အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ ခရီးသွားစည်ကားရာနေရာများတွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာပြည်သား ကလေးငယ် (၇) ဦးကို ထိုင်းအာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့ပြီး သံသယရှိသူ(၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့၊ အောက်တိုဘာ(၁၃)ရက်နေ့က ထိုင်းသတင်းများအရ သိရသည်။
ထိုင်းအာဏာပိုင်များသည် မြန်မာကလေးများကို ဘန်ကောက်နှင့်အနီးဝန်းကျင်တွင် ပန်းအပြင်...