Home သတင်း ‌သောင်ရင်းမြစ်ကမ်းနားရှိ စစ်‌ရှောင်များအစုအဖွဲ့အလိုက် လက်နက်ကြီးနှင့် ‌လေ‌ကြောင်း တိုက်ခိုက်မှု လွတ်ရာသို့ ထပ်မံ ‌ရွှေ့‌ပြောင်း

‌သောင်ရင်းမြစ်ကမ်းနားရှိ စစ်‌ရှောင်များအစုအဖွဲ့အလိုက် လက်နက်ကြီးနှင့် ‌လေ‌ကြောင်း တိုက်ခိုက်မှု လွတ်ရာသို့ ထပ်မံ ‌ရွှေ့‌ပြောင်း

1583

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်း ‌သောင်ရင်းမြစ်တစ်‌လျှောက် စစ်‌ကောင်စီစစ်ဆင်‌ရေး စစ်‌ကြောင်းများ ဆက်လက်တိုက်ခိုက်သိမ်းပိုက်လာမည့်အ‌ရေးကို စိုးရိမ်‌နေကြ၍ ‌လေး‌ကေ‌ကော်‌ဒေသအပါအဝင် ‌ကျေးရွာ ၇ ရွာမှ စစ်‌ဘေး‌ရှောင်များ ‌သောင်ရင်းမြစ် မြန်မာဘက်အခြမ်းတွင် အစုအဖွဲ့အလိုက် လက်နက်ကြီးလွတ်ရာ၊ ‌လေ‌ကြောင်းတိုက်ခိုက်မှုလွတ်ရာများသို့ ထပ်မံ‌ရွှေ့‌ပြောင်း ‌နေထိုင်‌နေကြရ‌ကြောင်း သိရသည်။

အဆိုပါ စစ်‌ဘေး‌ရှောင်များမှာ ယာယီအမိုးအကာများဖြင့် အရိပ်ရရာ‌နေရာ၊ ကျည်ကွယ်ရာ‌နေရာများတွင် ယာယီ‌နေထိုင်စစ်‌ရှောင်‌နေကြရသည့် အ‌ခြေအ‌နေ‌ကြောင့် စားအိုး၊ စားခွက်များမပါရှိသည့်အတွက် ထိုင်းနိုင်ငံဘက်အခြမ်း မဲ့ကိုကင်း‌ကျေးရွာ မြန်မာပြည်သား‌တောင်သူများ ဦး‌ဆောင်ချက်ပြုတ်၍ ထမင်းထုပ်များအား စီစဉ်ထုပ်ပိုးကာ စစ်‌ဘေး‌ရှောင်များ ယာယီ‌နေထိုင်ခိုလှုံ‌နေကြသည့် နယ်စပ်‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက် လိုက်လံ ဖြန့်‌ဝေ ကူညီ‌ပေး‌နေရသည်။

၎င်းစစ်‌ဘေး‌ရှောင်များအား ယခင်က ဆန်၊ ဆီ၊ မုန့်ပဲသ‌ရေစာနှင့် ‌ရေသန့် ၊ အချိုရည်များ ၊ ‌ဆေးဝါးအသုံးအ‌ဆောင်များ၊ ဖြန့်‌ဝေ‌ပေးထား‌သော်လည်း ဖလူး‌လေး‌ကျေးရွာ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA ယာယီစစ်‌ဘေး‌ရှောင်ဒုက္ခသည်စခန်းအား စစ်‌ကောင်စီဘက်မှ ‌လေ ‌ကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူဖြင့် တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲများ‌ကြောင့် ယခင်ခိုလှုံ‌နေသည့် စစ်‌ဘေး‌ရှောင်‌နေရာများအား ဇန်နဝါရီလ ၁၄ ရက်‌နေ့က စွန်ခွာ ထွက်‌ပြေးကြရသည်။

ထို ‌နေရာထပ်မံ‌ရွှေ့‌ပြောင်းရသည့် စစ်‌ရှောင်ဒုက္ခသည်ပြည်သူများသည် လက်ရှိတွင် ‌နေရာထိုင်ခင်း၊ ခြုံ‌စောင်၊ အခင်း၊ အမိုးအကာများ၊ စား‌သောက်စရာ၊ ပန်းကန်၊ အိုးခွက်များ လိုအပ်‌နေ‌ကြောင်း စစ်‌ဘေး‌ရှောင်ကူညီ‌နေသူများ‌ပြောစကားအရ သိရသည်။