ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေကေကော်ဒေသ တိုက်ပွဲကြောင့် မြန်မာ နယ်စပ်သောင်ရင်းမြစ်ဘေး နေထိုင်နေရသည့် ဖလူးကြီးကျေးရွာမှ စစ်ရှောင် အဘိုး ၁ ဦးနှစ် ရက်ဆက်ရာသီချိန်ခါ မဟုတ်ရွာသည့် မိုးကြောင့် ဖျားနာသေဆုံးကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်နေသည့် နေရာများတွင် မြေပြင်တွင် တာလပတ်အခင်းများ ဖြင့်သာ ယာယီနေထိုင်နေရသည့်အတွက် သက်ကြီး အဖိုး၊ အဘွား တစ်ချို့ နှင့် ခလေးငယ်များလည်း ဖျားနာ၊ ဝမ်းပျက်မှုများ ကြုံတွေ့ ခံစားနေကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင် နေသူများ ပြောစကားအရ သိရသည်။