Home သတင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ရှောင်များ ခိုလှုံရာနေရာ အခက်အခဲရှိနေ

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စစ်ရှောင်များ ခိုလှုံရာနေရာ အခက်အခဲရှိနေ

1212
Photo: CJ

ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၂၂ခုနှစ်။​ ကေအိုင်စီ

လေးကေကော် စစ်ဘေးရှောင် ၅ဝဝဝ ကျော် ယာယီနေထိုင်နေသည့် သောင်ရင်းမြစ်ဘေးတွင် ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းသည့်အတွက် နေထိုင်ရေးအခက်အခဲရှိပြီး စစ်ဘေးရှောင် ခိုလှုံနေထိုင်ရာ စခန်းများတွင် ကလေးသူငယ်နှင့် သက်ကြီးဘိုးဘွားများဖျားနာနေကြကာ ယာယီအမိုးအကာ၊ ဆေးဝါးနှင့် စားသောက်စရာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

စစ်ကောင်စီ တပ်များ အင်အားတိုး စစ်ကြောင်းတက်လာမှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့လည်ပိုင်း ဒေသတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် တိုက်ပွဲရှောင်ရန် အခက် အခဲများကြုံ တွေ့ နေရကြောင်း လေးကေကော်စစ်ဘေးရှောင်စခန်း ကျန်းမာရေးစောင့်ရှောက်ပေးနေသူများ ပြောဆိုချက်အရ သိရသည်။

Photo: CJ