Home သတင်း နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းကြရန် PPST ‌ပြောဆို

နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းကြရန် PPST ‌ပြောဆို

1254

ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ယခုနှစ်သစ် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးအကျပ်အတည်းများကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဆွေး‌နွေး‌ဖြေရှင်းသွားကြရန် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို ပန်ကြား လို ‌ကြောင်း NCA အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST က ယမန်‌နေ့ အစည်းအ‌ဝေး ထုတ်ပြန်ချက်၌ ‌ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ‌ရေး ပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့် မ‌ဖြေရှင်းဘဲ အင်အားသုံး ‌ဖြေရှင်းမှုများ‌ကြောင့် အပြစ်မဲ့ ပြည်သူများ အတိဒုက္ခ‌ရောက်သွားကြရသည့်အ‌ပေါ် ၎င်းကို ‌လျှော့ချနိုင်ရန် နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းသွားရန် ယခုလို ပန်ကြား ‌ပြောဆိုခြင်းဖြစ်သည်ဟု PPST ၏ ‌ပြောခွင့်ရ ခွန်မြင့်ထွန်းက ‌ပြောသည်။

၎င်းက “တကယ့်လက်‌တွေ့ပြဿနာ‌ဖြေရှင်းတဲ့‌နေရာမှာက ‌ဆွေး‌နွေးမှုနဲ့ပဲ ‌ဖြေရှင်းရမှာပဲ။ ဒီကာလမှာ ကျ‌နော်တို့ အ‌နေနဲ့ ဒီဟာကို တင်ပြ‌နေတာက‌တော့ တကယ်လို့ ကျ‌နော်တို့ တိုင်းပြည် ကို ‌ဆွေး‌နွေး ‌ဖြေရှင်းနိုင်မယ်ဆိုရင်‌တော့ အ‌ကောင်းဆုံးဖြစ်မယ်၊ အသက်သာဆုံးဖြစ်မယ်၊ ဒီအ‌ပေါ်အ‌ခြေခံပြီး‌တော့ ရပ်တည်ပြီး‌တော့ ‌ပြောကြားခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အကျပ်အတည်း‌ဖြေရှင်း‌ရေးတွင် PPST မှ ယခုနှစ်အတွက် ချမှတ် ထား‌သော NCA အနှစ်သာရကို အ‌ခြေခံသည် နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းခြင်း နှင့် PPST ၏ နိုင်ငံ‌ရေး ရပ်တည်ချက် ၇ ရပ်ကို အ‌ခြေခံ၍ ကြိုးပမ်း‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်းလည်း ယမန်‌နေ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ ရပ်တည်ချက် ၇ ရပ်မှာ ဖမ်းဆီးထိန်းသိမ်းသူများအားလုံးကို အမြန်ဆုံးလွတ်‌ပေးပြီး ‌ဆွေး‌နွေး ‌ဖြေရှင်းရန်၊ အနာဂတ်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများတွင် အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ အကူအညီဖြင့် နိုင်ငံ‌ရေး နည်းလမ်းဖြင့် ‌ဖြေရှင်းသွားရန်၊ တိုင်ပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုက‌ရေစီ ‌ဘောင်အတွင်း အမြန်ဆုံး လွှဲ‌ပြောင်း‌ရေး ဝိုင်းဝန်းအ‌ဖြေရှာရန်၊ တိုင်းပြည်၏ အ‌ခြေခံ အ‌ဆောက် အအုံများပြုပြင်‌ပြောင်းလဲ သွားရန်၊ လူထုကိုအကာအကွယ်‌ပေးသည့် လုံခြုံ‌ရေးစနစ်တည်‌ဆောက်‌ရေး၊ ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘဝပြန်လည်ထူ‌ထောင်‌ရေး နှင့် ကုစား‌ရေး ‌ဆောင်ရွက်သွားရန်နှင့် ‌ရေရှည်ငြိမ်းချမ်း‌ရေးကို ဦးတည်‌စေသည့် ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စု တည်‌ဆောက်‌ရေး စသည့်အချက်များပါဝင်သည်။

ထို့အပြင် လက်ရှိ နိုင်ငံ‌ရေး အကျပ်အတည်းကို ‌ဆွေး‌နွေး‌ဖြေရှင်းရာတွင်လည်း NCA အနှစ်သာအရ နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းရန် တိုက်တွန်းခြင်းဖြစ်ပြီး NCA ၏ သ‌ဘော တူညီချက်များပါ နိုင်ငံ‌ရေးမူ‌ဘောင်အတွင်း ‌ဆွေး‌နွေး‌ဖြေရှင်းရန် ဆိုလိုခြင်းမဟုတ်‌ကြောင်းလည်း PPST၏ ‌ပြောခွင့်ရ ခွန်မြင့်ထွန်းက ‌ပြောသည်။

“အခုလက်ရှိ ကျ‌နော်တို့ လုပ်ငန်းစဉ် ၇ ရပ်ကို ချမှတ်ပြီး‌ပြောတာက‌တော့ NCA မူ‌ဘောင်ထဲက နိုင်ငံ‌ရေး ကိစ္စ‌တွေ ‌ဆွေး‌နွေးဖို့ မဟုတ်ဘူး။ လက်ရှိနိုင်ငံ‌ရေး အကျပ်အတည်းကို ‌ဖြေရှင်း‌ရေးအတွက် ချမှတ်ထားတာ ဖြစ်ပါတယ်။” ဟု သူက ဆက်‌ပြောသည်။

ဆက်လက်ပြီး ယခင်နှစ် ဒီဇင်ဘာလအတွင်းဖြစ်‌ပေါ်ခဲ့သည့် ကရင်နီ(ကယား)ပြည်နယ် ဖလူဆို‌ဒေသ ရှိ လူအစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်မှု၊ ကရင်ပြည်နယ် ‌လေး‌ကေ့‌ကော် ‌ဒေသရှိ တပ်အလုံးအရင်း တိုက်ခိုက်မှု နှင့် အခြား‌ဒေသရှိ အရပ်သားပြည်သူများအ‌ပေါ် စစ်‌ကောင်စီ၏ လူသားမဆန် ကျူးလွန် ဆက်ဆံမှုများအ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ‌ကြောင်းလည်း PPST ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိနိုင်ငံ‌ရေး အကျပ်အတည်းများ ‌ဖြေရှင်းရာတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နှင့် အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံတကာ၏ ကြားဝင်‌စေ့စပ်‌ဖြေရှင်းများကို မြန်မာ့နိုင်ငံ‌ရေး၏ လက်‌တွေ့ ပကတိ အ‌ခြေအ‌နေနှင့်အညီ လက်‌တွေ့ ‌ဆောင်ရွက်နိုင်ရန် PPST အ‌နေဖြင့် ကြိုးပမ်း‌ဆောင် ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ‌ဖော်ပြ‌ပြောဆိုထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို လက်မှတ်‌ရေး ထိုးထား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်ဦး‌ဆောင်အဖွဲ့(PPST) အစည်းအ‌ဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်မှ ၆ ရက်‌နေ့ အထိ ကျင်းပခဲ့ပြီး သက်ဆိုင်ရာအစုအဖွဲ့ အားလုံးပါဝင်တက်‌ရောက်ခဲ့‌သော်လည်း KNU ကိုယ်စားလှယ်များ ပါဝင်တက်‌ရောက်ခြင်းမရှိ‌ကြောင်း ‌တွေ့ရသည်။

NCA လက်မှတ်‌ရေးထိုးထားခဲ့‌သော တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည် လွတ်‌မြောက် ‌ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုက‌ရေစီ အကျိုးပြုကရင့် တပ်မ‌တော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (ငြိမ်းချမ်း‌ရေး ‌ကောင်စီ)KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်း(ရှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/သျှမ်း(ရှမ်း)ပြည်တပ်မ‌တော်(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်သည်။