Home သတင်း စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးယူထားသည့် KNSO အဖွဲ့ ကြေညာ

စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးယူထားသည့် KNSO အဖွဲ့ ကြေညာ

244
Photo: Crd.

ဧပြီလ ၁၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်၊ လိုပ္ပါခိုခရိုင် မော်ချီးဒေသအခြေစိုက် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးယူခဲ့သော ကရင်နီ အမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့-KNSO (ကြယ်ဖြူပြည်သူ့စစ်အဖွဲ့)အနေဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်၊ ယနေ့တွင် သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO ဌာနချုပ်ရုံး အခြေပြုသည့် ခဲမဖြူကျေးရွာအတွင်းကို စစ်ကောင်စီ တပ်က လေယာဉ်ဖြင့်် ဗုံးကြဲခြင်းအပြင် မော်ချီးပြည်သူလူထုများ နေထိုင်ရာကျေးရွာများကိုလည်း ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်ခြင်းများကြောင့် သဘောတူညီမှုပြုထားသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု KNSO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာများအပေါ် စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကို ကရင်နီပြည်တွင်းရှိ ပြည်သူများသာမက မြန်မာတစ်နိုင်ငံ လုံးပြည် သူများစွာ အသက်ဆုံးရှုံးခဲ့ရခြင်းနှင့် လူငယ်လူရွယ်များကို ဖမ်းဆီးထိန်းသိမ်းထားများကို အဖွဲ့အစည်းအနေဖြင့် စစ်ကောင်စီ တပ်၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်းလည်း KNSO ၏ ကြေညာချက်တွင် ပြောဆိုထားသည်။

KNSO အနေဖြင့် လက်ရှိတွင် ကရင်နီတပ်မတော် KA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDF စသည့် တော်လှန်ရေးပူး ပေါင်းတပ်များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ကရင်နီပြည်တွင်းရှိ ပြည်သူများ နှင့်အတူပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနှင့် အာဏာဟူသမျှချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမို ကရေစီရရှိရေး အထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNSO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO သည် ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ကြယ်ဖြူပြည်သူ့ စစ်အဖွဲ့ဟူ၍ အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။