KIC Fact Check Methodology & Policy
KIC ကရင်သတင်းဌာနအနေဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံပေါ်တွင် ပျံ့နှံ့နေသော သတင်းတု/သတင်းမှား များကို လေ့လာစောင့်ကြည့်၊ စိစစ်ဖော်ထုတ်ရန် ရည်ရွယ်ပြီး Red Flag Team ထံမှ အချက်အလက် စစ်ဆေးခြင်း ဆိုင်ရာ ပညာရပ်များကို သင်ယူခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကာ KIC Fact Check Reporting အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။
ရည်မှန်းချက် ။ ကေအိုင်စီ အချက်အလက်စစ်ဆေးသည့် အဖွဲ့အနေဖြင့် ပြည်သူလူထု အကျိုးစီးပွားနှင့် ငြိမ်းချမ်းမှုကို ထိခိုက်စေနိုင်သည့် သတင်းတု သတင်းမှားများကို စိစစ်ဖော်ထုတ်သွားရန်နှင့် တားဆီးလျှော့ချရန်။
ရပ်တည်ချက်။ ။ KIC အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းအချက်အလက်များကို စစ်ဆေးအတည်ပြု ရေးသားဖော်ပြသွားမည်။
လေ့လာစောင့်ကြည့်မှု
• KIC Fact Check Team အနေဖြင့် ပင်မသတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာအပြင် အရပ်သားပြည်သူများ အကြားတွင် ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းမှားများကို စောင့်ကြည့်စိစစ်ပြီး ပြည်သူများကို အသိပေး တင်ဆက်သွားမည်။
• ဆိုရှယ်မီဒီယာများအပေါ်တွင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်၊ ဆေးဝါး နှင့် ဆေးဝါးထုတ်ကုန်အန္တရာယ်နှင့် ဘာသာရေး အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် နေ့စဉ်သတင်း များကို စောင့်ကြည့်မည်။
• မြန်မာနိုင်ငံ အပါအဝင် ကရင်လူထုများအကြား သတင်းစီးဆင်းမှုအမြန်ဆုံးဖြစ်သော Facebook, Telegram, YouTube, Twitter နှင့် အခြားသော လူမှုကွန်ရက်များကို စောင့်ကြည့်ပြီး အဖြစ်အပျက်သတင်းအမှန်ကို အချိန်နှင့်ပြေးညီ ပြည်သူလူထုထံသို့ အချိန်နှင့် တပြေးညီပြန်လည်တင်ပြသွားမည်။
• နိုင်ငံရေး အာဏာပိုင်များ၊ ပါတီခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများနှင့် ဆိုရှယ်မီဒီယာ Influencers များ၏ ပြောစကားများကို စောင့်ကြည့်သွားမည်။
• သတင်းအမှားဟု သံသယဖြစ်ဖွယ် အချက်အလက်များ ဖြန့်ဖြူးနေကျဖြစ်သည့် မသင်္ကာဖွယ် အကောင့်များ၊ စာမျက်နှာများနှင့် ချန်နယ်များကို စောင့်ကြည့်မည်။
နည်းစနစ်များ
သတင်းတုဟု သံသယရှိသည့် သတင်းဓါတ်ပုံများကို ယခင်က ဖော်ပြခဲ့ဖူးခြင်း ရှိ/မရှိကို ဓါတ်ပုံရာဇဝင်ရှာ သည့် Reverse Image Search, Tools ဖြင့် ရှာဖွေမည်။ Reverse Image Search ဖြင့် အခြားအွန်လိုင်းရှိ ဓါတ်ပုံစစ်ဆေးသည့်ဆိုက် Tools များသို့ ဝင်ရောက်ရှာဖွေခြင်း နည်းစနစ်များကို အသုံးပြုသည်။
ဗီဒီယိုဖိုင်များအတွက်မူ ဗီဒီယို၏ ရုပ်ကဒ်တခုချင်းစီ ခွဲထုတ်ပေးသည့် Invid ဖြင့် ခွဲထုတ်ပြီး ထွက်ပေါ်လာ သည့်ပုံများကို Reverse Image Search ဖြင့် ရှာဖွေသည်။
မူရင်းသတင်းမှားထုတ်လွှင့်တဲ့ Links များ၊ သတင်းအမှန်ထုတ်ပြန်တဲ့ Links, Post, Website များကိုလည်း အများပြည်သူထံ စိစစ်တင်ပြရာမှာ ယုံကြည်မှုရှိစေဖို့ ထည့်သွင်းဖော်ပြသည်။
ထိုနည်းလမ်းဖြင့် ရှာဖွေမတွေ့ရှိသည့် ပုံများကိုမူ ဓါတ်ပုံထဲတွင် ပါဝင်သော အချက်အလက်များကို ထုတ်နုတ် စစ်ဆေးသည်။ ဥပမာ – နောက်ခံ ရှုခင်းများ၊ လမ်းများ၊ ဆိုင်းဘုတ်များ၊ ကားများ အဆောက်အဦးများအပြင် ရာသီဥတုအခြေအနေများကို ထုတ်နုတ် ရှာဖွေသည်။
ထို့အပြင် အွန်လိုင်းပေါ်ရှိ အချက်အလက်များကိုသာ ရှာဖွေအတည်ပြုခြင်းမဟုတ်ဘဲ ကဏ္ဍအလိုက် သက် ဆိုင်သည့် ပညာရှင်များ၊ သုတေသန စာတမ်းများ၊ အချက်အလက်များအပြင် ဒေသခံ၊ မျက်မြင်သက် သေများ၏ ပြောစကားများကိုပါ ထည့်သွင်း အတည်ပြုသည်။
KIC Fact Check Team က စိစစ်ထားသော သတင်းအချက်အလက်များကို သက်ဆိုင်ရာ သတင်းခန်းတာဝန် ခံ သို့မဟုတ် သတင်းအယ်ဒီတာတို့က ထပ်မံစိစစ်ပြီး ပြည်သူကို အသိပေးတင်ဆက်သွားမည်ဖြစ်သည်။
ခေါင်းစဉ်
သတင်းတု/ သတင်းမှား အကြောင်းအရာ
စစ်ဆေးအတည်ပြုချက်
အနှစ်ချုပ်/ သုံးသပ်ချက်
အသိပညာပေး
KIC အနေဖြင့် သတင်းအမှား သတ်မှတ်ချက်များ
– သတင်းအမှား (သတင်းပါ အကြောင်းအရာ အချက်အလက် အလုံးစုံမှားယွင်းမှုများနှင့် အကြောင်း အရာနှင့် သက်ဆိုင်မှုမရှိသည့်များကို ဖော်ပြထားခြင်းကို ဆိုလိုသည်။)
– လိမ်လည်လှည့်ဖြားသည့်သတင်းအမှား (ဖြစ်စဉ်အကြောင်းအရာ မှန်ကန်သော်လည်း ဖော်ပြသည့်အချက်အလက်များသည် လူပုဂ္ဂိုလ် အဖွဲ့အစည်းစသည်တို့ကို ပုံသွင်းဖော်ပြမှုမျိုးကိုဆိုလိုသည်။)
– ပြုပြင်ထားသည့် သတင်းအမှား (စာသား၊ ဓာတ်ပုံ၊ ရုပ်သံ) (သတင်းဖြစ်စဉ်အကြောင်းအရာကို လိုသလို ဖြတ်ညှပ်ကပ်ပြုပြင်ထားသည့် စာ၊ ဓာတ်ပုံ၊ ရုပ်သံ တို့ကိုဆိုလိုသည်။)
– ဖန်တီးထားသော ရုပ်သံ၊ အင်တာဗျူး (AI ဉာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး လိမ်လည်လှည့်စားထားသည့် အချက်အလက်တွေကို ထည့်သွင်းထားသည့် ဓာတ်ပုံ၊ ရုပ်သံ တို့ကိုဆိုလိုသည်။)
– အမုန်းစကားထည့်သွင်းပြောဆိုမှုများ (အချက်အလက်အရ ထည့်သွင်းဖော်ပြနိုင်မှု မရှိသော်လည်း ပြည်သူလူထုကြား ယုံကြည်မှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားစေသည့် အကြောင်းအရာများကိုဆိုလိုသည်။)
အမှားပြင်ဆင်သည့် မူဝါဒ
KIC ၏ အချက်အလက် စစ်ဆေးချက်များ မှားယွင်းပါက ဝက်ဘ်ဆိုက်၏ အမှားပြင်ဆင်ခြင်းကဏ္ဍတွင် သတင်းမီဒီယာကျင့်ဝတ်အညီ ပြန်လည်ပြင်ဆင်ပြီး မူလရေးသားထားသည့် သတင်းတွင် ထည့်သွင်းရေးသား သွားမည်။
KIC က စိစစ်ရေးသားတင်ဆက်နေသော အချို့အချက်အလက်များ၊ ကိုးကားချက်များ မှားယွင်းသွားနိုင်ခြင်း၊ မတိကျ မသေချာခြင်းများ ဖြစ်ပေါ်ခဲ့ပါက အချက်အလက်အမှန်များကို အမြန်ဆုံး ပြင်ဆင် တည်းဖြတ်ပြီး ပြည်သူကို ပြင်ဆင်ချက် ထုတ်ပြန်အသိပေးသွားမည်။
KIC ၏ သတင်း ဖတ်ရှုသူ၊ နားဆင်သူ၊ ကြည့်သူများအနေဖြင့် အချက်အလက် စစ်ဆေးချက်များအပေါ် မကျေနပ်မှုများ၊ မှားယွင်းမှုများကို စာပေးပို့ ရေးသားနိုင်သည်။ အလားတူ KIC သတင်းကို သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကိုလည်း စစ်ဆေးရန် ပေးပို့နိုင် ပါသည်။ (အောက်ဖော်ပြပါ လင့်ခ်သို့ ဖြည့်စွက်ရေးသား ပေးပို့နိုင်သည်။ —– to LINK Create –Google App form—)
Final Version