Home သတင်း KNU တပ်မဟာ(၅)နယ်‌မြေတွင် တစ်နှစ်အတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ဝ ‌ကျော် ‌သေဆုံး

KNU တပ်မဟာ(၅)နယ်‌မြေတွင် တစ်နှစ်အတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ဝ ‌ကျော် ‌သေဆုံး

1994
Photo: KNU Mutraw

ဇန်ဝါရီလ ၅ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေထဲတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဒီဇင်ဘာလအထိ နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA နှင့် စစ်‌ကောင်စီ တပ်ကြား တိုက်ပွဲ‌ပေါင်း (၂၆၉၂) ကြိမ်ဖြစ်ပွားကာ စစ်‌ကောင်စီတပ်ဘက်မှ (၁၃၆၄) ဦး‌သေဆုံးပြီး (၁၃၁၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု မူ‌တြော်သတင်းစဉ်၏ ယ‌နေ့ထုတ်ပြန်သည့် တိုက်ပွဲနှစ်ချုပ်သတင်းအရ သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေထဲတွင် စစ်‌ကောင်စီတပ်ဘက်မှ တစ်နှစ်အတွင်း ‌သေဆုံးမှု တစ်‌ထောင် ‌ကျော်ရှိသည့်အထဲတွင် ဗျူဟာမှူးတစ်ဦး အပါအဝင် တပ်ရင်းမှူး(၃)ဦး ၊ တပ်ခွဲမှူး ၁၄ဦး၊ ဒု-တပ်ခွဲမှူး တစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့်-ဒုတပ်တစ်ဦးပါရှိသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသည့်အထဲတွင်လည်း တပ်ရင်းမှူးများပါရှိ‌သေး‌ကြောင်း နှစ်ချုပ်စာရင်းအရ ‌ဖော်ပြထားသည်။

ထို့အပြင် စစ်‌ကောင်စီတပ် ကား(၄၇)စီးနှင့် စစ်သုံးမြင်း(၈၀)‌ကောင်ကိုလည်း နယ်‌မြေခံ KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖျက်ဆီးပစ်သတ်နိုင်ခဲ့‌သေး‌ကြောင်းလည် ထိုအနှစ်ချုပ်စာရင်းတွင် ‌ဖော်ပြပါရှိသည်။

ထို့အတူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ(၅)ဘက်မှလည်း တပ်ခွဲမှူး ၁ဦး၊ ဒုခွဲမှူးတစ်ဦး၊ ဗိုလ်(၂)ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် တပ်ကြပ်(၃)ဦးအပါအဝင် စုစု‌ပေါင်း (၉)ဦးကျဆုံးသွားခဲ့ရသည်ဟု ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ယခုလိုတိုက်ပွဲဖြစ်ပွားမှု များလာရသည့်အ‌ကြောင်းရင်းသည် စစ်‌ကောင်စီတပ်ဘက်မှ ၎င်းတို့၏ နယ်‌မြေထဲသို့ နယ်‌မြေစိုးမိုး‌ရေးလုပ်‌ဆောင်ရန် အင်အားတိုးချဲ့ လှုပ်ရှားမှုပိုမိုလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားမှု များလာရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၅) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “အပစ်ရပ်စဲ‌ရေး စလုပ်ကတည်းက ကျ‌နော်တို့ကန့်သတ်ထားတဲ့‌နေရာ‌တွေရှိတယ်။ လိုက်နာရမယ့် စည်းကမ်းချက်‌တွေရှိတယ်။ သူတို့က အဲဒီကတည်းက နယ်‌မြေကျူး‌ကျော်ဝင်လာတယ်။ အဓိက သူတို့ နယ်‌မြေစိုးမိုး‌ရေးဝင်လုပ်ချင်တာက‌နေစပြီး အ‌ကြောင်းပြချက်အမျိုးမျိုးနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း‌တွေကို မလိုက်နာလို့ ပြဿနာ ‌နောက်ဆက်တွဲ‌တွေ လိုက်လာတာ‌ပေါ့။ သူတို့ဘက်က အင်အားတိုးချဲ့ လှုပ်ရှားသလို ကျ‌နော်တို့ဘက်ကလည်း ကိုယ့်နယ်‌မြေကို ကာကွယ်ဖို့ လှုပ်ရှားမှုများ‌ကြောင့် တိုက်ပွဲဖြစ်ပွားမှုများလာတာ‌ပေါ့” ဟု ‌ပြောသည်။

တပ်မဟာ (၅)နယ်‌မြေအတွင်း ဝင်‌ရောက်စစ်‌ရေးလှုပ်ရှားမှုများလာသည့် စစ်‌ကောင်စီတပ်များသည် အရပ် သားပြည်သူ လုပ်ကိုင်စား‌သောက်သည့် လယ်၊ ယာနှင့် ဥယျာဉ်ခြံ‌မြေများထဲသို့ တစ်နှစ်အတွင်း လက် နက်ကြီး အကြိမ်‌ပေါင်း (၂၁၃၆)ကြိမ်အထိ ရမ်းသမ်းပစ်ခတ်သည့်အတွက် အရပ်သား ပြည်သူ(၁၂)ဦး ‌သေဆုံးပြီး (၄၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU တပ်မဟာ ၅ ၏ နှစ်ချုပ်စာရင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တပ်မဟာ(၅)နယ်‌မြေထဲတွင် စစ်‌ကောင်စီတပ်ဘက်မှ စစ်‌ရေးလှုပ်ရှားမှုနှင့် တပ်အင်အား တိုးချဲ့မှုများ လုပ်‌ဆောင်‌နေဆဲရှိသလို ယမန်‌နေ့ ဇန်နဝါရီလ (၄)ရက်‌နေ့တွင်လည်း စစ်‌ကောင်စီတပ်ဘက်မှ မူ‌တြော်ခရိုင် ( တပ်မဟာ-၅) ဒွယ်လိုးမြို့နယ် မယ်သု‌ကျေးရွာအုပ်စုတွင် စစ်‌လေယာဉ်နှင့် လာ‌ရောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌သေးသည်ဟု သိရသည်။