ဒီဇင်ဘာလ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေအတွင်း ယခုလ ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက် နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက် ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော် သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါနယ်မြေအတွင်း KNLA တပ်မဟာ(၅)လက်အောက်ရှိ တပ်ရင်းအသီးသီးနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း (၆၂) ကြိမ်ဖြစ် ပွားခဲ့သည့်အနက် စစ်ကောင်စီ တပ်ဘက်မှ ၈ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင်(၃၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ဖက်ဆိုင်ရာ အဆောက်အဦး ၁၄ လုံးကိုလည်း KNLA တပ်ဘက်မှ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့နောက် နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည် သူများနေထိုင်ရာ လူသောမြို့နယ် အထက်ပိုင်းဒေသအတွင်းသို့ လေကြောင်းဖြင့် အကြီးစား ဗုံးသီးဆံများဖြင့် တိုက်ခိုက်မှု ၉ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့သည့်အပြင် မြေပြင်မှလည်း အမြောက်ဖြင့် ၁၁ လုံးတိတိကို ပစ်ခတ်ခဲ့သည်ဟု KNU ကဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိသော်လည်း KNLA ဘက်မှ တစ်စုံတစ်ရာ ထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ များ၏ အိမ်ယာအဆောက်အဦး ၄ လုံး၊ဘုရားကျောင်းတစ်ကျောင်း၊ ဝတ်ပြုဆုတောင်းခြင်း အဆောင်တစ် ဆောင်၊ စပါးကျီတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူမူ တြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာအခြေချသည့် မိုလိုကျိုး(ဖဲထာ) စခန်းသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လက်နက်ခဲယမ်းများ နှင့် စားနပ်ရိက္ခာများကို ရဟတ်ယာဉ်ဖြင့် လာရောက် ပို့ ဆောင်ခဲ့ရာ ၄င်းတို့၏ တပ်စခန်းအတွင်းသို့ အချို့သာကျရောက်ခဲ့ပြီး ကျန်အချို့အထုပ်များမှာ စခန်းအပြင်ရှိ တောအုပ်ကြီးထဲသို့ ကျရောက်သွားကြောင်း KNLA သတင်းအရင်းအမြစ်များကဆိုသည်။
ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများတွင်မူ လမ်းပန်း ဆက်သွယ်ရေး လမ်းကြောင်းများပြတ် တောက်မှု များကြောင့် တပ်မိသားစုဝင်များ ရိက္ခာပြတ်တောက်နေပြီး ကျေးရွာအတွင်းရှိနေအိမ်များထဲမှ စားနပ် ရိက္ခာများ ကို အတင်းအဓမ္မဝင်ရောက်ယူဆောင်မှုများပြုလုပ်နေသည်ဟု ဖာပွန်မြို့ခံက ယခင်လများက ထား သေးသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်များနှင့် KNLA တပ်များအကြား မကြာခဏ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသအတွင်း ကျေးရွာနေပြည်သူများအနေဖြင့် ယနေ့အချိန်ထိ စစ်ဘေးလွတ် ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရဆဲလည်းရှိနေသေးသည်ဟု ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရ သည်။