ဇန်နဝါရီ ၂၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကာကွယ်ရေးဌာနက ၎င်းတို့ဌာနလက်အောက်ရှိ ကရင်အမျိုးသားကာကွယ် ရေးတပ်မတော်(KNDO) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ဒုဗိုလ်စောဘာဝါးတို့ကို တာဝန်နှင့်ရာထူး ရပ်စဲလိုက်ခြင်းကို လက်မခံကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဇန်နဝါရီ ၂၁ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။
မြဝတီခရိုင် ဝေါ်လေဒေသ၌ လူ ၂၅ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အဆိုပါတာဝန်ရှိသူနှစ်ဦးကို ရာထူးနှင့် တာဝန် များ ရပ်စဲလိုက်ကြောင်း ကေအဲန်ယူ၏ ကာကွယ်ရေးဌာနက ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည့်အ ပေါ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ယင်းသို့ စာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သက်ဆိုင်ရာ ခေါင်းဆောင်များက အမိန့်စာထုတ်ပြန်ခြင်းသည် ကြီးမားသည့်အမှားတစ်ခုကို လုပ်ဆောင်လိုက်ကြောင်း ပြောဆို၍ရသလို၊ လက်ခံ၍မရနိုင်သည့်အပြင် ရန်သူ စစ်ကောင်စီတပ်ကို အားပေးအားမြှောက်ပြုရာရောက်သော ကြောင့် အမိန့်စာ ထုတ်ပြန်ခဲ့သည့် ခေါင်းဆောင်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဆိုပြီး ဗိုလ်မှူးချုပ်စော နယ်ဒါးမြက လူထုများကို တိုက်တွန်းထားကြောင်းလည်း ကရင်ဘာသာဖြင့် ရေးသားထားသည့် ၎င်း၏ကန့်ကွက်စာထဲ တွင် ဖော်ပြပါရှိသည်။
ထို့အပြင် ဗမာစစ်တပ်(စစ်ကောင်စီတပ်)၏ လူ ၂၅ဦးကို သတ်ဖြတ်ခဲ့ရသည့် ဖြစ်စဉ်အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ အကြောင်းစုံ ရှင်းပြခဲ့ပြီးလည်းဖြစ်ကြောင်း ထုတ်ပြန်စာထဲတွင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ယခုလို ထုတ်ဖော်ပြောဆိုထားသည်။
“သူတို့က ကျနော်နဲ့ ဗိုလ်စောဘာဝါးကို လေးဝါးမှာခေါ်တွေ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် လုံခြုံရေးမကောင်းတဲ့ အတွက် သွားလို့မလွယ်ဘူး။ တကယ်လို့ တပ်မဟာ(၅)ဆိုရင်သွားမယ်လို့ ပြောခဲ့တယ်။ ပဒိုရောဂျာခင် စာမထုတ်ပြန် ခင် ပဒိုတာဒိုမူး၊ ပဒိုရောဂျာခင်နဲ့ ပဒိုကွယ်ထူးဝင်းကို တွေ့ဆုံခဲ့သေးတယ်။ ဒါပေမယ့် ပြီးအောင်တစ်ခုမှ မလုပ်သွားခဲ့ ဘူး”ဟု ၎င်း၏ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
သို့သော် တာဝန်ရှိသူများ၏ ခေါ်ယူတွေ့ဆုံမှုကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြက သွားရောက်တွေ့ဆုံ ပြောဆိုဆွေးနွေးခဲ့ ခြင်းမရှိကြောင်း ကေအဲန်ယူအသိုင်းအဝိုင်းအတွင်း ပြောဆိုချက်များအရ ကေအိုင်စီက သိရှိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဝေါ်လေလူသတ်မှုမှာ စစ်မြေပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် မိမိ၏ရဲဘော်များအ တွက် ရပ်တည်ပေးရမည်ဖြစ်ကြောင်းနှင့် သေဆုံးသွားသည့်အထဲတွင် ဗမာစစ်တပ်၏ အရေးကြီးသူများ ပါဝင်ကြောင်း ပြောဆိုရှင်းပြသော်လည်း NCA လမ်းကြောင်းထိခိုက်မည်ကို စိုးရိမ်နေသည့် NCA ထောက်ခံသူခေါင်းဆောင်များက လက်မခံခဲ့ကြောင်းလည်း ဆက်လက် ပြောသည်။
၎င်းအနေဖြင့် လူမျိုးအတွက်ရပ်တည်ပြီး ရန်သူများကို ပြန်လည်တိုက်ခိုက်သည့်အတွက် ဗမာစစ်တပ်ဘက်က ရပ်တည် သည့် NCA ထောက်ခံသူခေါင်းဆောင်များက မနှစ်သက်ခဲ့သလို ယနေ့မှစတင်၍ အဆိုပါခေါင်းဆောင်များကို မိမိတို့၏ ခေါင်းဆောင်အဖြစ် မသတ်မှတ်ပေးနိုင်တော့ကြောင်းလည်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ထုတ်ပြန်ချက်တွင် ပြောထား သည်။
စစ်ကောင်စီဖက်ကမူ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေလ ၃၁ရက်နေ့က မြဝတီခရိုင်၊ ဝေါ်လေမြို့နယ် ကနဲလေး-မော်ခီးသွား ကားလမ်းရှိ အူးဟူချောင်းတံတားတည်ဆောက်ရေး လုပ်ငန်းခွင်နေရာမှ အလုပ်သမား ၄၇ဦးကို နယ်မြေခံ KNDO တပ် က ဖမ်းဆီးပြီး ၂၂ဦးပြန်လွှတ်ကာ ၂၅ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် အခြားသတင်းမီဒီယာများတွင် ၎င်းဖြစ်စဉ်ကို ရေးသားခဲ့ပြီးနောက် KNU ဗဟို အလုပ်အမှုဆောင်ကော်မတီက သက် ဆိုင်ရာ KNDO တာဝန်ရှိသူနှစ်ဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တာဝန်မှ ယာယီ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
ကေအဲန်ယူ အဖွဲ့အစည်းတွင် တရားရေးဌာနမှာ ဗဟို၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်ရှိပြီး အထူးသဖြင့် အရပ်ဖက်နှင့် တပ် ဖက်ခေါင်းဆောင်များကို အရေးယူဆောင်ရွက်ခြင်းမှာ မတူညီဘဲ ကွာခြားမှုရှိကြောင်းကို ကေအဲန်ယူ၏ ဌာနဆိုင်ရာ တာဝန်ခံတစ်ဦးက ကေအိုင်စီသို့ ယခုကဲ့သို့ ရှင်းပြပြောဆိုသည်။
၎င်းက “ကေအဲန်ယူမှာက အရပ်ဖက်အရေးယူခြင်းနဲ့ စစ်ဖက်အရေးယူခြင်း မတူပါဘူး။ စစ်ဖက်အရာရှိတဦးက အဖွဲ့အ စည်းရဲ့ အဆင့်ဆင့် တာဝန်၊ ရာထူးတခုခုကို ရယူခဲ့ရင် တပ်အရိုက်အရာကိုဖြုတ်ပြီး အရပ်ဖက်တရားစီရင်မှုကို ဆောင် ရွက်ရတယ်။ တပ်ဖက်မှာ ရာထူးယူထားသူဆိုရင် တာဝန်ကိုသော်လည်းကောင်း၊ ရာထူးအဆင့်ဆင့်ကို ပြန်တမ်းဝင် အရာရှိ(ဗိုလ်ချုပ်ကြီးမှ တပ်ကြပ်အဆင့်များ)ကို ပြစ်မှုကြီးငယ်အလိုက် တဆင့်ချင်း လျှော့ချပြီး အပြီးအပိုင် ထုတ်ရတာ ရှိသလို အဖွဲ့အစည်းရဲ့စည်းလုံးမှု မပျက်ပြားရလေအောင် လျှော့ပေါ့ပြီးပေးတာမျိုးလည်း ရှိပါတယ်။ (ဥပမာ -ဗိုလ်ချုပ် ကနေ ဗိုလ်မှူးချုပ်၊ အဲဒီကနေ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ကို လျှော့ချ)တာမျိုးပေါ့။”ဟု ပြောဆိုသည်။
KNDO ထိပ်ပိုင်းအရာရှိ ဗိုလ်မှူးချုပ်စောနယ်ဒါးမြတို့နှစ်ဦးကို ၎င်းတို့၏ ရာထူးနှင့်တာဝန် အသီးသီးမှ ရပ်စဲလိုက်ပြီး နောက် စစ်ဦးစီးချုပ်တာဝန်ကို ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်မှူးကြီးစောရှီးလေကို ခန့်အပ်လိုက်ကြောင်းလည်း KNU-ကာကွယ်ရေးဌာန၊ ဌာနမှူးပဒိုစောရောဂျာခင် လက်မှတ်ထိုး ထုတ်ပြန်သည့် ဇန်နဝါရီ ၁၇ရက်နေ့ အမိန့်စာထဲတွင် ဖော်ပြထားသည်။