စက်တင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)အနီးတွင် စစ်အုပ်စုက လူသားချင်းစာနာမှုအကူအညီပေးသူ (၃)ဦးအပါအဝင် အရပ်သား(၅)ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သော ခိုင်လုံသည့်သက်သေအထောက်အထားသစ်များကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့- Fortify Rights က ဩဂုတ်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။
ဇူလိုင်လအတွင်း ရေဖြူမြို့နယ်သို့ဝင်ရောက်လာသောစစ်အုပ်စုစစ်ကြောင်းသည် ခရီးသည်တင်ယာဥ်တစ်စီးကိုတားဆီး၍ ယာဥ်ပေါ်ပါ The...