ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် သိထားရမည့်အချက်များ
NZAA
(အောက်တိုဘာ ၁၅၊ ၂၀၂၄)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအများစု၏ ဆန္ဒမဲများအား စစ်အာဏာသိမ်းခြင်းဖြင့် ရွေးကောက် ပွဲအကြမ်းဖက်မှုပြုလုပ်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ၁၀နှစ်တခါ ပြုလုပ်ရသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှတဆင့် ပြည်သူများအား ဒုတိယအကြိမ် ထပ်မံ အကြမ်းဖက်ရန် ခြေလှမ်း စတင်လာခဲ့ သည်။ ထို့အတွက် မိမိတို့အနေဖြင့် စစ်ကောင်စီလှမ်းလာသည့် ရွေးကောက်ပွဲလမ်းကြောင်းမှ ဖြစ်စဉ်၊ ဖြစ်ရပ်များကို နားလည်ရန် လိုအပ်လာသည်။ ထို့အတွက် ၂၀၂၁ မှ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လက်အောက်ခံ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များမှ သိထားသင့်သည့် အချက် အလက်များကို ထုတ်နှုတ်ကြည့်ပါမည်။
“၂၀၁၄ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ခုကိုသာ မေးမြန်းကောက်ယူခဲ့ပြီး ၂၀၂၄ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက်ဟုဆိုကာ ၂၇ချက်တိုး ၍ မေးခွန်း ၆၈ခု ရှိလာသည်။”
“၂၀၁၄ တွင် ကုလသမဂ္ဂအဖွဲ့ဖြစ်သည့် UNFPA ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့ (ITAB) ကူညီမှုရခဲ့ပြီး ၂၀၂၄တွင်မူ စစ်ကောင်စီအား မည်သည့်အဖွဲ့အစည်းကမျှ ကူညီခြင်း မရှိတော့ပေ။”
စာရင်းကောက်ယူမှုအဆင့်
စစ်ကောင်စီက သန်းခေါင်စာရင်းအတွက် အဆင့် (၂)ဆင့်ဖြင့် အသုံးပြုကောက်ယူခဲ့သည်။ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပြည်လုံးကျွတ်အဆင့် ကောက်ယူမှုဖြစ်သည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ရက်မှ ၁၅ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ ထိန်းချုပ်ထားသည့် မြို့နယ်ပေါင်း ၂၀တွင် စစ်ကောင်စီသည် စမ်းသပ်သန်းခေါင်စာရင်း ကောက် ယူမှု ပြုလုပ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ခု နှစ်၊ ၁၉၈၃ခုနှစ်နှင့် ၂ဝ၁၄ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ၂၀၂၄ သည် စတုတ္တအကြိမ်မြောက် ဖြစ်လာသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုတာ ဘာကိုဆိုလိုသလဲ
မိမိအိမ်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံသည် လူဦးရေသန်းခေါင်စာရင်း မဟုတ်ပေ။ အလားတူ သန်းခေါင် စာရင်းကောက်ယူခြင်းသည် ပုံစံ ၆၆/၆ သို့မဟုတ် ပုံစံ ၁၀ ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရှိခြင်း/မရှိခြင်းနှင့် လည်း သက်ဆိုင်ခြင်းမရှိပါ။ သို့သော် လူဦးရေသန်းခေါင်စာရင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေစာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း စသည့်လုပ်ငန်းစဉ်ဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်(၄)ရပ်
စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် အောက်ပါအဆင့်များဖြင့် ပုံဖော်ခဲ့သည်။
၁- ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း
၂- စာရင်းကောက်ယူခြင်းလုပ်ငန်း
၃- စာရင်းဇယားပြုစုခြင်းလုပ်ငန်း
၄- ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းစဉ် (၄)ရပ်ဖြင့် အကောင်အထည်ဖော်နေ ခြင်းဖြစ်သည်။ ယခုအဆင့်မှာ ဒုတိယအဆင့် ဖြစ်သည်။
လုပ်ငန်းစဉ်အလိုက် လုပ်လေ့ရှိသည့်အရာများ
ပထမအဆင့် – ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း – ၂၀၂၁နှစ် ဖေဖော်ဝါရီလ ၃ရက်တွင် စတင် ပြောဆိုခဲ့သည်။
ဒုတိယအဆင့်- စာရင်းကောက်ယူခြင်းလုပ်ငန်း – ၂၀၂၄ အောက်တိုဘာ ၁ရက်တွင် စတင်ခဲ့သည်။ (မှတ်ချက်- ၂၀၁၄ ခုနှစ်၊ မတ် (၃၀)မှ ဧပြီ (၁၀)အထိ ဆောင်ရွက်ခဲ့ပြီး ကချင်နှင့် ရခိုင် မပြီးပြတ်၍ ၈ပတ် စောင့်ခဲ့ကာ (၁၄-၆-၂၀၁၄)ရက် နေ့အထိ နောက်ဆုံးထား ကောက်ယူခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ၂၀၂၅တွင်လည်း ထိုသို့လုပ် ဆောင်လာနိုင်သည်။)
တတိယအဆင့် – စာရင်းဇယားပြုစုခြင်းလုပ်ငန်း – ၂၀၂၄ မေလမှ စတင်ခဲ့သည်။ (စစ်ဆေးမှတ်တမ်းတင်ခြင်း၊ OMR စက်များဖြင့် စာရင်းဇယားများ စာရင်းသွင်း ဖတ်ယူခြင်း၊ ကွန်ပျူတာများဖြင့် စာရင်းများ စစ်ဆေးဆောင်ရွက်ခြင်း၊ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းများ ပြုလုပ်လေ့ရှိသည့် ပုံစံဖြစ်သည်။)
စတုတ္တအဆင့် – ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း – ဒီဇင်ဘာ ၂၀၂၄ တွင် ကနဦး အစီရင်ခံစာ ထုတ်ပြန်မည် ဖြစ်ပြီးနောက်ပိုင်းတွင် အပြီးသတ် အစီရင်ခံစာထုတ်မည်ဖြစ်သည်။
သိထားရမည့် အရေးကြီး အချက်အလက်အချို့
• အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့သည်။
• သန်းခေါင်စာရင်းယူနစ် (Census Unit) (၈၀၀၀၀)ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ခန့်ကို စာရင်းစစ် စာရင်းကောက် ၄၂,၀၀၀ခန့်ဖြင့် ကောက်ယူထားသည်။
• အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု မေးမြန်းခဲ့သည်။
• ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ (၅၆)သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃)သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူခဲ့သည်။
• လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိ ပါက ရက်ထပ်မံ တိုးမြှင့်ကောက်ယူမည်ဖြစ်သည်။
မေးခွန်း ၆၈ခုအနက် အချို့မှာ –
(၁) အမည်
(၂) အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ
(၃) ပြည့်ပြီးအသက်
(၄) မွေးသက္ကရာဇ် ရက်၊ လ၊ နှစ်
(၅) ကိုးကွယ်သည့်ဘာသာ (၁၆) နေအိမ်အမျိုးအစား
(၁၇) ပိုင်ဆိုင်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ
(၁၈) အိမ်ရှိအခန်းအရေအတွက်
(၁၉) အိပ်ခန်းအရေအတွက် အမျိုးအစား
(၂၀) သောက်သုံးရေရှိမှု
(၆) အိမ်တွင်အဓိကပြောဆိုသော ဘာသာစကား
(၇) ကိုင်ဆောင်သည့်လက်မှတ်
(၈) အိမ်ထောင်ရေးအခြေအနေ
(၉) မွေးစာရင်း ရှိ/မရှိ
(၁ဝ) ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း
အကြောင်းအရာ (၂၁) အလင်းရောင်အတွက် မီးအသုံးပြုမှု
(၂၂) လောင်စာအသုံးပြုမှု
(၂၃) အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု
(၂၄) အမှိုက်စွန့်ပစ်မှု
(၂၅) လက်ဆေးခြင်းအကြောင်းအရာ
(၂၆) လွန်ခဲ့သော ၁၂လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှု
(၁၁) ပညာရေးအကြောင်းအရာ
(၁၂) လုပ်သားအင်အားအကြောင်းအရာ
(၁၃) မွေးဖွားခြင်းအကြောင်းအရာ
(၁၄) အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ
(အသက် ၁၀နှစ်နှင့်အထက်)
(၁၅) ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ မသန်စွမ်းမှု အကြောင်းအရာ
——- အကြောင်းအရာ
——- အကြောင်းအရာ
——- အကြောင်းအရာ
——- အကြောင်းအရာ
——- အကြောင်းအရာ
စာရင်းကောက်ယူမည့် နည်းစနစ်
စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto)ဖြင့် အသုံးပြုခဲ့သည်။ Tablet များဖြင့် အများ ဆုံး အသုံးပြုကောက်ယူခြင်းဖြစ်ပြီး (စာရွက်လည်းပါနိုင်) ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူ သည့် CAPI (ကပ်ပီ)စနစ်ကို စစ်ကောင်စီက အသုံးပြုထားသည်။ စာရင်းကောက်ရန် နံနက် ၇နာရီမှ ညနေ ၆နာရီအ တွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူခဲ့သည်။ ထို့အတွက် နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားခဲ့သည်။ အိမ်ထောင်စုတစ်စုစာရင်းကောက်ချိန် အကြမ်းဖျင်း မိနစ် (၂၀)ဝန်းကျင် ကြာမြင့်ခဲ့ပြီး ဖြေဆိုရန် လူတစ်ဦးသာ လိုအပ်သည်။ ကောက်ယူပြီးသည့် အချိန်တိုအတွင်း ထိုဒေတာများသည် နေပြည်တော် ရုံးချုပ်ရှိ Server သို့ ရောက်ရှိမည်ဖြစ်သည်။
စစ်ကောင်စီပို့ချခဲ့သည့် သင်တန်းများ
စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရန်အတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင် တန်းအဆင့်ဆင့်ကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူးနည်းပြ သင်တန်း၊ ခရိုင်နည်းပြသင်တန်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်း ပြုလုပ်ခဲ့သည်။ ထို့အပြင် သန်းခေါင်စာရင်းဆိုင် ရာ ဗဟိုအဆင့်နည်းပြသင်တန်းအား နေပြည်တော်ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်-ခရိုင်အဆင့် နည်းပြသင် တန်းများ၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဖွင့်လှစ်ကာ လေ့ကျင့်ခဲ့သည်ဟု ဆိုထားသည်။
ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ရန် လျာထားရက်
စစ်ကောင်စီသည် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဟု ဆိုထားပြီး ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရန်ရှိဟု ၎င်း၏ ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။
ကောက်ယူရန် ကျန်ရှိလျှင်
စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ခြင်းကိုခံရသည့် ဒေသ များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်ဒေသများတွင် လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်းအမျိုးမျိုး ကြောင့် ကောက်ယူရန် ကျန်ရှိနေပါက ထပ်မံ၍ ရက်တိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင် စီစဉ်ဆောင်ရွက်ထားဟုဆိုထား ပြီး တက်သုတ်ရိုက် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေသည်။ ရွေးကောက်ပွဲ ပြုလုပ်ရန်နှင့် သန်းခေါင်စာရင်းကောက်ယူ ရန်ကို ၁၂လတာ အချိန်ယူထားသည်။
၂၀၁၄ နှင့် ၂၀၂၄ သန်းခေါင်စာရင်းမှ သိစရာများ
နိုင်ငံတကာတွင် (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိသည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း ၁၀နှစ်တကြိမ် ကောက် ယူရန် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်လာခြင်းဖြစ်သည်။၂၀၁၄ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းသည် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De-facto) ကို အခြေခံ၍ ကောက်ယူခဲ့ပြီး ၂၀၂၄ တွင်လည်း Defacto စနစ်ဖြင့်ကောက်ခဲ့သည်။ ၂၀၁၄ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ခုကိုသာ မေး မြန်းကောက်ယူခဲ့ပြီး ၂၀၂၄ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက်ဟုဆိုကာ ၂၇ချက်တိုး၍ မေးခွန်း ၆၈ခု ရှိလာသည်။
၂၀၁၄ခုနှစ်နှင့် ၂၀၂၄ခုနှစ် ကြားကာလများတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့ အစည်းများကြောင့် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းနှင့် ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများကြောင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဟု စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအား အပြစ်ဖို့ထားသည်။ ၂၀၁၄ တွင် ကုလသမဂ္ဂအဖွဲ့ဖြစ်သည့် UNFPA ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ နည်းပညာအကြံ ပေးအဖွဲ့ (ITAB) ကူညီမှုရခဲ့ပြီး ၂၀၂၄တွင်မှု စစ်ကောင်စီအား မည်သည့်အဖွဲ့အစည်းကမျှ ကူညီခြင်း မရှိတော့ပေ။
ပြည်ပရွှေ့ပြောင်းသွားလာခြင်း
ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းမှုရှိမည်ဖြစ်ပြီး မေးမြန်းရာတွင် တရားဝင်ဗီဇာ ဖြင့် သွားခြင်း/မသွားခြင်း၊ အောက်လမ်းမှ တရားမဝင်သွားခြင်း စသည်တို့ကို မေးမြန်းမည်မဟုတ်ဘဲ မည်သည့်နိုင်ငံသို့ သွားရောက်နေထိုင်အလုပ်လုပ်ကိုင်နေသည်ကိုသာ မေးမြန်းမည်ဟု ဆိုထားသည်။
စစ်ကောင်စီ စတင်ကောက်ယူလာသည့်ပုံစံ (၄)မျိုး
(က) စာရင်းကောက်သူ + စစ်ကောင်စီတပ်သား
(ခ) စာရင်းကောက်သူ + ရဲ
(ဂ) စာရင်းကောက်သူ + ပျူ + စရဖ
(ဃ) စာရင်းကောက်သူ + အုပ်ချုပ်ရေးအဖွဲ့ဟူ၍ ပုံစံ (၄)မျိုးကို ယေဘုယျ တွေ့ရှိရသည်။
အခြားဆက်စပ် စိစစ်လုပ်ဆောင်ခဲ့မှုများ
စစ်ကောင်စီသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ပန်းခင်းစီမံချက်အဆင့် ၁ – ၂ – ၃ တို့ကို ပြုလုပ်ခဲ့သည်။ နိုင်ငံ သားကတ်ပြားရရှိပြီးသူများကို E-ID စနစ်အတွက် ကိုယ်ရေးအချက်အလက်များ Biographic သွင်းခြင်းနှင့် ဇီဝအချက် အလက်များ Biometric တစ်ပါတည်း ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ ထိုသို့သော လုပ်ငန်းများအတွက် စစ် ကောင်စီ၏ ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုအရာအားလုံး၏ အနှစ်ချုပ် ရည်မှန်း ချက်သည် ၂၀၂၅ အောက်တိုဘာတွင် ကျင်းပရန်ရည်မှန်းနေသည့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ ဗျူဟာတကျ အစီအမံများဖြစ်သည်။
(*မှတ်ချက် _ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များကို အဓိကထား ကိုးကားရသဖြင့် စကားလုံးအသုံးအနှုန်းနှင့် ရည်ညွှန်းချက်များသည် ၎င်းတို့အသံ ထင်ဟပ်နေသယောင် ပါရှိနေသော်လည်း ဆောင်းပါးရှင်၏ အချက်အလက်များကို အခြေခံသည့် ရေးသားတင်ပြေချက်သာဖြစ်သည်။)