စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နေပြည်တော်နယ်မြေရှိ အင်အား(၂၀၀)ဝန်းကျင်ပါ စစ်အုပ်စုတပ်ဖွဲ့က ပျဉ်းမနားအရှေ့ခြမ်း ကရင်ဖြူဒေသမှတဆင့် ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ယခု စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်ဟု ဒေသအခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် စက်တင်ဘာလ (၂၃) ရက်...