Home သတင်း ပျူ‌စောထီးသားအဖ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ဟု ထားဝယ်ပြည်သူ့ကာကွယ်‌ရေးပူး‌ပေါင်းတပ်ထုတ်ပြန်

ပျူ‌စောထီးသားအဖ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ဟု ထားဝယ်ပြည်သူ့ကာကွယ်‌ရေးပူး‌ပေါင်းတပ်ထုတ်ပြန်

750

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို ၊ ကြက်စားပြင်ရပ်ကွက်၊ ဘူတာလမ်းတွင်‌နေထိုင်‌သော ပျူ‌စောထီးအဖွဲ့ဝင် သားအဖ နှစ်ဦးကို ယ‌နေ့ဇန်နဝါရီ ၂၈ ရက် နံနက် (၁၀)နာရီအချိန်ခန့်တွင် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်‌ရေးပူး‌ပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်‌ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦး‌မောင်‌လေး နှင့် သန့်ဇင်စိုး(‌ခေါ်)ဘဲခမ်း သားဖနှစ်ဦးတို့ သည် စစ်အာဏာရှင်အားဆန့်ကျင်‌သောပြည်သူများအ‌ပေါ် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခ‌ပေး‌နေသူများဖြစ် ‌သော‌ကြောင့် ၎င်းနှစ်ဦးအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးပူး‌ပေါင်းတပ်ဖွဲ့ဝင် များက သွား‌ရောက်ရှင်းလင်းခဲ့ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့သားအဖနှစ် ဦးအား သုတ်သင်ရှင်လင်းပြီး‌နောက် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာလွတ်‌မြောက်နယ်‌မြေ စခန်းသို့ ပြန်လည်‌ရောက်ရှိပြီးဖြစ်‌ကြောင်း ပြည်သူ့ကာကွယ်‌ရေးပူး‌ပေါင်းအဖွဲ့က ဆိုသည်။

ထို လုပ်‌ဆောင်ချက်များသည် ပြည်သူလူထုများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်‌ကြောင်း ၎င်းတို့အဖွဲ့နှင့်သာ သက်ဆိုင်‌ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးပူး‌ပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။