Home သတင်း ကံ‌ပေါက်ရှိ ‌ဈေးသည်များ အသံတိတ်သပိတ်တွင် မပါဝင်ရန် စစ်‌ကောင်စီအဖွဲ့ ဖိအား‌ပေးခြိမ်း‌ခြောက်ပြီး လက်မှတ်ထိုးခိုင်း‌နေ

ကံ‌ပေါက်ရှိ ‌ဈေးသည်များ အသံတိတ်သပိတ်တွင် မပါဝင်ရန် စစ်‌ကောင်စီအဖွဲ့ ဖိအား‌ပေးခြိမ်း‌ခြောက်ပြီး လက်မှတ်ထိုးခိုင်း‌နေ

985
Photo: CJ

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင် ‌ရေဖြူမြို့နယ် ကံ‌ပေါက်‌ဈေးတွင် ‌ဈေး‌ရောင်း‌နေသည့် ‌ဈေးသည်များအ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် အသံတိတ်သပိတ်တွင် မပါဝင်ရန် ယ‌နေ့ ဇန်နဝါရီလ ၂၈ ရက်‌နေ့ နံနက်ပိုင်းက စစ်‌ကောင်စီအဖွဲ့နှင့်ပျု‌စောထီးအဖွဲ့ဝင်များက အတင်းအကြပ်လက်မှတ်ထိုးခိုင်း‌နေ‌ကြောင်း ‌ဈေးသည်များက ‌ပြောသည်။

အကယ်၍ ‌ဈေးသည်များအ‌နေဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည်ရှိ‌သော် ဆိုင်ကိုပိတ်သိမ်းမည်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နှင့် ပါ တရားစွဲဆိုသွားမည်ဟု ကံ‌ပေါက်‌ဈေးသည်များကို စစ်‌ကောင်စီအဖွဲ့က ဖိအား‌ပေးခြိမ်း‌ခြောက်‌ပြောဆိုသွား‌ကြောင်း ကံ‌ပေါက်‌ဈေးသည်များထံမှ သိရပါသည်။

ထို့အပြင် ကံ‌ပေါက်‌ဈေးထဲက‌ဈေးသည်များကိုလည်း ‌ဖေ‌ဖော်ဝါရီ (၁) ရက်‌နေ့တွင် ‌ဈေးလာ‌ရောင်းရန်ကိုလည်း စစ်‌ကောင်စီအုပ်ချုပ်‌ရေးအဖွဲ့က အတင်းအဓမ္မ ခြိမ်း‌ခြောက်‌ပြောဆိုပြီး လက်မှတ်များထိုးခိုင်း‌ကြောင်း ‌ဈေးသည်များက ‌ပြောသည်။

စစ်‌ကောင်စီအဖွဲ့က ထိုသို့ ဖိအား‌ပေး ခြိမ်း‌ခြောက်ပြီး လက်မှတ်ထိုးခိုင်း‌သော်လည်း ‌ဈေးသည်များက လုံးဝကို လက်မှတ်ထိုးခြင်းမရှိ‌ကြောင်းလည်း ‌ဈေးသည်များက‌ပြောသည်။