Home သတင်း မြဝတီမြို့ သဃင်္န်းညီ‌နောင်ရဲစခန်း ပစ်ခတ်ခံရ

မြဝတီမြို့ သဃင်္န်းညီ‌နောင်ရဲစခန်း ပစ်ခတ်ခံရ

1169
Photo: CJ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ သဃင်္န်းညီ‌နောင်နယ်‌မြေရဲစခန်းအား ယ‌နေ့ ဇန်နဝါရီ လ ၁၅ ရက် ည ၈ နာရီ အချိန်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာ‌ရောက်ပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

“ဒီက‌နေ့ ည ၈ နာရီအချိန်ခန့် ‌လောက်က ဖြစ်သွားတာ။ RPG လို့ ထင်ရတဲ့ လက်နက်ကြီးသံ ၁ ချက် နဲ့ လက်နက်ငယ်ပစ်ခတ်သံ အချက် (၃၀) နီးပါး ကြားရတယ်” ဟု သဃင်္န်းညီ‌နောင် နယ်‌မြေရဲစခန်းအနီး ‌နေထိုင်သူတစ်ဦး က ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ ရဲစခန်းထဲသို့ ဝင်ကာ ပစ်ခတ်ခြင်းမဟုတ်ဘဲ ခပ်လှမ်းလှမ်းမှ လာ‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းဘက်ကလည်း လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့‌ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ထိုသို့ မြဝတီမြို့နှင့် ၉ မိုင်ခန့်အကွာ သဃင်္န်းညီ‌နောင်နယ်‌မြေရဲစခန်း ပစ်ခတ်ခံရပြီး‌နောက် ၎င်း‌နေရာအနီးဝန်းကျင်ရှိ အာဝါ‌ဒေး ‌လောင်းကစားဝိုင်းမှ ဇာတ်ပွဲသံများ တိတ်ဆိတ်သွား‌သော်လည်း မြဝတီမြို့‌ပေါ်ရပ်ကွက်အသီးသီးရှိ အာဝါ‌ဒေး‌လောင်းကစားဝိုင်းမှ ဇာတ်ပွဲများမှာမူ ဆူညံလျက် ရှိ‌နေဆဲဖြစ်သည်။