အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်ခရိုင်ထိန်းချုပ်နယ်မြေ၊ ဖာပွန်မြို့ပေါ်သို့ ယမန်နေ့ အောက်တိုဘာ(၁၆)ရက် ညပိုင်းအချိန်တွင် စစ်အုပ်စု လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ဒေသခံအမျိုးသား(၁)ဦး သေဆုံးသွားကြောင်း တပ်မဟာ(၅) ကေအဲန်ယူထံမှ သိရသည်။
ယမန်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်တွင် ဖာပွန်မြို့ပေါ် ရပ်ကွက်အမှတ် (၃) သို့...