Home သတင်း ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ကြောင်း PNFC ဥက္ကဌ ပြောကြား

ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ကြောင်း PNFC ဥက္ကဌ ပြောကြား

1276

မတ်လ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ပအိုဝ်းတိုင်းရင်းသားများ၏ ၇၃နှစ်မြောက် အမျိုးသားနေ့ အွန်လိုင်းအခမ်းအနားကို တပေါင်းလပြည့်နေ့ဖြစ်သည့် ၂၀၂၂ ခု၊ မတ်လ ၁၆ရက်နေ့တွင် ကျင်းပခဲ့ရာ၌ ပြည်ထောင်စုအရေးသည် ပအိုဝ်းလူမျိုးများ၏အရေးဟု ခံယူကြောင်း ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောကြားလိုက်သည်။

“ပအိုဝ်းအမျိုးသားများဟာ ပြည်ထောင်စုအရေးနဲ့ ပအိုဝ်းအမျိုးသားရေးယှဉ်လာရင် ကျနော်တို့ဟာ ပြည်ထောင်စုအ ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ပြည်ထောင်စုအရေးကို ဦးစားပေးတဲ့လူမျိုးအဖြစ်နဲ့လည်း သမိုင်းကောင်းရှိကြတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အခါကာလမှာ ပြည်ထောင်စုရဲ့အရေးဟာ ပအိုဝ်းတွေရဲ့အရေးဖြစ်သလို ပအိုဝ်းတွေရဲ့ အရေးဟာလည်း ပြည်ထောင်စုအရေး ဖြစ်တယ်လို့ ကျနော်တို့ ခံယူထားကြပါတယ်။”ဟု PNFC ဥက္ကဌက ၎င်း၏အခမ်း အနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းအပြင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်က နိုင်ငံရေးပုံဖျက်ခံခဲ့ရပြီး ပွဲတော်အဖြစ်သာ ကျင်းပခဲ့ရသည့် ပအိုဝ်းအ မျိုးသားနေ့ကို ပျော်ပွဲရွှင်ပွဲအနေဖြင့် မဟုတ်ဘဲ ပအိုဝ်းလူမျိုးများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဆက်လက် ကျင်းပ ခြင်းဖြစ်ပြီး ပအိုဝ်းအမျိုးသား၏သမိုင်းကို နှစ်စဉ်နှစ်တိုင်း ပြန်လည်မှတ်တမ်းတင်နေခြင်းဖြစ်ကြောင်းလည်း ခွန်မြင့် ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

NUCC တွင် လူမျိုးကိုယ်စားပြုအဖွဲ့အနေဖြင့် ပါဝင်သော PNFC – Pa-O National Federal Council က ကြီးမှူးကျင်း ပသည့် အဆိုပါပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူးဝါးလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဌ ဦးအောင်ကြည် ညွှန့်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)ကိုယ်စား ဦးအောင်ဆန်းမြင့်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကြား ကာလ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နိုင်ငံတကာရောက် ပအိုဝ်းအင်အားစုနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မဏ္ဍိုင် စသည့်အစုအဖွဲ့ အသီးသီးမှ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ကြသည်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပအိုဝ်းလူမျိုး၊ ပအိုဝ်းအဖွဲ့အစည်းတွေ မပါဝင်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပအိုဝ်းဒေသ၊ ပအိုဝ်းလူမျိုး အပါအဝင် ပြည်ထောင်စုဝင် ပြည်နယ် များ၊ ဒေသများ၊ လူမျိုးများ၊ နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်မှသာ မိမိတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကြီးကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောဆိုခဲ့သည်။

အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသမီးအစုအဖွဲ့ ကိုယ်စားပြု မဝေဝေနုကလည်း ယနေ့ကျ ရောက်သည့် ၇၃နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှသည် ပအိုဝ်းတိုင်းရင်းသားများသည် အာဏာရှင်နှင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးကို စွမ်းစွမ်းတမံ ဆက်လက် ပူးပေါင်းနိုင် စေရန်နှင့် ပအိုဝ်းအမျိုးသားများ၏ နိုင်ငံရေးမျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

အစီအစဉ်အရ ပအိုဝ်းအမျိုးသားသီချင်းဖြင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုခြင်း အပါအဝင် ပအိုဝ်းတော်လှန်ရေး အဆက်ဆက်၊ နွေဦးတော်လှန်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ကျဆုံးသွားခဲ့သည့် အာဇာနည်များ အလေး ပြုခြင်းကို ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဗွီဒီယိုရုပ်သံဖြင့် ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်း၊ ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြား ခြင်း၊ ရိုးရာစုံတွဲအက ဖျော်ဖြေခြင်းနှင့် အစီအစဉ်နောက်ဆုံးတွင် ပအိုဝ်းတိုင်းရင်းသားများ၏ နွေဦးတော်လှန်ရေး ရုပ်သံ သီချင်းဖွင့်လှစ်ခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။