Home သတင်း ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားနေ့အခမ်းအနားတွင် လူငယ်နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့

ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားနေ့အခမ်းအနားတွင် လူငယ်နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့

239
Photo-KIC

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ကရင်လူငယ်အစည်း အရုံး(KYO)ဦးဆောင်၍ ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်‌‌နေ့က ကျရောက်သည့် (၇၆)ကြိမ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားတွင် ကျေးရွာအုပ်စုအသီးသီးမှ လူငယ်များပါဝင်သည့် လူငယ်နှီး နှောဖလှယ်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြို့နယ်တွင်းရှိ လူငယ်များ‌‌တွေ့ဆုံရင်းနှီးမှုရရှိကာ ရှေ့ဆက်လုပ်‌ဆောင်သည့် လုပ်ငန်းများအ‌ ထောက်အကူများဖြစ်‌ရန် အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့ နယ် ကရင်လူငယ်အစည်းအရုံး (KYO) မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အုပ်စုအသီးသီးကလူငယ်တွေ တွေ့ဆုံရင်းနှီးမှုရပြီး ရှေ့ဆက်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်။ လက်နိုင်ငံရေးအခင်းအကျင်းကိုလည်း ပိုသိလာအောင်ဖြစ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

‌ယမန်နေ့ နှီးနှောဖလှယ်ပွဲတွင် လူငယ်များ အချင်းချင်းချိတ်ဆက်မှုအားကောင်းလာရန်၊ လူငယ်များ၏ အခက်အခဲနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ဟု KYO က ပြောသည်။

Photo-KIC

ယမန်နေ့ပြုလုပ်သည့် လူငယ်နှီး‌နှောဖလှယ်ပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်းရေးမှူး ပဒိုမန်းမြအေး၊ မြို့နယ်ဥက္ကဋ္ဌဟောင်း ပဒိုစောမောထူးနှင့် မြို့နယ်အဆင့်ခေါင်းဆောင်များ၊ ကျေးရွာလူကြီးများနှင့် ကျေးရွာအုပ်စု အသီးသီးမှ လူငယ်စုစုပေါင်း (၂၅၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူ လူငယ်တစ်ဦးက “လူငယ်တွေရင်းနှီးမှု၊ ညီညွတ်‌မှု တွေပိုရှိ လာအောင် မကြာခဏတွေ့ဆုံသင့်တယ်။ စွမ်းဆောင်ရည်ပိုတိုးတက်ဖို့ ခေါင်းဆောင်မှု သင်တန်း တွေ လုပ်ပေးရမယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ၊ အင်္ဂလိပ်စာသင်တန်းတွေ ကွန်‌ပျူတာ သင်တန်းတွေလည်း လုပ်ပေးစေချင်တယ်”ဟု ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ကျေးရွာအုပ်စု (၂၃)အုပ်စုရှိသည့်အနက် ယခုလို မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုအားလုံးတွေ့ဆုံမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမအကြိမ် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း လူငယ်ခေါင်းဆောင်များက ပြောသည်။