Home သတင်း KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်

KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်

728
Photo: Cobra Column

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းစစ်ကြောင်းများ သိမ်းပိုက်ထားသည့် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်ညနေ ၄ နာရီ ၂ဝ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက် ခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

“စစ်တပ်လေယာဉ်က ဘုရားကုန်းပေါ် ဗုံးသီး ၂ လုံး လာကြဲတယ်။ တစ်လုံးကျပေါက်တယ်။ နောက်တစ်လုံးကတော့ မပေါက်ဘူး။ စားဖိုဆောင်၊ ဆွမ်းချက်ဆောင်ပေါ့၊ အဲ့ဒါထိပြီး ပျက်စီးတယ်။ ၊ မီးလောင်တယ်။ စစ်ကြောင်းက လူတွေက အဲ့နေရာမှာ ရှိမနေကြတော့ လူထိခိုက်တာတော့ မရှိဘူး။ မြေပြင်မှာတော့ စစ်တပ် BGF က ရှိနေတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး ”ဟု လက်ခတ်တောင် စစ်စခန်းက သတင်းအရင်းအမြစ် က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်ပိုင်းက စစ်တပ်လက်နက်ကြီးကုန်း၊ BGF စစ်ကတုတ် များ တည်ဆောက်ပြီး သာသနိက အဆောက်အအုံများအား အကာအကွယ်ယူတည်ဆောက်ထားသည့် စစ်စခန်းအား KNLA မဟာမိတ်ပူးပေါင်း PDF စစ်ကြောင်းများ နှစ်လနီးပါးတိုက်ခိုက်သိမ်း ပိုက်ထား သည့်နေရာအား လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။