Home သတင်း ထိုင်းဘက်ခြမ်း နွားခြံရှိ စစ်‌ရှောင်စခန်းပိတ်သိမ်း၊ စစ်‌ရှောင်အများစု နယ်စပ်ကမ်းနား၌ ဆက်လက်ခိုလှုံ

ထိုင်းဘက်ခြမ်း နွားခြံရှိ စစ်‌ရှောင်စခန်းပိတ်သိမ်း၊ စစ်‌ရှောင်အများစု နယ်စပ်ကမ်းနား၌ ဆက်လက်ခိုလှုံ

996
Photo: Kahsaw Wah

ဇန်နဝါရီ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ့‌ကော်‌ဒေသတွင်း ဖြစ်ပွား‌နေသည့်တိုက်ပွဲ‌ကြောင့် ‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်‌နေကြ‌သော စစ်‌ရှောင်များခိုလှုံရာ ထိုင်းနိုင်ငံမဲ‌ဆောက်မြို့အနီးရှိ မဲ့ကိုကင်းရွာ နွားခြံရှိ ယာယီစစ်‌ရှောင်စခန်းကို ယ‌နေ့ အပြီးပိုင်ပိတ်သိမ်းလိုက်ပြီဟု စစ်‌ရှောင်ကူညီသူများက ‌ပြောသည်။

အဆိုပါ မဲ့ကိုကင်းနွားခြံစစ်‌ရှောင်စခန်းကို ယမန်‌နေ့က စတင်ပိတ်သိမ်းလိုက်ပြီဖြစ်‌သော်လည်း ထိုစခန်းရှိ စစ်‌ဘေး‌ရှောင် ၂,၀၀၀‌ကျော်မှာ ၎င်းတို့‌နေရပ်ရင်းကိုမပြန်ဘဲ DKBA တပ်ဖွဲ့များ ထိန်းချုပ်ရာ‌ဒေသ ‌ကျေးရွာများဘက်သို့ ဆက်လက်‌ရွှေ့‌ပြောင်းခိုလှုံရန် ပြင်ဆင်‌နေကြသည့် အစုအဖွဲ့များရှိသလို အချို့မှာ နယ်စပ်ရှိ‌သောင်ရင်းမြစ်တစ်‌လျှောက် မြန် မာဘက်ခြမ်း အရိပ်ရသည့်‌နေရာများတွင် ဆက်လက်ခိုလှုံ‌နေဆဲဖြစ်သည်ဟုလည်း စစ်‌ရှောင်‌ထောက်ပံ့ကူညီ‌ပေးသူများ က ယခုလို ‌ပြောသည်။

“မ‌နေ့ကစပြီး‌တော့ ဒီ‌နေ့ဆို မဲ့ကိုကင်းနွားခြံက‌တော့ အကုန်ပြန်ကြပြီ။ အချို့က မြဝတီဘက်ခြမ်းကို ပြန်ကြတယ်။ ရွာသား‌တွေအများစု သူတို့ရွာကိုမပြန်ဘဲ မြန်မာဘက်ခြမ်း ‌သောင်ရင်းမြစ်ကမ်းနားမှာပဲ အဆင်‌ပြေသလို ဆက်လက် ခိုလှုံ ကြတယ်။ အချို့က‌တော့ အ‌ပေါ်ဘက်(DKBA နယ်‌မြေ) တက်သွားတာရှိတယ်။”ဟု ထိုင်းဘက်ခြမ်းရှိ စစ်‌ရှောင်များကို ကူညီ‌ထောက်ပံ့‌ပေး‌နေသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌လေး‌ကေ‌ကော်‌ဒေသဖြစ်သည့် ‌လေး‌ကေ့‌ကော်မြို့သစ်‌နေရာ အပါ အဝင် ‌ကျေးရွာ‌တော်‌တော်များများတွင် စစ်‌ကောင်စီတပ်များ တပ်စွဲ‌နေရာယူထားဆဲဖြစ်၍ ‌နေအိမ်သို့ ပြန်လည်‌နေထိုင်မရဲကြ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ ‌လေး‌ကေ့‌ကော်မြို့သစ်‌နေ စစ်‌ရှောင်တစ်ဦးကလည်း ယခုလို ‌ပြောသည်။

“အခုချိန်ထိ ဘယ်သူမှပြန်ဝင်လို့မရ‌သေးဘူး။ ‌လေး‌ကေ့‌ကော်ထဲမှာ စစ်‌ကောင်စီအဖွဲ့‌တွေ တပ်စွဲ‌နေ‌နေကြတယ်။ ‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးရုံး (သူကြီးရုံး)မှာလည်း သူတို့ရှိ‌နေတယ်။ မယ်ဝါးခီးဂိတ်နဲ့ ရပ်ကွက်ထဲကအိမ်‌တွေမှာလည်း ရှိ‌နေတယ်။ အိမ်တိုင်းလည်း ‌ဖောက်ထွင်းဖျက်ဆီးခံထားရတယ်။ အဲ့‌တော့ ကျ‌နော်တို့ မပြန်ရဲဘူး။”ဟု သူက ‌ပြောသည်။

ထို့အတူ စစ်‌ကောင်စီ၏အစီအစဉ်ဖြင့် မြဝတီဘက်ခြမ်းသို့ ‌နေရပ်ပြန်ကြသည့် စစ်‌ရှောင်များလည်း တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်သဖြင့် ညပိုင်းတွင် မြန်မာဘက်ကမ်း ‌သောင်ရင်းမြစ်‌ဘေးတွင်သာ ယာယီတဲများဖြင့်သာ ‌နေထိုင်‌နေကြ‌ကြောင်း မြဝတီမြို့မှ တစ်ပိုင်တစ်နိုင် စစ်‌ဘေး‌ရှောင်သူများအား ကူညီ‌နေကြသည့် ပရဟိတအဖွဲ့များက ‌ပြောသည်။

Photo: Kahsaw Wah

“ကျ‌နော်တို့ မြဝတီဘက်‌နေ စစ်‌ရှောင်လှူကူဖို့ သွားတယ်။ အင်ကြင်းမြိုင်ဘုန်းကြီး‌ကျောင်း၊ မင်းလက်ပံ ဘုန်းကြီး ‌ကျောင်း၊ မဲ့‌ထော်သ‌လေး ဘုန်းကြီး‌ကျောင်း‌တွေမှာ သူတို့အိမ်မပြန်ဘဲ ‌နေ‌နေကြသူ‌တွေကို မိသားစု ၈၀ဝ စာ‌လောက်‌ပေါ့။ ‌ဝေငှနိုင်ဖို့ သွားခဲ့တယ်။ အဲ့ဒီက‌နေ ‌ရှေ့ဆက်ဝင်ပြီး ကူညီဖို့ စစ်တပ်က ‌ပေးမသွားဘူး။ အခု ‌ဝေငှတဲ့ရွာက လူ‌တွေလည်း ကိုယ့်အိမ်ကိုယ်ပြန်မ‌နေကြဘူး။ ‌သောင်ရင်းမြစ်‌ဘေးက ယာယီတဲ‌နေရာ‌တွေမှာပဲ ညဆင်းအိပ်ကြတယ်။ တိုက်ပွဲက ဘယ်အချိန်ပြန်ဖြစ်မယ်ဆိုတာ စိုးရိမ်‌နေကြတယ်။”ဟု စစ်‌ဘေး‌ရှောင် ကူညီသူတစ်ဦးက ‌ပြောသည်။

စစ်‌ကောင်စီတပ်များ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့/ အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(PDF /CDM) များအား ဖမ်းဆီးရှင်းလင်းသည့် စစ်ဆင်‌ရေး‌ကြောင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ ၆ ပူး‌ပေါင်းတပ်ဖွဲ့များနှင့် ဒီဇင်ဘာ ၁၅ရက်‌နေ့ကတည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွား‌နေသည့်အချိန်မှစ၍ ‌လေး‌ကေ့‌ကော်မြို့သစ် အပါအဝင် မယ်ဝါးခီးရွာနှင့် ပဟိက‌လော်ရွာ၊ ရ‌သေ့ဂူ၊ မယ့်‌ထော်သ‌လေး၊ ဖလူကြီး၊ ဖလူး‌လေး‌ကျေးရွာမှ ‌ဒေသခံစုစု‌ပေါင်း တစ်‌သောင်း‌ကျော် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးခဲ့ရသည်။

ထိုတိုက်ပွဲ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ကြသည့် ‌ဒေသများအနက် ၅၀၀ဝခန့်မှာ ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့အနီးရှိ မဲ့ကိုကင်းနွားခြံတွင် သွား‌ရောက်ခိုလှုံ‌နေကြသလို အချို့မှာ မြန်မာဘက်ခြမ်း ‌သောင်ရင်းမြစ်ကမ်းနားတစ်‌လျှောက်တွင် ခိုလှုံ‌နေကြခြင်းဖြစ်သည်။

၎င်းမြန်မာဘက်ကမ်း ‌သောင်ရင်းမြစ်ကမ်းနားတစ်‌လျှောက်တွင် ခိုလှုံ‌နေကြသည့် စစ်‌ရှောင်များမှာ ကူညီသူများ၏ အ‌ထောက်အပံ့ဖြင့် တစ်လနီးပါး ရပ်တည်‌နေရသဖြင့် ‌နေထိုင်စား‌သောက်‌ရေး ပိုမိုခက်ခဲလာသည်ဟု စစ်‌ရှောင်များက ‌ပြောသည်။

“‌သောင်ရင်းမြစ်‌ဘေးမှာပဲ ထိုင်းဘက်နဲ့ မြန်မာဘက်က လာလှူလာပို့‌ပေးတာ‌တွေပဲ ‌မျှော်ပြီး စား‌သောက်‌နေရတယ်။ ‌သောက်သုံး‌ရေက ‌ချွေတာ‌နေရတယ်။ သက်ကြီးဘိုးဘွားနဲ့ ခ‌လေးသူငယ်‌တွေက ‌မွေးကင်းစအထိ ရှိ‌နေကြတာဆို‌တော့ ရက်ရှည်လာရင်‌တော့ မလွယ်‌တော့ဘူး”ဟု အဆိုပါ အမည်မ‌ဖော်လိုသူ ‌လေး‌ကေ့‌ကော်စစ်‌ရှောင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

မြဝတီမြို့‌တောင်ဘက် ‌လေး‌ကေ‌ကော်-‌ဝေါ‌လေ လမ်းပိုင်းတစ်‌လျှောက်ရှိ စစ်အာဏာရှင်ဆန့်ကျင်သည့် ‌တော်လှန်‌ရေးတပ်ဖွဲ့များအား နယ်‌မြေရှင်းလင်းစစ်ဆင်‌ရေးလုပ်‌ဆောင်‌နေသည့် စစ်‌ကောင်စီတပ်များမှာ ယခုရက်ပိုင်း၌ ‌ဒေသတွင်း ‌ကျေးရွာများတွင် လူသူလက်နက်အင်အားဖြည့်တင်းကာ စစ်‌ကြောင်းအ‌ခြေချသည့်‌နေရာများတွင် ‌ပြောက်ကျားတိုက် ခိုက်ခံရမှုများ ‌နေ့စဉ်ဖြစ်ပွား‌နေပြီး ထိခိုက်ဒဏ်ရာရသူ၊ ‌သေဆုံးသူများရှိ‌နေ‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ် များအရ သိရသည်။