Home ဆောင်းပါး ကုလသမဂ္ဂသည် စစ်အစိုးရနှင့် ဆက်ဆံသင့်ပါသလား။

ကုလသမဂ္ဂသည် စစ်အစိုးရနှင့် ဆက်ဆံသင့်ပါသလား။

406

ကုလသမဂ္ဂသည် စစ်အစိုးရနှင့် ဆက်ဆံသင့်ပါသလား။

ပေါလ်ဂရင်းနင်း(Paul Greening)

စက်တင်ဘာ ၂၄၊ ၂၀၂၂

နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) နှင့် နားလည်မှုစာချွန်လွှာ (MoU)များ လက်မှတ်ရေးထိုးခြင်း၊ အဆိုပါစာချုပ် စာတမ်းအထောက်အထား(LoA)များကို ပီတိဖြစ်ဓာတ်ပုံများကို မြင်တွေ့ရသည့် မြန်မာပြည်သူများက ကုလသမဂ္ဂ (UN)အဖွဲ့ကြီးအား အပြင်းအထန် ဝေဖန်မှုများနေကြသည်။ IOM သည် ယခုအပတ်တွင် စတုတ္ထမြောက် MoU လက်မှတ်ထိုးသည့်အဖွဲ့ဖြစ်ပြီး နောက်ထပ်အဖွဲ့များလည်း MOU ထိုးနိုင်ရန်စောင့်ဆိုင်းနေကြသည်။ ကုလသမဂ္ဂသည် အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့ဆက်ဆံနိုင်ရန် တန်းစီနေပုံရသည်။ ပိတိပြုံးများဖြင့် ကုလသမဂ္ဂ အကြီးအကဲများက ၎င်းတို့၏ အသိအမှတ်ပြု ခန့်အပ်လွှာများ ပေးအပ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများသည် စစ်အာဏာရှင်တို့ အာသာ ငမ်းငမ်း လိုအပ်နေသော တရားဝင်မှုကို ပေးအပ်ခြင်းဖြစ်သည်။ ပြည်သူများ၏ ကောင်းကျိုးအတွက် ထိုသို့လုပ်ဆောင် ရန် လိုအပ်သည်ဟု ကုလသမဂ္ဂက အခိုင်အမာဆိုသော်လည်း ပြည်သူလူထုက ကန့်ကွက်ကြသည်။

ဤသည်မှာ ပရဟိတကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ်သော မကောင်းဆိုးဝါးတစ်ခုပင်တည်း။ ဓာတ်ပုံပွဲလေးသည် မြန်မာပြည်၌ရှိနေပြီး ပြည်သူများကို ထောက်ပံ့မှုနှင့် နှိုင်းယှဉ်ထိုက်ပါသလား။ အကြောင်းမလှစွာ ထိုထက်အဓိပ္ပာယ် များစွာ ပိုသည်။ ၎င်းမှာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံ့ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုကြောင်း ပြောဆိုနေခြင်း ပင်ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှု မည်မျှပေးနိုင်သည်ကို မှန်ကန်သော အကဲဖြတ်မှုရှိရန် လိုအပ်သည်။

UNICEF မှ နိုင်ငံတကာဝန်ထမ်းတဦးက “ကျနော်တို့ နည်းနည်းပါးပါးပဲ လုပ်နိုင်သေးပါတယ်”ဟု ပြောသည်။ သို့သော် ၎င်းတို့သည် မြင့်မားသောလစာနှင့် စျေးကြီးသော ရုံးခန်းများအတွက် ပေးဆောင်နေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် မရှိလျှင် ထိုကဲ့သို့ ငွေကြေးသုံးစွဲရန် မလိုအပ်ပါ။ အခြား UN အေဂျင်စီများသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ-CSO နှင့် လူထုအခြေပြုအဖွဲ့အစည်းများ Community Based Organizations (CBOs) တို့မှတဆင့် လုပ်ဆောင်နေပြီဖြစ် သည်။

ကုလသမဂ္ဂသည် ၎င်းတို့ ဘာကြောင့် စစ်တပ်နှင့်ထိတွေ့ဆက်ဆံကာ မြန်မာနိုင်ငံတွင် ရှိနေရခြင်းအတွက် အခြားအ ကြောင်းပြချက်များစွာ ရှိပါသည်။ ကုလသမဂ္ဂ အခိုင်အမာပြောသည့် အကြောင်းပြချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် မိသားစုဝင်များရှိသည့် ဝန်ထမ်းပေါင်း ၂၀၀၀ကျော်ရှိပြီး ၎င်းတို့အလုပ်လက်မဲ့ဖြစ်ပါက ဒေသစီးပွားရေးကို ထိခိုက်နိုင် သည်ဟု ဆိုသည်။ တစ်နည်းဆိုရသော် ၎င်းတို့၏ အလုပ်အကိုင်အတွက် စိတ်ပူကြသည်။ နိုင်ငံတကာနှင့် ပြည်တွင်း ကုလသမဂ္ဂဝန်ထမ်းများသည် လစာကောင်းပြီး ၎င်းတို့၏ စုဆောင်းငွေဖြင့် အချိန်အတော်အတန် ရှင်သန်နေထိုင်နိုင် သည်။ စီးပွားရေးအရ ကုလဝန်ထမ်း(အလုပ်)သည် ဝင်ငွေကောင်းသဖြင့် ၎င်းတို့ထိခိုက်နစ်နာမှု နည်းပါးမည်ဖြစ်သည်။

အခြားငြင်းခုန်စရာတစ်ခုမှာ “ကျနော်တို့တွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုသာ ပေးအပ်နေပေမယ့် နိုင်ငံရေးနဲ့ မပတ်သက်ဘူး။”ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့ ရယ်စရာကောင်းသော ငြင်းခုန်မှုမှာ ပြန် လည်ငြင်းခုန်ရန်ပင် မထိုက်တန်ပေ။ လူသားချင်းစာနာထောက်ထားမှု အကူအညီသည် အမြဲတမ်း နိုင်ငံရေးဖြစ်သည်။

‘ကုလသမဂ္ဂရှိနေခြင်းက ဖြစ်ပျက်နေသောကိစ္စကို သက်သေခံနိုင်သည်။’ မြန်မာနိုင်ငံတွင်ဖြစ်စေ၊ အခြားနိုင်ငံများတွင် ဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ အဲကွန်းတပ်ဆင်ထားသည့် ရုံးခန်းများတွင် ထိုင်နေခြင်းသက်သက်သည် သက်သေ ဖြစ်ရန် အထောက်အကူမပြုပေ။ ၎င်းတို့ရရှိသော သတင်းအချက်အလက် အများစုသည် ပြည်တွင်းအဖွဲ့အစည်းများထံ မှ ရရှိခြင်းဖြစ်ပါသည်။ ထိုသို့ရရှိသည့်တိုင် နိုင်ငံတကာက ကုလသမဂ္ဂဝန်ထမ်းများသည် မကြာခဏဆိုသလို တကယ့် အဖြစ်အပျက်ကို လျစ်လျူရှူတတ်ကြသည်။ နိုင်ငံအတွင်း ၎င်းတို့ရှိနေခြင်းသည် ဖြစ်စဉ်များအတွက် သက်သေခံများဟု ဆိုလို၍မရပေ။

ကုလသမဂ္ဂရှိ၍ ပြည်သူများ လူသားချင်းစာနာသည့် အကူအညီရရှိနိုင်မည်မဟုတ်ဘဲ ဆင်းရဲဒုက္ခများသာ တိုးလာမည် ဖြစ်သည်။ ယင်းသည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရာတွင် အသုံးပြုသည့် အဓိကငြင်းဆိုချက်ဖြစ်သည်။ ဆင်းရဲဒုက္ခ များသည် ဆထက်တိုးပွားနေပြီးဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုတည်ရှိနေသမျှ ကာလပတ်လုံး ဆက်လက် ဒုက္ခများ နေအုံးမည်ဖြစ်သည်။ ကုလသမဂ္ဂသည် မည်သည့်အတိုင်းအတာအထိ လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ဖြန့်ဝေပေးနိုင်မည်ကို သံသယဖြစ်ဖွယ်ရှိပြီး စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကို ၎င်းတို့၏ လက်နက်ကူညီမှုသဖွယ် အသုံးပြုသွားမည်ဖြစ်ကြောင်း ထင်ရှားနေသည်။

ကူညီရေးပစ္စည်းများကို စစ်တပ်က ဖြန့်ဖြူးခွင့်မပြုသောကြောင့် ရခိုင်တွင် ဂျပန်မှထောက်ပံ့ထားသောဆန်များ ပျက်စီး သွားသည်ကို မြင်တွေ့နိုင်သည်။ ထိုသို့ရပ်ဆိုင်းထားခြင်းသည် ကုလသမဂ္ဂ၏ အခြေခံမူဖြစ်သော ကြားနေရေးဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ ကူညီပံ့ပိုးမှုများမှာလည်း ပါတီတစ်ခု၏ နိုင်ငံရေးနှင့် စစ်ရေး အကျိုးစီးပွားအ ပေါ် အခြေမခံဘဲ လိုအပ်မှုကို အခြေခံ၍ ဝန်ဆောင်ပေးရမည်ဖြစ်သည်။ လူ့အခွင့်အရေးကို ရှေ့တန်းတင်လုပ်ကိုင်သည့် ကုလသမဂ္ဂအေဂျင်စီများမှာ ရှားပါးလာနေပြီးလော။ ကုလသမဂ္ဂ လုပ်ငန်းအများစုသည် ဆောက်လုပ်ရေးကုမ္ပဏီမှ ကန်ထရိုက်တာများ သို့မဟုတ် အရပ်ဖက်အဖွဲ့များနှင့် စာချုပ်ချုပ်ကာ အလုပ်လုပ်နေကြသည်။

ထိုသို့လုပ်ပါက နိုင်ငံပြင်ပမှသာဖြစ်နိုင်မည်ဖြစ်သည်။ ရံဖန်ရံခါတွင် ကုလသမဂ္ဂအေဂျင်စီများတွင် စီမံကိန်းတစ်ခုရရှိပါ က ၃၀% နှင့် အထက်ကို စီမံခန့်ခွဲမှုအတွက် ရယူပြီးနောက် INGO ကိုတဆင့်ခံပြန်ပေးကြသည်။ INGO များကလည်း ၂၀% ကို စီမံခန့်ခွဲမှုအတွက်ယူပြီးနောက် CSO များကို စာချုပ်ချုပ်ကာ အလုပ်လုပ်ကြသည်။ ၂၀၁၆ခုနှစ်တွင် Grand Bargain သည် ဤစနစ်ကိုဝေဖန်ခဲ့ပြီး CSO များထံ တိုက်ရိုက်သွားမည့် ရန်ပုံငွေများ ပိုမိုရရှိရန် ထောက်ခံခဲ့သည်။ ဤ သည်မှာလည်း အကန့်အသတ်ဖြင့်သာ အောင်မြင်ခဲ့သည်။ အလျှော့အတင်းမရှိသော အလှူရှင်များနှင့် လိုက်လျောညီ ထွေဖြစ်စေရန်အတွက် အလှူရှင်နှင့် CSO အကြား အကြံဉာဏ်ပေးနိုင်ပြီး CSOs နှင့် အလှူရှင်အကြား ဆက်သွယ်ပေး သည့် INGO တစ်ခုက ထောက်ပံ့ငွေစီမံခန့်ခွဲရေးအတွက် တာဝန်ခံပေးနိုင်သည်။ ထိုလုပ်ငန်းအတွတ် အမာခံဝန်ထမ်း အနည်းငယ်သာ လိုအပ်မည်ဖြစ်ပြီး နိုင်ငံတွင်း၌ မရှိမဖြစ်နေရန် လိုအပ်မည်မဟုတ်ပါ။

လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် သွားရန်ပင်မလိုပါ။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ-EAOs၊ အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် အရပ်ဖက်အဖွဲ့-CSOများသည် မြေပြင် အခြေအနေကို သိရှိကြပြီး စစ်တပ်ညွှန်ကြားချက်များနှင့် ကန့်သတ်ချက်များကို လိုက်နာရန်မလိုဘဲ UN ထက် အကူအ ညီများ ပိုမိုဖြန့်ဝေနိုင်ကြသည်။ အဖွဲ့အများစုမှာ နယ်စပ်ဖြတ်ကျော်အကူအညီများလည်း ပေးပို့လျှက်ရှိပြီး ကူညီပံ့ပိုးမှု များကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်ကြသည်။ ဒေသတွင်းအဖွဲ့အစည်းများသည် နယ်စပ်ဖြတ်ကျော် အကူအညီ များဆောင်ရွက်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံရှိ နေရာအတော်များများကို လက်လှမ်းမမှီဘဲ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများမှတဆင့် ချိတ်ဆက်ကာ တိုက်ရိုက်ကူညီပံ့ပိုးပေးရသည်။

မြန်မာပြည်သူများကို ထောက်ပံ့ရန်အတွက် စစ်တပ်နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု ကုလသမဂ္ဂက အခိုင်အမာ ပြောသော်လည်း အာဏာသိမ်းစစ်တပ် ခွင့်မပြုဘဲ မြန်မာပြည်သူများထံရောက်ရှိရန် မဖြစ်နိုင်ပါ။ စစ်တပ်နှင့် ထိတွေ့ ဆက်ဆံမှုသည်သာ ပြည်သူများ၏ခုခံမှုကို ထိခိုက်စေခဲ့သည်။ ကုလသမဂ္ဂက မြန်မာပြည်အတွင်း ဆက်ရှိလိုသည်မှာ ၎င်းတို့အတွက်လား၊ ပြည်သူအတွက်လား သိလိုသည်။ မကြာခဏဆိုသလို UN သည် ထုံးစံအတိုင်း တချို့အရာများကို ပြုပြင်ပြီး ‘ဒီမိုကရေစီသို့သွားရာလမ်း’ကို ဆက်လုပ်လိုပုံရသည်။ အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ်ကြာပြီး နောက် ဤအခြေအနေမှာ မဖြစ်နိုင်သလို နောက်ကြောင်းပြန်လှည့်ရန်လည်း မဖြစ်နိုင်တော့ပေ။

နိုင်ငံတကာအဖွဲ့အများစုသည် မြန်မာစစ်ကောင်စီ လမ်းခင်းပေးသော ပြည်တွင်းထဲ အလုပ်လုပ်ရေး လမ်းကြောင်းအ တိုင်း လုပ်ကိုင်လိုကြသည်။ အလှူရှင်အဖွဲ့များသည်လည်း အလျှော့အတင်းရှိရန် လိုအပ်ပြီး NUG၊ EAOs၊ CSOs နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (People Administrative Organizations-PAOs) တို့နှင့် လက်တွဲလုပ်ဆောင်ကြရန်၊ မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော် အကူအညီများပေးရန် အဆိုပါအဖွဲ့အစည်းများအပေါ် ယုံကြည်ပေးရန် လိုအပ်သည်။ အကယ်၍ စစ်ကောင်စီသည် ကုလသမဂ္ဂ၏ အကူအညီပေးရေးမစ်ရှင်များကို ထိန်းချုပ်ထားပါက ကူညီ ထောက်ပံ့မှုများမှာ စစ်တပ်၏အကျိုးအတွက်သာ အသုံးပြုကြမည်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ရလာဒ်ဆိုးများ၊ ဘေးဒုက္ခ များသာ ပိုများလာမည်ဖြစ်ပြီး ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမည်ဖြစ်သည်။

Paul Greening ၏ “Should the United Nations Engage with the junta?” ဆောင်းပါးကို ဘာသာပြန်ဖော်ပြ သည်။