Home သတင်း ကော့ကရိတ်မြို့တွင်းနှင့် မြို့အနီး နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေ

ကော့ကရိတ်မြို့တွင်းနှင့် မြို့အနီး နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေ

993
Exif_JPEG_420

ဇူလိုင်လ ၁၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနှင့် မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများတွင် ယနေ့ ဇူလိုင်လ ၁၉ရက်နေ့ နံနက်အစောပိုင်းကစ၍ နေရာအနှံ့ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံ များက ပြောသည်။

ယနေ့ နံနက် ၆ နာရီကစလို့ ကော့ကရိတ်မြို့နယ် ကော့နွဲ ဒေသဘက်နှင့် မြို့အနီး တံတားဦးနေရာများတွင် ပစ်ခတ်မှုတစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကာင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည် ပစ်ခတ်နေကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက”မနက်၆နာရီလောက်မှာ ကော့နွဲမှာ လှမ်းပစ်တဲ့ပုံစံနဲ့တစ်ခါဖြစ်တယ်။ ၉နာရီကျော်မှာတော့ အသေးကော အကြီးကောတိုက်ပွဲကပြင်းထန်နေတယ်။ တစ်နာရီကျော်ကြာမယ်။ တံတားဦးဘက်မှာလဲ ပစ်သံကြားနေရ တယ်။ အခု‌တော့ တိုက်ပွဲတော့အသံငြိမ်နေပြီး မြို့ဘက်ကနေ လက်နက် ကြီးပစ်တာတော့ဆက်တိုက်ပဲ။ တံတားဦးဘက်မှာတော့ ပြည်သူတွေထိတာရှိတယ်လို့ကြားတယ်။အတိအကျတော့မသိရဘူ”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့သည့် မြန်မာနိုင်ငံ၏ ၇၆ နှစ်မြောက် အာဇာနည်နေ့လည်းဖြစ်သလို ယနေ့ နံနက်ဖြစ်ပွားသည့် တိုက်ပွဲတွင် နယ်မြေခံ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား နှစ်ဖက်ထိခိုက် ကျဆုံးမှု နှင့် ပတ်သက် ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးသလို ဒေသခံ ထိခိုက်မှုနှင့်ပတ်သက်ပြီး ကေအိုင်စီ အနေဖြင့် သီးခြား အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

အလားတူ ယခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့တွင် မိုးများဆက်တိုက်ရွာသွန်းနေပြီး ယခုလို တိုက်ပွဲများလည်း ဖြစ်ပွားနေသောကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် ဒုက္ခရောက်ကြရကြောင်းလည်း ကော့ကရိတ် မြို့ခံ ပြည် သူများ ကပြောသည်။

မြို့ခံ တစ်ဦးက “ခုတလောမိုးဆက်တိုက်ရွာတော့ ရေလည်းတက်လာပြီး။ အိမ်မှာလည်းနေ မကာင်းတဲ့သူများ တယ်။တိုက်ပွဲကဖြစ်တော့ ဘယ်လို‌ထွက်ပြေးတိမ်းရှောင်ရမလဲမသိဘူ။ ဒုက္ခတော်တော်ရောက်တယ်”ဟု မြို့ခံ ပြည်သူတစ်ဦး ကပြောသည်။

ကော့ကရိတ်မြို့နေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပွားသဖြင့် စစ်ကောင်စီတပ် လှိုင်ဝအမြောက်ကုန်းနှင့် ခြေလျင် တပ်ရင်း (ခလရ-၉၇) တို့မှ မြို့ပတ်ပတ်လည်တွင် အဆက်မပြတ်လက်နက်ကြီးများပစ်ခတ်နေကြောင်း မြို့ခံ ပြည်သူများထံမှသိရသည်။

ထို့အပြင် ကော့ကရိတ်မြို့အဝင်အထွက်လမ်းများနှင့်မြို့အနီးကျေးရွာများ၊အာရှလမ်းမဘေးတလျှောက်တွင် လည်း စစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် (BGF)များ တပ်စွဲထားပြီး သွားလာသူ ပြည်သူများအား စစ်ဆေး မေးမြန်းမှုများတင်းကြပ်စွာပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းများကလည်း မြဝတီမြို့အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၏ ကော်ဘရာ စစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် မြဝတီမြို့အနီး စစ် ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ပြင်းထန်ခဲ့သေးပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦး သေဆုံးသွားခဲ့သေးသည်။