Home ဆောင်းပါး (စကစ) စစ်အုပ်စုကို တညီတညွတ်တည်းဆန့်ကျင်နိုင်ရင် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ရပ်

(စကစ) စစ်အုပ်စုကို တညီတညွတ်တည်းဆန့်ကျင်နိုင်ရင် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ရပ်

1192

(စကစ) စစ်အုပ်စုကို တညီတညွတ်တည်းဆန့်ကျင်နိုင်ရင် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ရပ်

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်)

အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းဟာ “အထွေထွေ ရွေးကောက်ပွဲ” ကျင်းပပေးဖို့ ဖြစ်ပါတယ်။ ဒီက နေ့အချိန်အထိ မြင်တွေ့ကြားသိနေရတဲ့ အချက်အလက်တွေအရ ဒီကိစ္စဟာ အကြမ်းဖက် (စကစ)စစ်အုပ်စုအတွက် မြိုချလို့လည်းမရ – ထွေးထုတ်ပစ်ဖို့လည်း မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။

ပထမဆုံးအချက်က ဒီရွေးကောက်ပွဲကို ပြည်သူတွေက ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ မောင်းတင်ထားကြတယ်။ ဒုတိယအချက်က ဒီရွေးကောက်ပွဲ ဖြစ် မြောက်စေနိုင်တဲ့ ရေခံမြေခံကို အကြမ်းဖက်(စကစ) စစ်အုပ်စုက ဒီနေ့အထိ အထင်အရှား ဖန်တီးထားနိုင်ခြင်း မရှိသေးတဲ့အချက်ဖြစ်ပါတယ်။ ဆိုလိုတာက “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ” ဖြစ်ဖို့ဆိုတာဟာ တစ်တိုင်းတစ်ပြည်လုံးဟာ တည်ငြိမ်အေးချမ်းရမယ်။ လွတ်လပ်မှုရှိရမယ်။ ဒီမိုကရေစီရှိရမယ်။

အထင်ကရ ပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပါတီဝင်တွေဟာ (စကစ)စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို နေရာတိုင်း မှာ ပုံစံမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက (၈-၁၁-၂၀၂၂)ရက်စွဲနဲ့ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် အမှတ် (၁၂/၂၀၂၂)ထဲမှာ (၃၁-၁၀-၂၀၂၂)ရက်နေ့အထိ ဖမ်းဆီးခံထားရတဲ့ ပါတီဝင် ၁၁၆၉ဦး၊ ဖမ်းဆီးထားစဉ် သေဆုံးသူ ၆၇ဦး၊ ပါတီရုံးများ ကျူးကျော်ဝင်ရောက် မှု အကြိမ် ၁၂၀၊ ပါတီဝင် ၂၇၄ဦးရဲ့ ပိုင်ဆိုင်မှုနဲ့ နေအိမ်တွေ သိမ်းပိုက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ထို့အပြင် (စကစ) စစ်အုပ်စုက ကျင်းပပြုလုပ်ဖို့ ကြံရွယ်လုပ်ဆောင်နေတဲ့ “အတုအယောင် ရွေးကောက်ပွဲကိုလည်း လုံးဝ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း” ဖော်ပြထားပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာမှာ ပြည်သူတွေက လေးစားယုံကြည်အားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပါတီခေါင်းဆောင်တွေ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေ အပြည့်အဝရှိရမယ် မဟုတ်ပါလား။

အခြားသော လူရိုသေ ရှင်ရိုသေ ပါတီအဖွဲ့အစည်းတချို့ကလည်း သူတို့အနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်/ မယှဉ်ပြိုင်ဘူးဆိုတာကို လွတ် လပ်ပွင့်လင်းစွာ ကြိုတင်ထုတ်ဖော်ပြောဆိုဝံ့တဲ့ အနေအထား မရှိတာကိုလည်း တွေ့နေရပါတယ်။ တဖက်မှာ (စကစ)စစ်အုပ်စုရဲ့ မတရားမှု၊ အကြမ်းဖက်မှုလုပ် ရပ်တွေကို မျက်ဝါးဝါးထင်ထင်မြင်နေရတယ်။ ကြားနေရတယ်။ သိနေရတယ်။ အခြားတစ်ဖက်မှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထဲက “မဲဆန္ဒန ယ် ၃နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်” ဆိုတဲ့ ပုဒ်မကလည်း ရှိနေတယ်။ ဒီ ၂ခုအကြားမှာ သူတို့လည်း ဗျာများနေကြပုံပေါ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်လည်း (၁-၂-၂၀၂၁)ရက်နေ့ကစပြီး ဒီနေ့အထိ (စကစ)စစ်အုပ်စုက တိုင်းပြည်နဲ့အဝန်းမှာ မရပ်မနားကျူးလွန်နေတဲ့ မတရားမှုတွေ၊ အကြမ်းဖက်မှုတွေ မသိကျိုးကျွံပြုရာရောက်နေတယ်။ တိုင်းပြည်နဲ့အဝန်း လူမျိုးပေါင်းစုံ ပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက် ဖိနှိပ်မှု တွေကို ကျောခိုင်းရာရောက်နေတယ်။ ရွေးကောက်ပွဲမှာ မပါဝင်၊ မယှဉ်ပြိုင်ဘူးဆိုရင်လည်း ဥပဒေအရ ပါတီကို ဖျက်သိမ်းတာခံရမယ်။ “ပြည်သူသာအမိ ပြည်သူ သာအဖ” လို့ ပြည်သူ့ဘက်ကသာ အစဉ်ရပ်တည်ကြမယ့် ပါတီတွေအဖို့တော့ ပြည်သူ့မျက်နှာ၊ ပြည်သူ့အကျိုးစီးပွားကို တည့်မတ်တည်ကြည်စွာ မျက်နှာမူကြရ မယ်။ ပြတ်ပြတ်သားသား ရပ်တည်ကြရမှာပဲ မဟုတ်ပါလား။

စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်ပါတီတွေ၊ စပွန်ဆာပါတီတွေကတော့ စစ်အုပ်စုအကျိုးစီးပွားဘက်က ရပ်တည်ကြမှာပါ။ “ရွေးကောက်ပွဲရလဒ်ကို၊ အခြေခံ ဥပဒေကို” သူ့လက်ခုပ်ထဲက ရေလို အချိန်မရွေး သွန်လိုသွန်၊ မှောက်လိုမှောက် ထင်တိုင်းကြဲနေတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ မတရားမှု၊ အကြမ်းဖက် နိုင့်လိုမင်း ထက် လုပ်မှုတွေကို ဆက်ပြီးငုံ့ခံနေလို့ မဖြစ်ပါဘူး။ တစ်ကြိမ်တစ်ခါကိစ္စလည်း မဟုတ်ပါဘူး။ ဒါကြောင့် စစ်အုပ်စုကို ဒီတစ်ကြိမ်ဒီတစ်ခါ ထပ်ပြီး အညံ့ခံ အလျှော့ ပေးလိုက်မယ်ဆိုရင် မျိုးဆက်နဲ့ချီပြီး အညံ့ခံအရှုံးပေးမှုကို ကျူးလွန်ရာရောက်ပါလိမ့်မယ်။ ဒါကြောင့် မိမိလူမျိုး၊ မိမိပြည်သူတွေ၊ စစ်အုပ်စုရဲ့ မတရားမှုနဲ့ အကြမ်း ဖက်မှုကို ဆန့်ကျင်တော်လှန်ရင်း အသက်စွန့်သွားကြတဲ့ မျိုးဆက်သစ်လူငယ်တွေကို စာနာထောက်ထား ငဲ့ညှာသောအားဖြင့် နိုင်ငံရေးသိက္ခာရှိသော နိုင်ငံရေး ပါတီအဖွဲ့အစည်းများအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူရဲ့အကျိုးကို ရှေးရှုတဲ့ ဂုဏ်သိက္ခာရှိသောလမ်းကို ရွေးချယ်ကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။

အထူးသဖြင့် မိမိနိုင်ငံရေးဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူမျိုးစုနိုင်ငံရေးပါတီ အဖွဲ့အစည်းများကို ဦးတည်ပန်ကြားလိုပါတယ်။ ကချင်၊ ကယား(ကရင်နီ) ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ(EAOs) အနေနဲ့ (စကစ) စစ်အုပ်စုက ကြံစည်လုပ်ဆောင် နေတဲ့ အထွေထွေရွေးကောက်ပွဲကို တစ်ပြည်လုံးဆိုင်ရာ နိုင်ငံရေးတိုက်ကွက်ကြီးတစ်ခုအဖြစ် သဘောထားပြီး တစည်းတလုံးထဲ ပြတ်သားစွာ ဆန့်ကျင်သွားကြဖို့ ဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်တိုက်ခိုက်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူး ၆ရပ်ကို မလွဲမသွေ ရရှိနိုင်ပါလိမ့်မယ်။

– – “ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒနဲ့ အခြေခံဥပဒေ” ကို လိုရင်လိုသလို၊ မလိုရင်မလိုသလို ပစ်ပယ်ချိုးဖောက်မြဲဖြစ်တဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဗိုလ်ကျအ နိုင်ကျင့်မှုကို ပြတ်သားစွာ ဆန့်ကျင်နိုင်ခြင်း။

– – တိုင်းပြည်နဲ့အဝန်းမှာ နေ့စဉ်ရက်ဆက် ခါးပိုက်ဆောင်တပ်က အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဝေဟင်မှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့လုယက် ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆန့်ကျင်နိုင်ခြင်း။

– – အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ လူမျိုးပေါင်းစုံပြည်သူများအပေါ် စာနာထောက်ထားမှု အထင်အရှား ပြသနိုင် ခြင်း။

– – ပါတီအကျိုးနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများအကျိုး ယှဉ်တွဲလာတဲ့အခါ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ အကျိုးစီးပွားဘက်က ပြတ်သားတည်ကြည်စွာ ရပ်တည်နိုင်ခြင်း။

– – လူမျိုးရေး၊ ဘာသာရေး၊ တစ်ဦးတစ်ဖွဲ့အကျိုးစီးပွား မက်လုံးပေးခြင်း စတဲ့ စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ရန်တိုက် လှည့်စားသွေးခွဲမှုတွေကို တစည်းတလုံးထဲ ဆန့်ကျင်ဟန့်တားနိုင်ခြင်း။

– – မိမိတို့အင်အားစုများအတွင်း ပြည်ထောင်စုစစ်စစ်ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မယ့် အခြေခံကောင်းများ၊ အချက်အလက်ကောင်း ဖြစ်ထွန်းရရှိလာနိုင် ခြင်း။