Home သတင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း တာဝန်မှ နှုတ်ထွက်အနားယူ

‌ကေအဲန်ယူ ဒူးပလာယာခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း တာဝန်မှ နှုတ်ထွက်အနားယူ

597

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ ‌မောင်းသည် ခရိုင်အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ၎င်းအ‌နေဖြင့် တာဝန်မှ နှုတ်ထွက် အနားယူခွင့်‌တောင်းခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိ ရသည်။

ဇန်နဝါရီလ ၂၇ ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့ခရိုင်၏ အ‌ရေး‌ပေါ် အစည်း အ‌ဝေးတွင် တရားဝင် တင်ပြအသိ‌ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပဒို‌စော‌ရွှေ ‌မောင်းအ‌နေဖြင့် ခရိုင်ဥက္ကဌသက်တမ်း မကုန်ဆုံး‌သေး‌သော်လည်း လာမည့် ခရိုင်ကွန်ဂရက်ကျင်းပသည့်အချိန်ထိ အနားယူခွင့်ပြုခဲ့‌ကြောင်း သိရသည်။

ခရိုင်တာဝန်ရှိသူတစ်ဦးက “အခုက‌နေ စနားလိုက်ပြီး‌ပေါ့‌နော်။ အခု စနားလိုက်တာ သူ လုံးဝ မလုပ်‌တော့ဘူး။ ရှင်းရှင်း မလုပ်‌တော့ဘူး။ အဲ့လို‌ပေါ့‌နော်။ သက်တမ်းပြည့် တဲ့အထိ သူနားလိုက်မယ်။ ပြီး‌တော့ သူညီလာခံ ပြန်‌ခေါ်‌ပေးပြီး‌တော့ လွဲလိုက်‌ပေါ့ အဲ့လိုမျိုး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူတွင် ဗဟိုနှင့် ခရိုင်အဆင့် ‌ခေါင်း‌ဆောင်များ၏ တာဝန်ထမ်း‌ဆောင်သည့် သက်တမ်းမှာ ၄ နှစ်ဖြစ်ရာ ခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းအ‌နေဖြင့် တာဝန်ထမ်း ‌ဆောင်ရန် ကျန်ရှိ‌သေးသည့် သက်တမ်းပြီးဆုံးသည်အထိ အနားယူသွား မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ခရိုင်ဒုဥက္ကဌဖြစ်သူ တပ်မဟာ(၆) တပ်မဟာမှူးထံ တာဝန်လွှဲအပ်ထားခဲ့‌ကြောင်း သိရသည်။