Home သတင်း မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန်ကြိုဆိုမှု တစ်ပတ်လျှင် လူ ၂၀ဝ သာ လက်ခံ

မြဝတီနယ်စပ်မှတဆင့် ‌နေရပ်ပြန်ကြိုဆိုမှု တစ်ပတ်လျှင် လူ ၂၀ဝ သာ လက်ခံ

1633

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတားမှတဆင့် ဝင်‌ရောက်လာသည့် ထိုင်းပြန် မြန်မာလုပ်သားများကို ဒီဇင်ဘာလ ၁၁ရက်‌နေ့မှစ၍ ရက်သတ္တပတ်လျင် လူ၂ဝဝဦးသာ လက်ခံကြိုဆို‌တော့မည်ဟု သိ ရသည်။

“ထိုင်းပြန်မြန်မာလုပ်သား‌တွေကို ယခင်က တစ်ရက်ခြား လူ ၅၀ဝ လက်ခံခဲ့ရာမှ မနက်ဖြန် ဒီဇင်ဘာလ ၁၁ရက်‌နေ့ကစ ပြီး တစ်ပတ်လျှင် အ‌ယောက် ၂၀ဝနှုန်းဖြင့်သာ လက်ခံသွားမည်”ဟု မြဝတီနယ်စပ် ထိုင်း-မြန်မာအမှတ်(၂) ချစ်ကြည် ‌ရေးတံတား မြန်မာဘက်ခြမ်း ‌နေရပ်ပြန်ကြိုဆိုမှုတာဝန်ခံ ဒုခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌အောင်ချမ်းငြိမ်းက ‌ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်‌ရောဂါပိုး ‌တွေ့ရှိသူ ၃ဦးအထိ ရှိလာပြီးဖြစ်၍ ကြိုတင်ကာကွယ်သည့် အ‌နေဖြင့် ယခုကဲ့သို့ ‌နေရပ်ပြန်သူ အ‌ရေအတွက်ကို ‌လျှော့ချလက်ခံရခြင်းဖြစ်‌ကြောင်းလည်း ဦး‌အောင်ချမ်းငြိမ်းက ဖြည့်စွက်‌ပြောဆိုသည်။

ထိုသို့ပြန်လည်ဝင်‌ရောက်လာသူများကို မြဝတီမြို့ရှိ Quarantine Center များတွင် ၁ဝရက် ထားရှိကာ ကိုဗစ်‌ရောဂါပိုး ရှိမရှိ ဦးစွာ စစ်‌ဆေးပြီး ‌ရောဂါကင်းစင်မှသာ မိမိတို့ပြန်လိုသည့် တိုင်းနှင့် ပြည်နယ်များသို့ သီးသန့်ကား အစီအစဉ်ဖြင့် ပြန်လည်ပို့‌ဆောင်‌ပေးသွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

၂၀၂ဝ မတ်လမှစ၍ ကိုဗစ်ကာလအတွင်း မြဝတီနယ်စပ်၌ ကုန်သွယ်မှုနှင့် ယခု ‌နေရပ်ပြန် ကြိုဆိုခြင်းအား ထိုင်း.မြန်မာ အမှတ်(၂) ချစ်ကြည်‌ရေးတံတားမှသာ ဝင်ရာက်ခွင့်ပြုထားပြီး နယ်ခြား‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက်ရှိ ‌လှေဂိတ် ‌ပေါင်း ၃ဝ ဝန်းကျင်နှင့် ထိုင်း-မြန်မာအမှတ်(၁)တံတားကိုမူ လက်ရှိအချိန်ထိ ပိတ်ထားလျှက်ရှိ‌နေဆဲဖြစ်သည်။