Home သတင်း ဖားအံတွင် စစ်‌ဆေးမှုများသည့်ကြားမှ ဗုံးဆက်တိုက်‌ပေါက်ကွဲမှုဖြစ်

ဖားအံတွင် စစ်‌ဆေးမှုများသည့်ကြားမှ ဗုံးဆက်တိုက်‌ပေါက်ကွဲမှုဖြစ်

1333

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ရှိ လမ်းဆုံလမ်းဂွ‌နေရာများတွင် ယခုရက်ပိုင်း စစ်‌ကောင်စီတပ်များက ‌စောင့်ကြည့် စစ်‌ဆေးမှုများ ယခင်ကထက် လုပ်‌ဆောင်‌နေ‌သော်လည်း မြို့တွင်း ဗုံး‌ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ‌နေသည်ဟု မြို့ခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၁ဝရက်‌နေ့တစ်ရက်ထဲတွင် ပြည်နယ် အစိုးရရုံးနှင့်မနီးမ‌ဝေးတွင်ရှိသည့် ပြည်နယ် စည်ပင်သာယာ‌ရေးရုံး‌ရှေ့ နှင့် ဖားအံမြို့အထွက် ထီဖိုးကလုံးဂိတ်‌နေရာများတွင် ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

စည်ပင်သာယာရုံး‌ရှေ့ ဗုံး‌ပေါက်ကွဲမှုတွင် တစ်ဦး‌သေဆုံးပြီး ထီးဖိုးကလုံးရှိ မြို့အဝင်ထွက်ဂိတ် ဗုံး ‌ပေါက်ကွဲသွားသည့်‌နေရာတွင်လည်း ဂိတ်‌စောင့်ရဲ(၂)ဦးနှင့် နယ်ခြား‌စောင့်တပ် -BGF တပ်ဖွဲ့ဝင်(၁)ဦး ‌သေဆုံးခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ဖားအံမြို့ခံတစ်ဦးက” အခုရက်ပိုင်းမှာ မြို့အဝင်အထွက်မကဘဲ မြို့ထဲမှာလည်း ‌နေရာ‌တော်‌တော်များများမှာ သူတို့လိုက်စစ်တယ်။ စစ်‌ဆေးမှုများတဲ့ ကြားထဲက ဗုံးကဆက်တိုက်‌ပေါက်ကွဲတယ်‌ပေါ့။ မ‌နေ့ကစည်ပင်ရုံး‌ရှေ့မှာ ဗုံး‌ပေါက်တဲ့‌နေရာဆိုရင်လည်း အဲဒီလမ်းမှာက အပြင်လူ‌တွေ သိပ်အဝင်အထွက်မလုပ်ဘူး။ ပြီး‌တော့မ‌နေ့က မနက်ပိုင်းမှာဆိုရင်လည်း ‌နေရာ‌တော်‌တော်များများမှာ သူတို့ စစ်‌ဆေးမှု‌တွေလုပ်တာ ရှိ‌သေးတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်‌နေ့မှစပြီး ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခွန်ရုံးအနီးတွင် ‌ပေါက်ကွဲမှုတစ်ခုဖြစ် ပွားပြီး‌နောက် ဇန်နဝါရီလ(၂)ရက်‌နေ့တွင် ဖားအံမြို့ အမှတ်(၉)ရပ်ကွက် Mytel ရုံး‌ရှေ့တွင် ဗုံး‌ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ (၃)ရက်‌နေ့ ညပိုင်းတွင်လည်း ဖားအံမြို့‌တောင်က‌လေး ကရင်နှစ်သစ် ကူးကွင်းတွင် တစ်ကြိမ်နှင့် ဇန်နဝါရီလ(၇)ရက် ‌နေ့လည်ပိုင်းအချိန်တွင် ဖားအံမြို့ ကားဝင်းကြီးအနီး မြန်မာဘီယာ ရုံးနားတွင်တစ်ကြိမ် ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုလည်း ‌ဒေသခံ၏ ‌ပြောဆိုချက်အရ သိရသည်။

ဖားအံလူငယ်တစ်ဦးကလည်း “သူတို့‌တွေက လူငယ်‌တွေကို အမြဲ‌ရွေးပြီးစစ်‌နေတယ်။ ကံ‌ကောင်းတာက ဆိုင် ကယ် လိုင်စင်‌တွေအပြည့်အစုံပါတာ။ ပြီး‌တော့ ဖုန်း၊ အိတ်အကုန်ဖွင့်စစ်တယ်။ အခုက ဆိုင်ကယ်ဦးထုပ်‌ဆောင်း ထား၊ Mask တပ်ထား‌တော့လည်း စစ်တပ်‌တွေကမသကင်္ာဘူး။ ဦးထုပ်မ‌ဆောင်းရင်လည်း ‌မော်‌တော်ပီ ကယ်‌တွေက ပြဿနာရှာတယ်။ မြို့ထဲမှာ ‌ရှောင်တဲ့လမ်း‌တွေရှိတယ်။ အဲဒီ‌ရှောင်တဲ့လမ်း‌တွေကိုလည်း အခုရက် ပိုင်းလိုက်စစ်တယ်”ဟု ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ဖားအံမြို့တွင်းအပြင် မြို့ပြင်ဘက်ရှိ ‌ကျေးရွာများတွင်လည်း ယခု‌နောက်ပိုင်းတွင် စစ်ကားများနှင့် သွားလာလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။