေးအဖွဲ့၌ အဖွဲ့ဝင်များအဖြစ် ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်၊ ဒုဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စေအောင်နိုင်ဦး၊ ဗိုလ်မှူးစောယဉ်ကြည်နှင့် ဗိုလ်မှူးမျိုးကျော်ခိုင်တို့ပါဝင်သည်။

“ဒီနေ့အတည်ပြုဖွဲ့လိုက်ပြီး၊ ဒီရက်ပိုင်းထဲမှာ စတင်အကောင်အထည်ဖော်တော့မယ်။ အကုန်လုံးကိစ္စတွေ ပြီးသွား ရင်တော့ သတင်းစာရှင်းလင်းပွဲတွေ လုပ်သွားမယ်” ဟု ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့ဝင်ဖြစ်သူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဖွဲ့ဝင် ၇ ဦးပါ အလုပ်အဖွဲ့ ၃ ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး အဖွဲ့ ၁ ၌ ဗိုလ်မှူးကြီးစောဆန်းလင်းက အဖွဲ့ ခေါင်ဆောင် အဖြစ်တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဒုခေါင်ဆောင်အဖြစ် ဒုဗိုလ်မှူးကြီးစောချစ်ချစ်က တာဝန်ယူ သွားမည်ဖြစ်သည်။

အလားတူ အဖွဲ့ ၂ ၌ ဗိုလ်မှူးကြီး စောပါပီက အဖွဲ့ခေါင်ဆောင်တာဝန်ယူထားသလို၊ ဒုဗိုလ်မှူးကြီးစောပေါ်ပယ်က အဖွဲ့ဒုခေါင်ဆောင်ဖြစ်သည်။ အဖွဲ့ ၃ တွင်မူ ခေါင်ဆောင်အဖြစ် ဒုဗိုလ်မှူးကြီးစောမောင်တူး၊ ဒုခေါင်ဆောင်အဖြစ် ဗိုလ်မှူးစောတာဘလဲ့ တို့က အသီးသီးတာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့အပြင် ကျားဖြန့်၊ လူမှောင်ခို ပပျောက်နှိမ်နှင်းရေး အဖွဲ့အနေဖြင့် ယခုရက်ပိုင်းအတွင်း ၎င်းတို့ နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လာလုပ်သူနှင့် အတင်းအကြပ်စေခိုင်းခံရသူများကို ဆိုင်ရာနိုင်ငံများအသီးသီးသို့ ပြန် လွှဲပို့သွားမည်ဖြစ်ကာ ထိုလုပ်ငန်းများ ပပျောက်သည်အထိ လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။