Home သတင်း KNDO စစ်ဦးစီးချုပ်နှင့် တပ်မှူးတစ်ဦးကို ရာထူးနှင့် တာဝန်များမှ ရပ်စဲ‌ကြောင်း KNU ထုတ်ပြန်

KNDO စစ်ဦးစီးချုပ်နှင့် တပ်မှူးတစ်ဦးကို ရာထူးနှင့် တာဝန်များမှ ရပ်စဲ‌ကြောင်း KNU ထုတ်ပြန်

1114

ဇန်နဝါရီ ၁၉ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသ၌ လူ ၂၅ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများဖြစ်သည့် ကရင်အမျိုးသားကာ ကွယ်‌ရေးတပ်မ‌တော် (KNDO) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြနှင့် ဒုဗိုလ်‌စောဘာဝါးတို့နှစ်ဦးကို ၎င်းတို့၏ ရာထူးနှင့် တာဝန်နှစ်ရပ်စလုံး ရပ်စဲလိုက်‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကာကွယ်‌ရေးဌာန အမိန့်ထုတ် ပြန်စာအရ သိရသည်။

KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ (CEC)၏ (၃၅) ကြိမ်‌မြောက် အစည်းအ‌ဝေး ဆုံးဖြတ်ချက်နှင့် အတွင်း‌ရေးမှူးချုပ် ရုံး၏ ညွှန်ကြားချက်အရ KNDO တပ်ပိုင်း‌ခေါင်း‌ဆောင်နှစ်ဦးကို ရာထူးနှင့် တာဝန်များမှ အသီးသီး ရပ်စဲလိုက်ရခြင်းဖြစ် ‌ကြောင်း KNU ဗဟို‌ခေါင်း‌ဆောင်တစ်ဦးက ယခုလို အတည်ပြု ‌ပြောဆိုသည်။

အဆိုပါဗဟို‌ခေါင်း‌ဆောင်က “ဟုတ်ပါတယ် အဲ့ကိစ္စ။ ဒါက အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းအ ရ လုပ်သွားတာပါပဲ။ စုံစမ်းစစ်‌ဆေး‌ရေးဖြစ်စဉ်‌တွေ ပြီးသွား‌တော့ ဒီလို ဆုံးဖြတ်လိုက်တယ်လို့ပဲ နားလည်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ကာကွယ်‌ရေးဌာန၏ ဌာနမှူး ပဒို‌စော‌ရောဂျာခင်က လက်မှတ်‌ရေးထိုးကာ ကရင်စာဖြင့်ထုတ်ပြန်ခဲ့ သည့် အဆိုပါအမိန့်စာထဲတွင် ဇန်နဝါရီလ ၁၇ရက်‌နေ့မှစ၍ ထို KNDO တပ်ဖက်အရာရှိနှစ်ဦးကို ၎င်းတို့၏လက်ရှိ ရာထူးနှင့် တာဝန်များကို အသီးသီး ရပ်စဲလိုက်ပြီး‌နောက် စစ်ဦးစီးချုပ်တာဝန်ကို ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်မှူးကြီး‌စောရှီး‌လေကို ခန့်အပ်လိုက် ‌ကြောင်းလည်း ‌ဖော်ပြထားသည်။

၂၀၂၁ခုနှစ်၊ ‌မေလ ၃၁ရက်‌နေ့က မြဝတီခရိုင်၊ ‌ဝေါ‌လေမြို့နယ် ကနဲ‌လေး-‌မော်ခီးသွား ကားလမ်း၊ အူးဟူ‌ချောင်း တံတား တည်‌ဆောက်‌ရေးလုပ်ငန်းခွင်‌နေရာမှ အလုပ်သမားဆိုသူ ၄၇ဦးကို နယ်‌မြေခံ KNDO တပ်က ဖမ်းဆီးခဲ့ပြီး‌နောက် ၂၂ဦး ပြန်လွှတ်‌ပေးခဲ့ကာ ၂၅ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့‌ကြောင်း အာဏာသိမ်းစစ်‌ကောင်စီက ဓာတ်ပုံများနှင့် တကွ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်‌ကောင်စီ၏ သတင်းထုတ်ပြန်မှု‌နောက်ပိုင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ရက်‌နေ့တွင် KNU ၏ ဗဟို အလုပ်အမှု ‌ဆောင်‌ကော်မတီက ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အ‌ရေး‌ပေါ်အစည်းအ‌ဝေး‌ခေါ်ယူပြီး အမှုကို စုံစမ်းစစ်‌ဆေးမှုများ ပြုလုပ် သွားရန် သက်ဆိုင်ရာ KNDO တပ်ဖက်‌ခေါင်း‌ဆောင်နှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်း‌ကြောင်း ညွှန်ကြားစာ ‌ပေးပို့ခဲ့သည်။

KNU ကာကွယ်‌ရေးဌာန၏ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့် ၎င်းအမိန့်စာအ‌ပေါ် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြက လက်မခံ‌ကြောင်း ယမန်နှစ် ဇူလိုင်လ ၁၁ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ခဲ့‌သော်လည်း ယခုလက် ရှိ တာဝန်နှင့်ရာထူး ရပ်စဲလိုက်ခြင်းအ‌ပေါ်တွင်မူ ၎င်း၏သ‌ဘောထားကို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိ‌သေး‌ပေ။

ဗိုလ်ချုပ်ကြီး‌စောနယ်ဒါးမြအ‌နေဖြင့် အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ‌ဖြေရှင်းမှုပြုလုပ်ရန် KNU ဗဟိုက အကြိမ်ကြိမ် ဆင့်‌ခေါ်ခဲ့‌သော်လည်း သွား‌ရောက်‌တွေ့ဆုံ‌ဖြေ ရှင်းမှုမပြုလုပ်ခဲ့သည့်အ‌ပေါ် KNU က စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်‌ဆေးခဲ့ပြီး‌နောက် ယခုလို အမိန့်စာဖြင့် ရာထူး၊ တာဝန်နှစ်ရပ်စလုံးကို ရပ်စဲလိုက်ခြင်းဖြစ်‌ကြောင်းလည်း KNU ဗဟိုနှင့် နီးစပ်သူများက ‌ပြောသည်။

ကရင့်နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ‌စောကပိက “နိုင်ငံတကာက ကျ‌နော်တို့ကို ကိုယ်ပိုင်အုပ်ချုပ်မှု ဥပ‌ဒေနဲ့ စည်းမျဉ်း စည်းကမ်းနဲ့ရှိ‌နေတဲ့ လူမျိုးတစ်မျိုးအ‌နေနဲ့ မြင်‌စေချင်တဲ့အတွက် KNU အ‌နေနဲ့ ဒီကိစ္စအ‌ပေါ် ဘာတစ်ခုမှ အ‌ရေးမယူ ဘူးဆိုရင်‌တော့ မဖြစ်သင့်ဘူး‌ပေါ့။ ကျ‌နော်မြင်တာက ရာထူး‌ကော၊ တာဝန်‌ကော နှစ်ခုစလုံးကို ရပ်ဆိုင်းလိုက်တာက ‌တော့ ပြင်းလွန်းပြီး‌တော့ မဖြစ်သင့်ပါဘူး။ ဒါ‌ပေမဲ့ မျက်နှာချင်းဆိုင်‌တွေ့ဆုံပြီး ‌ဖြေရှင်းခွင့်မရတဲ့အ‌ပေါ်မှာ‌တော့ အခြား နည်းလမ်းကိုလုပ်ဖို့လည်း သူတို့အတွက် ခက်ခဲ‌စေတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

KNDO စစ်ဦးစီးချုပ်ကို ယာယီ တာဝန်ရပ်ဆိုင်းခဲ့ခြင်းနှင့် ယခု ထပ်မံ၍ ရာထူး၊ တာဝန်နှစ်ရပ်စလုံး ရပ်စဲလိုက်ခြင်းအ ‌ပေါ် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ‌ဝေဖန်မှုမျိုးစုံ ထွက်‌ပေါ်လျက်ရှိသည်။

၂၀၂၁ခုနှစ်ကုန်ပိုင်းက မြဝတီမြို့နယ်၊ ‌လေး‌ကေ‌ကော်တွင် စစ်‌ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်‌နေသည့် KNLA, KNDO တပ်ဖွဲ့များကို ပြည်တွင်းပြည်ပရှိ ညီအစ်ကို‌မောင်နှမများက တတ်နိုင်သည့်ဘက်မှ ‌ထောက်ပံ့‌ပေးရန် KNDO ဌာနချုပ်ကိုယ်စား ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြ လက်မှတ်‌ရေးထိုးကာ ဒီဇင်ဘာလ ၁၈ရက်‌နေ့က တိုက်တွန်းနှိုး‌ဆော်စာ ထုတ်ပြန်ခဲ့‌သေးသည်။