Home သတင်း ရန်ကုန်မြို့တွင် အိမ်သုံးဂက်စ် ဝယ်ယူရန် အခက်တွေ့

ရန်ကုန်မြို့တွင် အိမ်သုံးဂက်စ် ဝယ်ယူရန် အခက်တွေ့

1123

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့တွင်း မြို့နယ်အများစုတွင် အိမ်သုံးဂက်စ်များ ဈေးတက်ကာ တချို့နေရာများတွင် လုံးဝဝယ်ယူ၍ မရ ဖြစ်နေသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
ထိုင်းနိုင်ငံမှတင်သွင်းသည့် မီးဖိုချောင် အိမ်သုံးဂက်စ်များမှာ ကုန်သွယ်ရေးအခက် အခဲများကြောင့် ဈေးကွက် အတွင်းဝင်ရောက်မှုနည်းပါးနေပြီး ပြတ်လပ်မှုနဲ့ အလုံအလောက်ဝယ်ယူလို့ မရသည်များ ဖြစ်နေသည်ဟုလည်း ရောင်းချနေသူများထံမှ သိရသည်။

လက်လီဂက်စ်အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက “ဂက်စ်က မပေးတာ မဟုတ်လောက်ဘူး။ အဝင်က သီလဝါကို ၁၂ ရက်နေ့ကမှ သင်္ဘောလေး တစ်စီးပဲ ရောက်တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလောက်ငှဘူး” ဟု ပြောသည်။

လက်ရှိတွင် အိမ်သုံးဂက်စ်ဈေးနှုန်းသည် တရိပ်ရိပ် မြင့်တက်နေကာ ယခင်တစ်ပတ်က ဂက်စ် တစ်ပိဿာကို ကျပ် ၆၀၀၀ မှ ယခု ကျပ် ၉၀၀၀ ကနေ ၁၃၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ ထို့အပြင် ဂက်စ်အဝင်နည်းပါးမှုကြောင့် တင်သွင်းနေသည့် ကုမ္ပဏီများကပင် ခွဲတမ်းများဖြင့် ရောင်းပေးနေကြရသည်ဟု သိရသည်။ ထို့ကြောင့် လိုသလောက် မရရှိသည့်အတွက် ဆိုင်တချို့မှာ ဆက်လက်ရပ်တည်ဖို့ပါ အခက်တွေ့နေကြသည်ဟု ဂက်စ်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိမှာ အိမ်သုံးဂတ်စ်ဈေးနှုန်းဟာ ပြီးခဲ့သောတစ်ပတ်ထက် တရိပ်ရိပ်နဲ့မြင့်တက်နေကာ ယခင်ဂက်စ်တပိဿာကို ကျပ် ၆၀၀၀ ရှိပြီး ယခု ကျပ် ၉၀၀၀ မှ ကျပ်၁၃၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါသည်။ ထို့အပြင် ဂက်စ်အဝင်နည်းပါးမှုကြောင့် ဂက်စ်တင်သွင်းနေသည့် ကုမ္ပဏီများကပင် ခွဲတမ်းများဖြင့်ရောင်းပေးနေပြီး လိုသလောက်မရရှိသောကြောင့် ဆိုင်တချို့မှာ ဆက်လက်ရပ်တည်ရန်ပါ အခက်တွေ့နေကြောင်း လက်လီဂက်စ်အရောင်းဆိုင်ပိုင်ရှင်တဦးထံမှလည်း သိရသည်။

“48 kg ကို တစ်ပတ်နှစ်လုံးတောင် ရတာက မသေချာဘူး၊ တစ်ပိဿာ ၉၀၀၀ ရောင်းတော့ ဈေးကြီးလို့တဲ့ ဆိုင်ခန်းငှားခ၊ အလုပ်သမားခနဲ့ ဘယ်လို ရှေ့ဆက်ရမလဲတောင် မသိတော့ဘူး” ဟု ၎င်းက ပြောသည်။

ထမင်း ဟင်းချက်ရာတွင် သုံးသည့် အိမ်သုံးဂက်စ်များကို ထိုင်းနိုင်ငံနှင့် ယူအေအီးမှတစ်ဆင့် တင်သွင်းလျက်ရှိ သည်။ လတ်တလောတွင် ဂက်စ်ဈေးကွက်အတွင်း ဂက်စ်ရည် အလုံအလောက် မရသောကြောင့် ဆိုင် အတော်များများ ပိတ်ထားကြရသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ဂက်စ်မီးဖိုသုံး အမျိုးသားတစ်ဦးက “မြို့ထဲမှာ ဆိုင်တွေ အကုန်ပိတ်၊ ဆိုင်သေးတွေကတော့ ရောင်းဖို့ မရှိလို့ ပိတ်ထားတယ် ပြောတယ်။ ဂတ်စ်ရဖို့ တော်တော် ရှာလိုက်ရတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ချိန်များလာသောကြောင့် အိမ်သုံးဂက်စ်များကို အစားထိုးအသုံးပြုသူများလာကာ ဝယ်လိုအား များနေပြီး ကုန်သွယ်ရေး အခက်အခဲများကြောင့် ဂက်စ်ပြတ်လပ်မှုများ ရှိလာသည့်အခါ ဈေးနှုန်းများလည်း စံချိန်တင်မြင့်တက်နေခြင်း ဖြစ်သည်။