Home သတင်း တော်လှန်ရေးနေ့” အထိမ်းအမှတ် လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

တော်လှန်ရေးနေ့” အထိမ်းအမှတ် လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

1174
Photo: CJ

မတ်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ မတ်လ ၂၇ရက်(တော်လှန် ရေးနေ့)တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် အမျိုးသမီးများ၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂကျောင်းသူ/သားများနှင့် လူငယ်များ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “တောင်းတန်မြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

၁၉၄၅ ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာသား ဗိုလ်မှူးကြီးဗထူး ဦးဆောင်သည် တပ်များက ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့ပြီး မတ်လ ၂၇ရက်နေ့တွင်မူ တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေး စတင်ဆင်နွှဲခဲ့သည်။ ထိုနေ့ကို အစွဲပြု၍ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မတ်လ ၂၇ရက်နေ့ကို “တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။

၁၉၅၅ ခုနှစ်အရောက်တွင် အာဏာရှင် ဗိုလ်နေဝင်းဦးဆောင်သည့် စစ်အုပ်စုက မတ်လ ၂၇ရက် “တော်လှန်ရေးနေ့” ကို “တပ်မတော်နေ့” အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။