Home သတင်း ဆန်စျေးမြင့်တက်လာခြင်းကြောင့် ဒေသတွင်းပြည်သူများ စားဝတ်နေရေး အခက်အခဲရှိလာနေ

ဆန်စျေးမြင့်တက်လာခြင်းကြောင့် ဒေသတွင်းပြည်သူများ စားဝတ်နေရေး အခက်အခဲရှိလာနေ

728

မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် လတ်တလော ဆန်စျေးအဆမတန် မြင့်တက်နေ သည့်အတွက် ပုံမှန်ဝင်ငွေလည်ပတ်မှုမရှိသည့် ဒေသတွင်းပြည်သူများ စားဝတ်နေ ရေးအတွက် အခက်အခဲရှိလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ရိုးရိုးဆန်တစ်တင်းလျှင် တစ်သောင်းငါးထောင် (၁၅,၀၀၀) သာရှိရာမှ ယခုအချိန်တွင် တစ်တင်းလျှင် သုံးသောင်း (၃၀,၀၀၀) ကျော်အထိ ရှိလာ နေပြီး အလုပ်အကိုင်နည်းပါးလာသည့် ဒေသတွင်း ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးဖြစ်သူ နော်မအေးက “ကျမတို့မှာ လယ်တွေမလုပ်တော့ ဝယ်စား ရတယ်။ ခုစပါးစျေးတက်တော့ ကျမတို့မှာဝင်ငွေမရှိဘူး။ အလုပ်လုပ် လိုရတဲ့ပိုက် ဆံကလည်း တစ်နေကုန်လုပ်မှ ခြောက်ထောင် (၆၀၀၀) ခုနစ်ထောင် (၇၀၀၀)ပဲရ တယ်။ ဒါတောင်အလုပ်ရှိမှ ရတာ ဆန်ဝယ်စားဖို့က အဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်၊

ယခုကဲ့သို့ဆန်စျေးမကျဘဲ စျေးနှုန်းဆက်တက်နေပါက မဝယ်ယူနိုင်သည့် ဒေသ တွင်းပြည်သူများ အိမ်တွင်ဆန်ရိက္ခာပြတ်လပ်မည့် အခြေအနေထိဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ပြောသည်။

“အာဏာသိမ်းပြီးနောက် အရင်လို ရောင်းအားမကောင်းတော့ဘူး၊ အရင်ကဆန်ကို တစ်ခေါက်သွားဝယ်မယ်ဆိုရင် အများဆုံးနှစ်လကျော်ကျော်ဆို အကုန်ရောင်း ထွက်ပြီး ပေးရတဲ့ ကားခကလည်း အဆင်ပြေတယ်။ အခုဆိုရင်ငါးလကျော် လောက်ရှိပြီး ဆန်အကုန်ရောင်း မထွက်သေးဘူး။ ခုဒီဆန်ရောင်းကုန်ရင်လည်း ပြန်ဝယ်ပြီး တင်ရောင်းဖို့က အဆင်မပြေတော့ဘူး၊ စျေးတအားတက်တယ် ဝယ်စားမယ့်သူလည်း သိပ်မရှိဘူး။”ဟု ဆန်တင်ရောင်းသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။

ယခုနှစ် စပါးစိုက်ပျိုးမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၇၅ ရာခိုင်နှုန်းခန့်ရှိကြသော်လည်း အခါလွန်မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးဆုံးရှုံးခြင်း၊ စပါးပွဲစားများ စျေးကစား နေခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဆန်စျေးများ အဆမတန်မြင့် တက်နေရခြင်းဖြစ်သည်ဟု ဒေသတွင်း ပြည်သူများက ပြောဆိုကြသည်။

ထို့အတူ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ အပါအဝင် အခြားမြို့နယ်များတွင်လည်း ရိုးရိုးဆန် တစ်တင်းဝက်ဆန်တအိတ်ကို နှစ်သောင်းရှစ်ထောင်(၂၈၀၀၀)မှ သုံးသောင်း(၃၀,၀၀၀)ကျော်ထိ ဆန်စျေးမြင့်တက်နေသည်ဟု သိရသည်။