မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်ငူ-သံတောင်လမ်း (၇)မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်းခံလိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က ပျားစခန်းကျေးရွာအကျော် (၁၁)မိုင်ကုန်းရှိ သံတောင်-တောင်ငူ...