Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းခြင်း

ဆက်သွယ်‌မေးမြန်းခြင်း

507
Photo: CJ

ဆက်သွယ်‌မေးမြန်းခြင်း

စစ်‌ကောင်စီလက်ထက် နယ်‌မြေမတည်ငြိမ်မှုများ‌ကြောင့် ရပ်ရွာ၊ ‌နေအိမ်စွန့်ခွာကာ စစ်‌ဘေးဒဏ်သာမက လူ့အခွင့်အ ‌ရေးချိုး‌ဖောက်မှုပါ ရင်ဆိုင်‌နေရသည့် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းက မိသားစုအလိုက် စစ်‌ဘေး ‌ရှောင်‌နေရသူ အသက် ၂၇နှစ်အရွယ် ‌ဒေသခံရွာသား လူငယ်တစ်ဦးကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားပါသည်။

‌ကေအိုင်စီ – ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းက ‌ဒေသခံရွာသားတစ်ဦးအ‌နေနဲ့ အခုလတ်တ‌လောမှာ ဘယ်လိုပုံစံ ‌နေထိုင်ရပ်တည်‌နေရသလဲ အရင်‌ပြော‌ပေးပါလား။
‌ကော့ကရိတ်‌တောင်ပိုင်းက ဟိုတ‌‌လော တိုက်ပွဲက ပြင်းထန်တယ်။ လုံခြုံတဲ့‌နေရာမှာ ‌ရှောင်‌နေရတာ‌ပေါ့။ အခက်အခဲ‌တွေ‌တော့ အများကြီးရှိတယ်။ ‌ရှောင်‌နေရတာဆို‌တော့ တစ်ချို့က တစ်ခြားရွာက အမျိုးအိမ်‌တွေ လိုက်‌နေ တယ်။ တချို့က အသိအိမ်‌‌တွေ လိုက်‌နေတယ်။ ကိုယ့်အိမ်ကိုယ့်ရွာကို မ‌နေရဲ‌တော့လို့ပစ်ထားပြီး သူများဆီမှာ လိုက်‌နေ ‌နေရတယ်။ ကျ‌နော်က‌တော့ မိန်းမဘက်က အမျိုး‌တွေအိမ် လိုက်‌နေတယ်။ သူတို့ပဲ အကူအညီယူရတာ‌ပေါ့။ စား‌သောက်တာ‌ကော‌ပေါ့။

စစ်‌ကောင်စီ‌တော့ ရွာထိပ်ပိုင်းမှာ တပ်စွဲထားတယ်။ တစ်ခါတစ်‌လေ ရွာထဲဝင်ပြီး လူ‌တွေ စစ်‌ဆေး‌မေးမြန်းတာ ‌တွေ လုပ်တယ်။ ‌ခေါ်ရင်အကုန်ထွက်လာ ဘာမှမလုပ်ဘူး။ ပုန်း‌နေတာ‌တွေ့ရင် ‌ဒေါသထွက်ပြီး ထုတယ်၊ ရိုက်တာလုပ် တယ်။ ဖုန်း‌တွေဆိုလည်း အကုန်စစ်တယ်။ ထူးခြားတာ‌တွေ့ရင်‌တော့ မလွယ်ဘူး။ အုပ်စုဓာတ်ပုံ‌တောင် ‌တွေ့ရင် မကြိုက်ဘူး။

‌ကေအိုင်စီ – အာရှလမ်းမတဖက်ခြမ်းကစရင် ဘယ်ရွာ‌တွေက အစဉ်လိုက် တည်ရှိ‌နေသလဲ။ ‌ကျေးရွာအုပ်စု‌ကော၊ ရွာနာမည်‌တွေနဲ့‌ကော သိသ‌လောက် ‌ပြောပြပါလား။
‌ကော့နွဲရွာ၊ ရွာသစ်ကုန်း၊ အံက‌လော်၊ အဲ့မှာ‌တော့ ရွာသုံးရွာက နီးတယ်။ အ‌ရှေ့မှာ‌တော့ မြို့‌ဟောင်း၊ စက္ကဝက်၊ ‌အောင်လံ၊ ကတိုးထရွာ‌တွေရှိတယ်။ ဒီဘက်ပြန်လာရင်‌တော့ ရွာသစ်၊ ကမိုင်ကုန်းရွာ‌တွေ ရှိတယ်။ တခြားရွာ‌တွေလည်း အများကြီးရှိ‌သေးတယ်။ ‌ကော့နွဲ၊ ‌ကျောက်စရစ်ကုန်း၊ သုံးအိမ်စု၊ ရွာသစ်ကုန်း၊ အံက‌လော် အဲ့ရွာ‌တွေက ‌ကော့နွဲအုပ်စု။ တစ်တန်ကူးနဲ့ ‌ရေလယ်ကုန်းက အာရှလမ်းရဲ့ဘယ်ဘက်ခြမ်းမှာရှိတယ်။

‌ကေအိုင်စီ – ဘယ်လ‌လောက်ကတည်း အဲဒီရွာ‌တွေဘက်မှာ စစ်‌ရေးလှုပ်ရှားမှု‌တွေ ရှိလာသလဲ။
၁၂လပိုင်း ၂၀၂၁က‌နေ စစ်‌ရေးလှုပ်ရှားမှု ပိုများလာတယ်။ အခုထိပဲ။ အာရှလမ်းဘယ်ဖက်မှာ တိုက်ပွဲ‌တော့ မဖြစ်ဘူး။ ‌ကော့နွဲတံတားမှာဖြစ်တုန်းက အလုံးကြီး‌တွေ ‌ရေလယ်ကုန်းရွာထဲကိုကျပြီး ‌နေအိမ်တချို့ ထိခိုက်ပျက်စီးတာ ရှိတယ်။ ‌ရေလယ်ကုန်းနဲ့ ‌ကော့နွဲက မ‌ဝေးဘူး။ ‌ချောင်းတစ်ခုပဲ ခြားတယ်။ ‌ရေလယ်ကုန်းမှာလည်း စစ်‌ကောင်စီ‌တွေ တပ်စွဲထားတယ်။ အဲ့မှာလည်း တိုက်ပွဲဖြစ်မှာ စိတ်ပူရတယ်။

ရွာမှာ‌တော့ တိတ်ဆိတ်‌နေတာပဲ‌လေ။ ရွာထဲမှာ တိုက်ပွဲမဖြစ်ဘူး။ ဒါ‌ပေမဲ့ လူ‌တွေ‌တော့ အကုန် ပြန်မ‌နေရဲ ‌သေးဘူး‌လေ။ စစ်‌ကောင်စီ‌တွေ ‌ရေလယ်ကုန်းမှာပဲရှိ‌သေးတယ်။ နီးနီး‌လေးဆို‌တော့ ခုတက်လာဆို အခု‌ရောက်ပြီ။ ကျ‌နော်တို့ရွာ‌တော့ စစ်‌ကောင်စီက မရှိ‌တော့ဘူး။ ကမိုင်ကုန်းဘက်‌တော့ စစ်‌ကောင်စီ‌တွေ အင်အားအလုံးအရင်းနဲ့ တက်တယ်လို့ကြားတယ်။

Photo: CJ

‌ကေအိုင်စီ – စစ်တပ်က အာဏာမသိမ်းခင်အချိန်ကနဲ့ အာဏာသိမ်းပြီး‌နောက်ပိုင်း ကိုယ့်ရွာနဲ့အနီးဝန်းကျင်ရွာက ရွာသူရွာသား‌တွေ ‌နေထိုင်၊ လုပ်ကိုင် စား‌သောက်မှု ဘယ်လိုကွာခြားသလဲ။
အာဏာမသိမ်းခင်က‌တော့ ‌အေး‌အေး‌ဆေး‌ဆေးပဲ။ ခြံလုပ်စားတယ်။ လယ်လုပ်တယ်။ တိုက်ပွဲမဖြစ်ခင်က ရွာ မှာ ‌ကေအဲန်ယူစခန်းရှိတယ်။ ‌နောက်မှ စစ်‌ကောင်စီ‌တွေ ရွာသစ်ဘက်ကို‌ကျော်လာပြီး တိုက်ပွဲစဖြစ်တယ်။ စစ်‌ကောင်စီ ဘက်က ‌သေတယ်။ ဘယ်နှစ်‌ယောက်လဲ‌တော့ မမှတ်မိ‌တော့ဘူး။ အာဏာသိမ်းပြီး‌နောက်ပိုင်း တိုက်ပွဲမဖြစ်ခင်‌တော့ ခြံထဲ၊ လယ်ထဲ သွားလို့အဆင်‌ပြေတယ်။ တိုက်ပွဲဖြစ်‌တော့ ပိုဒုက္ခ‌ရောက်တာ‌ပေါ့။ ကိုယ့်အိမ်၊ ကိုယ့်ရွာကို‌တောင် ‌နေမရဲ ကြ‌တော့ဘူး။ အလုပ်က‌တော့ ဘာမှမရှိ‌တော့ဘူး‌ပေါ့။ ခြံထဲလည်း မသွားရဲဘူး။ ‌ဈေးဆိုင်ဖွင့်ထားတဲ့လူဆို ဆိုင်ပိတ်ပြီး အကုန်ရှုံးတာ‌ပေါ့။ စစ်‌ကောင်စီတပ်စွဲထားတဲ့အိမ်မှာ အိမ်ရှင်က ကိုယ့်အိမ်ပြန်ကြည့်ရင် အိမ်‌ပေါ်‌ပေးမတက်ဘူး။ တပ်စွဲ ထားတဲ့ အိမ်ထဲကရှိတဲ့ ပစ္စည်း‌ကော၊ စားစရာ‌တွေ‌ကော အကုန်ယူတယ်။ ဆိတ်လည်းစားတယ်။ ကြက်‌တွေဆို ကုန်သ ‌လောက်ပဲ။ အိုး၊ ခွက်၊ ပန်ကာ၊ ‌စောင်၊ ဆိုလာ၊ ဘက်ထရီ သူတို့ယူချင်တာ‌တွေ အကုန်ယူတာပဲ။ တချို့အိမ်‌တွေဆို ‌သော့ခတ်ထားတာ‌ ‌သော့ဖျက်ပြီး ဝင်တယ်။

အိမ်ပြန်ကြည့်တဲ့သူ‌တွေ သူတို့(စစ်တပ်)နဲ့‌တွေ့ရင် သူတို့က စစ်တာ‌မေးတာလုပ်တယ်။ တခါ‌တ‌လေလည်း သူတို့‌ခေါ်ထားတယ်။ ‌နောက်မှပြန်လွှတ်တယ်။ အိမ်‌ပေါ်‌ပေးမတက်တာလည်း ရှိတယ်။ အဲ့ဒါ‌တောင် တိုက်ပွဲငြိမ်မှ ပြန် ကြည့်တာ။ တိုက်ပွဲဖြစ်ချိန်ဆို မလွယ်‌လောက်ဘူး။ တိုက်ပွဲဖြစ်ရင်‌တော့ အိမ်ပြန်မကြည့်ကြရဲကြဘူး။ ‌ကော့နွဲအ‌ပေါ် ကွမ်းခြံကတစ်‌ယောက်ဆို ခြံထဲပြန်ကြည့်တာ‌တွေ့‌တော့ လူကိုစစ်‌ဆေးပြီး ပိုက်ဆံ‌တွေ့‌တော့ ယူသွားတယ်။

‌ကေအိုင်စီ – တိုက်ပွဲဆိုတာက နှစ်ဖက်ဖြစ်တာဆို‌တော့ ဘယ်တပ်ဖွဲ့က လူထုကို ဘယ်လိုကာကွယ်လဲ။ ဘယ်တပ် ဖွဲ့က လူထုကို မကာကွယ်သလဲ။
စစ်‌ကောင်စီ‌တွေတက်လာရင် တိုက်ပွဲက ဖြစ်မယ်။ အထိနာရင် ရွာသူရွာသား‌တွေကို အနိုင်ကျင့်မယ်။ ဒါက အခုမှမဟုတ်‌တော့ဘူး။ အရင်ကလည်း ဒီလိုပဲ ကြုံဖူးတယ်။ အရင်က‌တော့ ရွာမှာဆို မပစ်ဘူးထင်ထားတယ်။ ခု‌တော့ မပစ်ဘူးလို့ မ‌ပြောရဲဘူး။ ဘာဖြစ်လဲဆို‌တော့ မြို့မှာလည်း ဒီ‌လောက် ပြည်သူ‌တွေ ‌သေ‌နေတာ‌လေ။ ဘယ်တပ်ဖွဲ့က ဘယ်လိုကာကွယ်လဲဆိုရင် စစ်‌ကောင်စီက ပြည်သူကို လိုက်သတ်‌နေတာပဲ။ သူတို့က လုံးဝ မကာကွယ်ဘူး ‌ပြောလို့ရ တယ်။ စစ်‌ကောင်စီက ပြည်သူ‌တွေအတွက် လုံးဝ အကာအကွယ်မရှိဘူး။ ပြည်သူကိုဒုက္ခ‌ပေး‌နေတဲ့ အဖွဲ့အစည်းလို့ပဲ ‌ပြောချင်တယ်။ သူတို့‌တွေ ဘယ်ရွာ‌တွေပဲ‌ရောက်‌ရောက် လူ‌တွေ ဒုက္ခ‌ရောက်ရတယ်။

Photo: CJ

ကျ‌နော့်တစ်‌ယောက်ထဲ အမြင်က‌တော့ ‌ကေအဲန်ယူက ပြည်သူအတွက် တိုက်ပွဲဝင်‌နေတယ်လို့ မြင်တယ်။ အဲ့လိုလည်း တစ်ကယ်ဖြစ်‌စေချင်တယ်။ ဒါ‌ပေမဲ့ အ‌ထောက်အပံ့‌တွေ ရတာရှိတယ်။ ‌နောက်ပြီး ‌ကေအဲန်ယူရဲ့ အချိတ်အ ဆက်‌ကြောင့်လို့ ထင်တယ်။ အလှူရှင်‌တွေ လာလှူတာရှိတယ်။ KWO လည်း ဆန်‌တွေ ‌ဝေတာ ရှိတယ်။ ‌ကေအဲန်ယူက သူ့ဟာနဲ့သူပဲ‌လေ။ ရွာသူရွာသား‌တွေကို ဘာမှ ဝန်ထုပ်ဝန်ပိုး မလုပ်ဘူး။ ကိုဗစ်ကာလမှာ‌တောင် ကျန်းမာ‌ရေးကိစ္စ‌တွေ ရွာသူရွာသားနဲ့‌ပေါင်းပြီး လုပ်‌ဆောင်‌သေးတယ်။

‌ကေအိုင်စီ – အခုလို ပစ်ခတ်မှု‌တွေ၊ တိုက်ပွဲဖြစ်ပွားမှု‌တွေက‌နေ လနဲ့ချီကြာ‌အောင် ‌ရှောင်တိမ်း‌နေထိုင်ရတဲ့အ‌ပေါ် မှာ ဘာ‌တွေ‌ပြောချင်တာရှိလဲ။ ဘယ်လိုမျိုး ဖြစ်‌စေချင်သလဲ။
စစ်ပွဲကလည်း ဘယ်‌တော့မှပြီးမလဲ မသိဘူး။ ကိုယ့်အိမ်ကိုယ့်ရွာကို‌တော့ ပြန်ချင်‌နေပြီး‌လေ။ အိမ်မှာလည်း နွား‌တွေ၊ ကြက်‌တွေ၊ ဘဲ‌တွေဆို ဒီတိုင်းပဲလွှတ်ထားတယ်။ အစာမ‌ကျွေးဖြစ်ဘူး‌ပေါ့။ အခုက အလုပ်ဆို ဘာမှမလုပ်ဖြစ် ‌တော့ဘူး။ ‌ပြေး‌နေရတာပဲ။ စစ်‌ကောင်စီက‌တော့ ပြည်သူ‌တွေအသက်‌‌ကော၊ ထိခိုက်ပျက်စီးမှု‌ကော ‌ခေါင်းထဲထည့်မှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပြီးဆို ရွာ‌တွေမှာ အလုံးကြီး(လက်နက်ကြီး)‌တွေနဲ့ ထုမယ်။ ဘာထိထိ‌ပေါ့။

ဘယ်လိုဖြစ်‌စေချင်လဲဆို‌တော့ အခုဖြစ်တဲ့စစ်ပွဲကလည်း မတရား အာဏာသိမ်းလို့ဖြစ်တာပဲ။ နိုင်‌အောင်တိုက် ပြီး ‌အေး‌အေးချမ်းချမ်းနဲ့ပဲ ‌နေသွားချင်တာ‌ပေါ့။ တိုက်ပွဲ‌တွေ ပြီးဆုံးပြီး တန်းတူရတဲ့ အခွင့်အ‌ရေး‌တွေ လိုချင်တယ်။ အာဏာရှင်‌တွေ အုပ်ချုပ်တာ မလိုချင်‌တော့ဘူး။