Home သတင်း ‌လေး‌ကေ‌ကော်နှင့်ဖလူးတိုက်ပွဲဂယက်‌ကြောင့် ‌ဒေသခံပြည်သူ ၁၀၀ဝ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်‌ရှောင်

‌လေး‌ကေ‌ကော်နှင့်ဖလူးတိုက်ပွဲဂယက်‌ကြောင့် ‌ဒေသခံပြည်သူ ၁၀၀ဝ ခန့် ထိုင်းဘက်သို့ ထပ်မံစစ်‌ရှောင်

1543
Photo: Kahsaw Wah _ပုံ‌ဟောင်း

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့၏‌တောင်ဘက် ‌လေး‌ကေ‌ကော်နှင့် ဖလူးကြီးရွာအနီးတွင် ယ‌နေ့ ဇန်နဝါရီ ၃ရက် ည‌နေ ပိုင်းက ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ တို့ ဖြစ်ပွားလျက်ရှိ‌သော တိုက်ပွဲဂယက်‌ကြောင့် ‌ဒေသခံပြည်သူ ၁၀၀ဝ ဝန်းကျင်ခန့်မှာ ထိုင်းဘက်ခြမ်းသို့ ထပ်မံတိမ်း‌ရှောင်‌နေကြ‌ကြောင်း သိရသည်။

ယ‌နေ့ နံနက်ပိုင်းကတည်းက စစ်‌ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိပြီး ည‌နေ ၃နာရီခွဲအချိန်ခန့်မှစ၍ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် နှစ်ဖက်တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များက ‌ပြောသည်။

တိုက်ပွဲဂယက်‌ကြောင့် ‌ဒေသခံပြည်သူများ ၁၀၀ဝ ဝန်းကျင်ခန့်မှာ နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်ကမ်းသို့ ထပ်မံ၍ စစ်‌ဘေး‌ရှောင်ကြခြင်းဖြစ်သည်ဟု ထိုင်းဘက်ခြမ်း‌ရောက် စစ်‌ဘေး‌ရှောင် ပြည်သူများအား ကူညီ‌ဆောင်ရွက်‌ပေး‌နေသူတစ်ဦးက ‌ပြောသည်။

“ဒီက‌နေ့ ည‌နေ ထိုင်းဘက်ကို ‌ရောက်ရှိလာတဲ့ ‌ထောင်နှင့်ချီ‌သော စစ်‌ဘေး ‌ရှောင်များထဲမှာ ယ‌နေ့ မနက်ပိုင်းနဲ့ မ‌နေ့‌တွေက ထိုင်းဘက်ခြမ်းရှိ စစ်‌ဘေး‌ရှောင်စခန်းမှ တဆင့်‌နေရပ်ပြန်သွားသူ‌တွေလည်း ပြန်ပါလာတာကို ‌တွေ့ရတယ်”၎င်း က ‌ပြောသည်။

ယ‌နေ့ စစ်‌ရှောင် ၁၀၀ဝ ဝန်းကျင်ထဲမှ လူ ၂၀ဝ ခန့်သာ ထိုင်းဘက်ခြမ်း တွင် ဖွင့်လှစ်ထားသည့် မဲ့ကိုကင်း ယာယီစစ်‌ရှောင်စခန်း၌ သွား‌ရောက်‌နေထိုင်ကြပြီး အများစုမှာ နှစ်နိုင်ငံနယ်ခြား ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေးတွင် တိမ်း‌ရှောင် ‌နေကြ ‌ကြောင်း သိရသည်။