Home ဆောင်းပါး ရှုထောင့် ၃ခုနှင့် (၇၅)နှစ်ပြည့် ပင်လုံစာချုပ်

ရှုထောင့် ၃ခုနှင့် (၇၅)နှစ်ပြည့် ပင်လုံစာချုပ်

587
Photo: Internet

ရှုထောင့် ၃ခုနှင့် (၇၅)နှစ်ပြည့် ပင်လုံစာချုပ်

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ရက်)

ဒီတစ်ပတ်အတွက် တင်ပြမယ့် ဆောင်းပါးရဲ့ အကြောင်းအရာကတော့ “သမိုင်းဝင်ပင်လုံစာချုပ်” ကိစ္စပဲ ဖြစ်ပါ တယ်။ ဒီနှစ် (၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ)ဟာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ (၇၅)နှစ်တိတိ ပြည့်မြောက်တဲ့နှစ် ဖြစ်ပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅)နှစ်ပြည့်ကို အထိမ်းအမှတ်ပြုခဲ့ သလို အာဏာသိမ်း အကြမ်းဖက်(စကစ) စစ်အုပ်စုကလည်း “စိန်ရတုပြည်ထောင်စုနေ့” ဆိုပြီး ပြုလုပ်ခဲ့ပါတယ်။ ဒီအ ချက်တွေက ဘာကိုပြဆိုနေသလဲဆိုတော့ “ပင်လုံစာချုပ်”ကို (က)ဘက်နှစ်ဖက်စလုံးက မပစ်ပယ်ကြသေးဘူး ဆိုတဲ့ အချက်၊ (ခ)ဘက်နှစ်ဖက်စလုံးက မိမိဆန္ဒ၊ သဘောထား၊ ရည်ရွယ်ချက်ကိုယ်စီနဲ့ ပင်လုံစာချုပ်ကို အထိမ်းအမှတ်ပြုခဲ့ ကြတယ်ဆိုတာကို တွေ့မြင်ကြရပါတယ်။

(၇၅)နှစ်ပြည့်မြောက်ခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ်ကို ကျနော့်အနေနဲ့ ရှုထောင့် ၃ခုကနေ လေ့လာကြည့်ချင် ပါတယ်။ ပထမရှုထောင့်က သမိုင်းအချက်အလက်ဆိုတဲ့ ရှုထောင့်ဖြစ်ပါတယ်။ ဒုတိယရှုထောင့်က (၇၅)နှစ်တာ ဖြတ် သန်းလာတဲ့ သမိုင်းလမ်းကြောင်းရှုထောင့်ဖြစ်ပြီး တတိယရှုထောင့်ကတော့ မျက်မှောက်ခေတ်ကာလ ရှုထောင့်ပဲ ဖြစ် ပါတယ်။ အဲဒီလို ရှုထောင့် ၃ခုနဲ့ အပြန်အလှန် ပေါင်းစပ်လေ့လာကြည့်ရှုနိုင်မှသာ ပင်လုံစာချုပ်ကို မှန်မှန်ကန်ကန် နားလည်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

တချို့က မျက်မှောက်ခေတ်ကာလ ပြဿနာတွေကို ပင်လုံစာချုပ်အတိုင်း ဖြေရှင်းရမယ်လို့ ပြောနေကြတာရှိ သလို တချို့ကလည်း ပင်လုံစာချုပ်ဟာ မျက်မှောက်ကာလနဲ့ မကိုက်ညီတော့ဘူး၊ လူမျိုးစုအားလုံး ပါဝင်မှုမရှိဘူးဆိုပြီး တစ်ဖက်သတ် အမှန်တရားကိုယ်စီနဲ့ ပြောနေဆိုနေကြပါတယ်။ တချို့ကလည်း “ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံအနှစ်သာရ၊ ပင်လုံသဘောတူညီချက်” ဆိုတာတွေကို ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပာယ်ဖွင့်ဆို နေကြပါတယ်။

သမိုင်းအချက်အလက်ဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ပင်လုံစာချုပ်ဟာ သူ့ခေတ်ကသူ့ကာလက အခြေအနေ တွေကို အခိုင်အမာ ထင်ဟပ်ထားပါတယ်။ ထိုခေတ်ကာလ လက်တွေ့အခြေအနေအပေါ်မှာ ထိုခေတ်ကာလက ခေါင်း ဆောင်တွေ တန်းတူဆွေးနွေးညှိနှိုင်းပြီး သဘောတူချုပ်ဆိုခဲ့ကြတဲ့ စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင် ရေးနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အင်မတန် အရေးပါတဲ့ စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုအချက်အလက်တွေ အခိုင်အမာ တည်ရှိနေတာကြောင့် ဒီနေ့ မျက်မှောက်ခေတ်ကာလမှာလည်း ပင်လုံစာ ချုပ်အတိုင်း အတိအကျ လုပ်ဆောင်ရမယ်လို့ ပြောဆိုတာမျိုးကလည်း မဆီလျော်ပါဘူး။ ဒါ့အပြင် ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို (၇၅)နှစ်တာ ဖြတ်သန်းလာတဲ့ သမိုင်းခေတ်ကာလတစ်လျှောက် ဘယ်အုပ်စိုးသူကမှ တိတိ ကျကျ၊ ပြည့်ပြည့်ဝဝ လက်တွေ့အကောင်အထည် မဖော်ခဲ့ကြဘူး။ ဒါကြောင့် ပင်လုံစာချုပ်ဆိုတာ ဗမာတွေက တိုင်း ရင်းသားလူမျိုးစုတွေကို လိမ်ညာထားတဲ့ စာချုပ်တစ်ခုပဲ ဖြစ်တယ်လို့ ကောက်ချက်ချ ပြောဆိုတာမျိုးကလည်း အင်မ တန် ကျဉ်းမြောင်းလွန်းပါတယ်။ တချို့ကလည်း မျက်မှောက်ခေတ်ကာလ ရှုထောင့်တစ်ခုထဲကနေပဲ ကြည့်မြင်ပြီး ဒီနေ့ ကာလမှာ ပင်လုံစာချုပ်ဟာ ခေတ်မမီတော့ဘူး။ အားလုံးကို မလွှမ်းခြုံနိုင်တော့ဘူးလို့ ပြောဆိုနေတာမျိုးကလည်း တစ် ဖက်သတ် ကျလွန်းပါတယ်။ တချို့ကလည်း ပင်လုံကတိကဝတ်အတိုင်း ဒီနေ့ကာလမှာ အပြည့်အဝ အကောင်အထည် မဖော်ဘူးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ “လူလိမ်” ဖြစ်သွားလိမ့်မယ်ဆိုတဲ့ ကလေးဆန်တဲ့ အပြောအဆိုမျိုးလည်း ကြားရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ ထိုစဉ်က ဘုရင်ခံအမှုဆောင်ကောင်စီ ဒုတိယ သဘာပတိ ဖြစ်ပါတယ်။ ၁၉၃၅ခုနှစ်၊ ဥပဒေအရ ဗမာအစိုးရ (ဝါ) ပြည်မဆိုတာကို ကိုယ်စားပြုတာလည်း သမိုင်းအ ချက်အလက်အရ အမှန်ပါပဲ။ ဒါပေမယ့် လွတ်လပ်ရေးရဖို့ လပိုင်းလောက်အလိုမှာ နယ်ချဲ့သမားရဲ့ လက်ချက်နဲ့ ရေတိမ် နစ်ခဲ့ရတာပါ။ ဒါကြောင့် ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေ၊ ပင်လုံစာချုပ်မချုပ်ဆိုမီ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဆွေးနွေးပြောဆိုရင်း ပေးခဲ့တဲ့ ကတိကဝတ်တွေကို သူကိုယ်တိုင်လက်တွေ့ အကောင်အထည်ဖော် မသွားနိုင်ခဲ့ပါဘူး။ ဒီတော့ လွတ်လပ်ရေး မရမီ ကွယ်လွန်သွားရှာတဲ့သူ့ကို လွတ်လပ်ရေးရရှိပြီးနောက် အာဏာရလာတဲ့ အုပ်စိုးသူအဆက် ဆက်က လက်တွေ့အကောင်အထည်မဖော်ကြတဲ့ ကိစ္စတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမှာ တာဝန်ရှိပါတယ်လို့ဆိုပြီး လက်ညှိုးထိုး အပြစ်တင်နေကြတာဟာ ကလေးဆန်ပြီး ရယ်စရာ ကောင်းမနေဘူးလား။

ဒါ့အပြင် “ပြည်ထောင်စုစစ်စစ်” လက်တွေ့အကောင်အထည် မဖော်ခဲ့တာတွေနဲ့ပတ်သက်ပြီး မူမဲ့တဲ့ ခံစား ချက်သက်သက်နဲ့ “တောင်းပန်ပါတယ်/ရှက်မိပါတယ်” ဆိုပြီး ပြောဆိုနေတာမျိုးတွေကလည်း သိပ်တော့ အဓိပ္ပာယ်မရှိ လှပါဘူး။ ခါတော်မီ နိုင်ငံရေး မျက်နှာချိုသွေးမှုတစ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။ အုပ်စိုးသူအဆက်ဆက်ဖြစ်တဲ့ (ဖဆပလ)၊ (ပထစ)၊ (တော်လှန်ရေးကောင်စီ) (မဆလ) (နဝတ/နအဖ) (၂၀၀၈ အခြေခံဥပဒေဘောင်ထဲက အစိုးရများ)နဲ့ (စကစ) တို့ လုပ်ဆောင်ခဲ့တာမှန်သမျှကို အဲဒီလို တောင်းပန်နေတဲ့သူတွေက ကိုယ်စားပြု တာဝန်ယူနိုင်လို့လား။ တန်းတူရေး တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဆိုတာ အခြားတစ်ဖက်က အသိအမှတ်ပြုမှ၊ အခြားတစ်ဖက်က အကောင်အထည်ဖော်ပေးမှ ရနိုင်တာ၊ ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကိုယ်ပိုင် စွမ်းအားနဲ့ လုံးပမ်းယူရမယ့်အရာပါ။ လက်ဖြန့်ပြီး အသနားခံ တောင်းယူ ရမယ့်အရာတွေ မဟုတ်ပါဘူး။

ဒါကြောင့် အဲဒီလိုပြောဆိုနေတာတွေဟာ (၇၅)နှစ်တာ ဖြတ်သန်းလာတဲ့ သမိုင်းလမ်းကြောင်းပေါ်က အခိုင်အ မာ အချက်အလက်တွေကို မျက်ကွယ်ပြုပြီး ဆန္ဒစွဲအမျိုးမျိုးနဲ့ လိုရာဆွဲ ပြောနေတာမျိုးတွေပဲ ဖြစ်နေပါတယ်။

Photo: Internet

တကယ့်ပြဿနာက ၁၉၄၈ခုနှစ်ကနေ ဒီနေ့ကာလအထိ (၇၅)နှစ်တာ ဖြတ်သန်းလာတဲ့ သမိုင်းလမ်းကြောင်း ပေါ်မှာ အုပ်စိုးသူအဆက်ဆက်က အပြည့်အဝ အကောင်အထည်မဖော်ခဲ့တာကို လက်ညှိုးထိုးပြနေသလို တစ်ပြိုင်နက် ထဲမှာလည်း အဲဒီလို ပျက်ကွက်ခဲ့တဲ့ အုပ်စိုးသူအဆက်ဆက်ကို ပြတ်ပြတ်သားသား တော်လှန်ဖြုတ်မချနိုင်ခဲ့တာက လည်း ကျနော်တို့ဘက်က လိုအပ်နေတဲ့ တာဝန်ရှိမှုပဲ မဟုတ်ပါလား။

(၇၅)နှစ်တာကာလထဲမှာ အထင်အရှား သိမြင်လာစေတဲ့အချက်ကတော့ အုပ်စိုးသူအဆက်ဆက်ထံမှာ တန်း တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စုကိုတောင်းယူလို့ မရနိုင်ဘူး။ ညှိယူလို့ မရနိုင်ဘူး။ ဒင်းတို့ ကို အကုန်အစင် တော်လှန်ဖြုတ်ချပြီး မိမိတို့အချင်းချင်းအကြားမှာ တန်းတူရည်တူ အကျေအလည်ညှိနှိုင်းပြီး အကောင်အထည်ဖော်ကြရမယ် ဆိုတဲ့အချက်ပါပဲ။

အဲဒီလိုအကြောင်းအချက်တွေ အခြေအနေတွေကြောင့် “ပင်လုံစာချုပ်”ကို အထက်မှာတင်ပြခဲ့သလို ရှုထောင့် ၃ခုနဲ့ အပြန်အလှန်ပေါင်းစပ်ပြီး လေ့လာကြည့်မြင်နိုင်မှသာ ပင်လုံစာချုပ်ကို ကြည်ကြည်လင်လင်မြင်နိုင်ပါလိမ့်မယ်။ မပြည့်ဝသေးတဲ့ သို့မဟုတ် မပြည့်စုံသေးတဲ့ (ပင်လုံအနှစ်သာရ၊ ပင်လုံစိတ်ဓာတ်လို့ဆိုဆို၊ ပင်လုံကတိကဝတ်လို့ပဲ ပြောပြော) ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မျက်မှောက်ခေတ်ကာလရဲ့ လိုအပ်ချက်တွေနဲ့ အခိုင်အမာ ပေါင်းစပ်ပြီး လက်တွေ့အကောင် အထည်ဖော်ကြရမှာက မျိုးဆက်သစ်တွေရဲ့ ပခုံးပေါ်က တာဝန်ပဲဖြစ်ပါတယ်။

“လုံးဝလွတ်လပ်ရေးကို တပြိုင်နက်အတူ ယူကြမယ်။ တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည် ထောင်စုအဖြစ် အတူတကွ တည်ဆောက်ကြမယ်” ဆိုတဲ့ ပင်လုံစာချုပ်ရဲ့ သမိုင်းအနှစ်သာရအချက် ၂ချက်ကို မျက် မှောက်ခေတ်ကာလ လိုအပ်ချက်တွေနဲ့ ဘယ်လိုပေါင်းစပ်ကြမလဲ။ လုံးဝ လွတ်လပ်ရေးကို တပြိုင်နက် အတူရယူနိုင်ခဲ့ ကြပေမယ့် ဖြတ်သန်းလာတဲ့ (၇၅)နှစ်တာ လက်တွေ့ထဲမှာ အထင်အရှား မြင်တွေ့နေရတဲ့အချက်ကတော့ “တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စု (လုံးဝ) မတည်ဆောက်နိုင်ခဲ့တဲ့အချက်” ပါပဲ။

ဒီလို မတည်ဆောက်နိုင်ခဲ့တဲ့ အကြောင်းအချက်က ၂ခုပါပဲ။ ပထမအချက်က အဆက်ဆက်သော အုပ်စိုးသူ များရဲ့ မှားယွင်းဖောက်ပြန်တဲ့ ပေါ်လစီအရပ်ရပ်နဲ့ လှည့်စားလိမ်ညာမှုတွေဖြစ်ပြီး၊ ဒုတိယအချက်ကတော့ အဆက် ဆက်သော အုပ်စိုးသူများကို တော်လှန်ရေးအင်အားစုများဘက်က တညီတညွတ်တည်း ဖြုတ်မချနိုင်သေးတဲ့အချက် ကြောင့်ပါပဲ။

ဒါကြောင့် မျက်မှောက်‌ခေတ်သမိုင်းက အခိုင်အမာ ဖော်ပြတောင်းဆိုနေတဲ့အချက်က စစ်အုပ်စု၊ စစ်အာဏာ ရှင်စနစ်၊ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အစင် ဖြိုချပစ်ဖို့နဲ့ “တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည် ထောင်စုကို အခိုင်အမာ တည်ဆောက်ကြဖို့ပါပဲ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အ စင် ဖယ်ရှားမပစ်နိုင်ဘဲ စစ်အုပ်စုက စိတ်ကြိုက်အကွက်ချပြီး ခင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်နဲ့ (NCA)စာချုပ် ခွင်ထဲကနေ ပြည်တွင်းစစ်ကိုရပ်စဲဖို့ – ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ – ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့ ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ခဲ့ကြပြီးပါပြီ။ ခါးသီးတဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ရရှိခဲ့ကြပြီးပြီ မဟုတ်ပါလား။ မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုကတော့ နောက်ထပ်တစ်ခါ လိမ်ညာလှည့်စား ဖို့ လေသံပစ်နေပြန်ပြီ မဟုတ်ပါလား။

အခြေခံအားဖြင့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အစင် ဖယ်ရှားပစ်နိုင်ခဲ့ကြ ပြီဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစု အချင်းချင်းအကြားမှာ နိုင်ငံရေးအရ အကျေအလည်ညှိနှိုင်းဖို့ အခက်အခဲ မရှိနိုင်တော့ပါဘူး။ အဲဒီလို တန်းတူရည်တူ အကျေအလည် ညှိနှိုင်းမှုသာ အခိုင်အမာရရှိလာပြီဆိုရင် အခြေခံဥပဒေရေး တာ မခက်မခဲပါဘူး။ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေရဲ့လက်ထဲ အဲဒီနိုင်ငံရေးသဘောတူညီချက်တွေကို ပေးအပ် လိုက်ပါ။ အဲဒီသဘောတူညီချက်နဲ့ ဆီလျော်ညီညွတ်တဲ့ အခြေခံဥပဒေတစ်ရပ်ကို အချိန်ကာလတို (၆လ သို့မဟုတ် ၁နှစ်) အတွင်းမှာ ရရှိနိုင်ပါတယ်။ ဥပဒေကို ဥပဒေပညာရှင်တွေကပဲ ရေးပါစေ။ နိုင်ငံရေးသမားတွေက မိမိတို့ပေးအပ် လိုက်တဲ့ နိုင်ငံရေးသဘောထားတွေ သဘောတူညီချက်တွေနဲ့ ကိုက်ညီ/ မကိုက်ညီကိုသာ အပြန်အလှန် အသေအချာ စိစစ်ကြည့်ကြဖို့ပါပဲ။

ရေးဆွဲလိုက်တဲ့ အခြေခံဥပဒေဟာ တိုင်းပြည်နဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ ရေရှည် ညီညွတ်ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ခေတ်မီတိုးတက်ဖွံ့ဖြိုးရေးဆိုတဲ့ ပင်မရှေ့ရှုချက်ကို တည့်မတ်ဖြောင့်တန်းစွာ ဦးတည်နိုင်ကြ ဖို့ပါပဲ။
ယခု လောလောဆယ်လုပ်ရမယ့် ပထမဦးစားပေး တာဝန်ကတော့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုက ရေစီယန္တရားကို အကုန်အစင် တွန်းလှန်ဖယ်ရှားပစ်ဖို့ပါပဲ။

နိဂုံးချုပ်ရရင် ပင်လုံစာချုပ်မှ မဟုတ်ပါဘူး။ သမိုင်းဖြစ်ရပ်တွေကို အချက်အလက် ရှုထောင့်၊ ဖြတ်သန်းလာတဲ့ သမိုင်းလမ်းကြောင်းရှုထောင့်၊ မျက်မှောက်ခေတ် ကာလရှုထောင့် ဆိုတဲ့ ဘက်သုံးဖက်ကနေ အပြန်အလှန် ပေါင်းစပ် လေ့လာကြည့်မြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမျိုးမျိုးသောဆန္ဒစွဲတွေနဲ့ လိုရာဆွဲပြီး ခုတ်ထစ်ပိုင်းခြား ကြည့် နေမယ်ဆိုရင်တော့ တစ်စိတ်တစ်ပိုင်းမှန်တာတွေပဲ ရရှိနေပါလိမ့်မယ်။ ဒါ့အပြင် လွန်ခဲ့သော (၇၅)နှစ်က အတိတ် သမိုင်းဖြစ်ရပ်တစ်ခုကို ယနေ့ ပစ္စုပ္ပန်မျက်စေ့နဲ့ တစ်ဖက်သတ်ကြည့်ပြီး စွဲချက်တင် စီရင်ချက်ချနေတာမျိုးကလည်း ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်ပါဘူး။