Home သတင်း ကော့ကရိတ်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

ကော့ကရိတ်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

295
Photo: CJ

ဒီဇင်ဘာလ ၂၈ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး ဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရာတွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ထိတွေ့မှုတိုက်ပွဲများ ယနေ့ ဒီဇင်ဘာလ၂၈ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖော်ဆောင်နေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ အထိ ဆက်လက်ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း နယ်မြေခံစစ်ရေးသတင်းအရေးအမြစ်က ပြောသည်။
“လက်ရှိ ကော့ကရိတ်မြို့က တော်လှန်ရေးတပ်ဖွဲ့တွေ ပတ်ပတ်လည်ဝိုင်းထားနေတယ်။

မြို့ပတ်ပတ်လည်နှင့်မြို့တွင်း နေရာတော်တော်များများမှာ တော်လှန်ရေးတပ်ဖွဲ့ နေရာချထားတယ် ။ မြို့ထဲမှာ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေ(၉၇)စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့က ဆက်လက်ရှင်းလင်းနေတယ်။ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲပဲ”ဟု တော်လှန်တော်သတင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ယခု ကော့ကရိတ်မြို့တွင်း တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားမှုတွင် ကော့ကရိတ်မြို့ခံပြည်သူ များ ထိခိုက်သေဆုံးသူများပြားလျက်ရှိသလို လူနေအိမ်အများအပြားလည်း မီးလောင်ပျက်စီးနေကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ခံတစ်ဦးက”ဒီတစ်ကြိမ်ဖြစ်တဲ့မြို့တွင်း တိုက်ပွဲက အရင်က ဖြစ်တဲ့တိုက်ပွဲတွေထက် အများကြီးပိုဆိုးရွားတယ်။ ပြည်သူတွေလည်းအများအပြားပဲထိခိုက်သေဆုံးတယ်။ လက်နက်ကြီးထိလို့ သေတဲ့သူတစ်ချို့ဆို သုသာန်မှာ ပို့မရဲတော့လို့ ကိုယ့်ခြံထဲမှာပဲ မြှုပ်ရတယ်။ နေအိမ်တွေဆိုလည်း ထိခိုက်ပျက်စီးတာ မီးလောင်တာ အများကြီးရှိနေပြီး”ဟု ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် အကြိမ်ရေများစွာလေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် ရပ်ကွက်ပေါ် လူနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားသည့်အပြင် နေအိမ်အများစုလည်း ဖောက်ထွင်းခံ၍ အိမ်တွင်းပစ္စည်းများခိုးယူခံနေရကြောင်း ဒေသခံများက ပြောသည်။