Home သတင်း KNU တပ်မဟာ(၅)ကို စစ်‌ကောင်စီက ‌လေယာဉ်ဖြင့် ညသန်း‌ခေါင်ချိန်တိုက်ခိုက်၊ ပျက်စီးမှုများရှိ

KNU တပ်မဟာ(၅)ကို စစ်‌ကောင်စီက ‌လေယာဉ်ဖြင့် ညသန်း‌ခေါင်ချိန်တိုက်ခိုက်၊ ပျက်စီးမှုများရှိ

1613
Photo: KNU Mutraw.

ဇန်နဝါရီ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

KNU မူတ‌ရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေကို စစ်‌ကောင်စီဘက်က ဇန်နဝါရီလ ၁၂ရက် မနက် ၁းဝ၅နာရီအချိန်တွင် ‌လေယာဉ်ဖြင့် သွား‌ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲ‌ဆေးရုံ အ‌ဆောက်အဦးများ ပျက်စီးသွားခဲ့‌ကြောင်း နယ်‌မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။

လာ‌ရောက်တိုက်ခိုက်သည့် ‌လေယာဉ်အမျိုးအစားကို အတိအကျ မသိရ‌သော်လည်း ဇန်နဝါရီလ ၁၂ရက်၊ မနက် ၁၂း၄၅နာရီ ညသန်း‌ခေါင်ချိန်ခန့်တွင် ရန်ကုန်မြို့တိုင်း၊ ‌မှော်ဘီမြို့နယ်ထဲမှ ဂျက်တိုက်‌လေယာဉ် ပျံသန်းထွက်ခွာသွား‌ကြောင်း ကြားသိရသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အချိန် ၂မိနစ်ခန့်သာ ကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် ‌လေယာဉ်မှ ဗုံး ၅လုံး ပစ်ချသွားခဲ့ရာ ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲ‌ဆေးရုံကို ၂လုံး ထိမှန်‌ပေါက်ကွဲခဲ့ပြီး လယ့်‌ဂေးထာ့‌ကျေးရွာထဲသို့ ၃လုံး ကျ‌ရောက်‌ပေါက်ကွဲခဲ့‌ကြောင်း သိရှိရသည်။

အ‌သေးစိတ် အ‌ခြေအ‌နေကို ‌ကေအိုင်စီအ‌နေဖြင့် KNU မူတ‌ရော်ခရိုင် တာဝန်ရှိသူများထံ ဆက်လက် ‌မေးမြန်းကာ ထပ်မံ ‌ဖော်ပြသွားမည်ဖြစ်သည်။

Photo: KNU Mutraw.