Home သတင်း ၃ တပ်ကွေ့နှင့် ဥကရစ်ထတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဒေသတွင်းကျေးရွာသားများအခက်တွေ့နေ

၃ တပ်ကွေ့နှင့် ဥကရစ်ထတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဒေသတွင်းကျေးရွာသားများအခက်တွေ့နေ

1026
Photo: CJ

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇွန်လမှ ယခု အချိန်ထိ ဥကရစ်ထ စစ်ကောင်စီစခန်းအနီးတစ်ဝိုက်နှင့် ကဆောဝါးလေး ၃ ထပ် ကွေ့နေရာများတွင် စစ်ကောင်စီစစ်ကြောင်းများနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက် ဒေသတွင်းလမ်းပန်းဆက်သွယ် ရေးပြတ်တောက်ပြီး ဒေသတွင်းကျေးရွာများမှ ဒေသခံများမှာ စားသောက် စရာပြတ်တောက်မည့်အရေး ကြုံနေကြရကြောင်း သိရသည်။

“တိုက်ပွဲတွေက တောင်ပေါ်လမ်း ၃ ထပ်ကွေ့မှာလည်း ဖြစ်နေတယ်၊ ဝေါလေ ဥက ရစ်ထ၊ ရွှေအေးမြိုင်ဘက်မှာလည်း ဖြစ်နေတယ်ဆိုတော့ နှစ်ဘက်စလုံးသွားလာ မရဖြစ်နေတာ တစ်လကျော်ရှိလာပြီ ၊ ကိုယ်စိုက်ခင်းဘက်လည်း အပင်တွေ ဘယ်လိုဖြစ်နေလဲ ဆိုတာလဲ သွားမကြည့်ရဲကြဘူး။ အခုက စစ်ကောင်စီတပ်တွေက အင်အားဖြည့်ပြီး တောင်ယာလမ်းတွေလည်း စစ်ကြောင်းက ပတ်သွားလိုက်၊ ဖြတ်သွားလိုက် လုပ်နေတော့ ၊ လုံခြုံမှုမရှိဘူး ၊ ကိုယ့်မှာရှိတာ ချွေတာစား သောက်ပြီး နေနေရတယ်” ဟု ကျောက်ခက် ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၆ရက် မှ ၂၈ ရက်နေ့အတွင်း ဥကရစ်ထ စစ်ကောင်စီစခန်းအနီး ရွှေအေးမြိုင် ကျေးရွာဘက်တွင် ဗိုလ်စလုံး ဦးဆောင်သည့် ကော်သူးလေ တပ်မ တော် စစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားနေသလို၊ ဖလူး-ကဆောဝါးလေး-၃ထပ်ကွေ့ နေရာဘက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA ပူပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ” ဥကရစ်ထ၊ ရွှေအေးမြိုင်ဘက်မှာလည်း အသစ်ဖွဲ့ထားတဲ့ ကော်သူးလေ အာမီ နဲ့ တိုက်ပွဲဖြစ်နေ တယ်၊ သူတို့ စစ်ကောင်စီတပ်က မြ၀တီဘက်ကနေ ဖလူး-လေးကေကော်ဘက်ကို ခဲယမ်းတွေ၊ လက်နက်ကြီး အမြှောက်တွေ၊ သံချပ်ကာ ကားတွေ၊ BGF နဲ့ စစ်သား တွေ အင်အားဖြည့် ပို့နေတယ်လို့တော့ သတင်းကြားနေရတာရှိတော့ လုံခြုံရေးကတော့ မပြတ်စောင့်ကြည့် နေရတယ်” ဟု ပြောပါတယ်။

အဆိုပါ ဖလူး-ဝေါလေ တောင်ပေါ်လမ်း ပိုင်းအား ဒေသခံများသွားလာခွင့် ပိတ်ထားသည့် အခြေအနေကြောင့် ကဆောဝါးလေး ၊ သရက်တစ်ပင်၊ ကျွန်း ခုနှစ်ပင် ၊ သဲဖြူချောင်း၊ ဘလယ်ဒို၊ သေ့ဘောဘိုး၊ ကျောက်ခက် ၊ဆုံဆည်းမြိုင်၊ တောင်နီ၊ ဒေသခံကျေးရွာများ နှင့် ဥကရစ်ထ၊ ရွှေအေးမြိုင်၊ တနောထ၊ စုကလိ၊ ဒေသကျေးရွာသားများ သွားလာရေး ခက်ခဲလာနေ၍ စားသောက်စရာရိက္ခာ ချွေတာ စားသောက် နေထိုင်နေကြရကြောင်းဒေသခံများက ပြောသည်။

ထို့အပြင် ဖလူးရွာအထွက်တွင် စစ်ကောင်စီ စစ်ကူတပ်များစစ်ကြောင်းလှုပ်ရှားမှု ၊ လက်နက်ကြီး ပစ်ခတ်ရန် နေရာပြင်ဆင်နေမှုများရှိနေသည့်အတွက် လေးကေ ကော် စစ်ဘေးရှောင် စခန်းအနီးနေထိုင်သူများလည်း ၎င်းတို့အနီးတိုက်ပွဲထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း ဒေသခံရွာသားများ ပြော ဆိုချက်အရ သိရသည်။