Home သတင်း ထားဝယ်သပိတ် ဖြိုခွင်းခံရမှု‌ကြောင့် ကျဆုံးခဲ့သူများအား ‌အောက်‌မေ့တမ်းတဆီမီးထွန်းဆု‌တောင်းခြင်း ပြုလုပ်

ထားဝယ်သပိတ် ဖြိုခွင်းခံရမှု‌ကြောင့် ကျဆုံးခဲ့သူများအား ‌အောက်‌မေ့တမ်းတဆီမီးထွန်းဆု‌တောင်းခြင်း ပြုလုပ်

1119
Photo: CJ

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

“‌ဖေ‌ဖော် ၂၈ တို့မ‌မေ့ ၊ ဇာနည်‌သွေးအတွက် ‌ရှေ့ဆက်‌ဟေ့ ” ‌ဆောင်ပုဒ်ဖြင့် ထားဝယ်သပိတ်စစ်‌ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း ၁၁ လပြည့် ‌အောက်‌မေ့ဖွယ် ဆီမီးထွန်းဆု‌တောင်းခြင်းကို ယ‌နေ့ ဇန်နဝါရီလ ၂၈ ရက် ည‌နေပိုင်းတွင် ကံ‌ပေါက်‌ဒေသ က လူငယ်‌တွေက ပြုလုပ်ခဲ့ကြသည်။

ထားဝယ်ပင်မသပိတ် စစ်‌ကြောင်းသည် ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၈ ရက်‌နေ့တွင် စစ်‌ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းခြင်းခံရပြီး ကို‌ဖေသန်း၊ ကိုသန်းဝင်း၊ ကိုဗညား‌အောင်နှင့် ကိုလွင်လွင်ဦးတို့ ကျဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရရှိသူအများအပြားလည်း ရှိခဲ့သည်။

ထို့အပြင် ထားဝယ်ခရိုင်အတွင်းက ဒီမိုက‌ရေစီအ‌ရေးလှုပ်ရှားများကလည်း ကျဆုံးခဲ့သူများကို ‌အောက်‌မေ့တမ်းသည့် အ‌နေဖြင့် Black shirt Campaign ကိုလည်း ယ‌နေ့ ပြုလုပ်ခဲ့‌သေးသည်။