Home သတင်း စစ်‌ကောင်စီတပ် စခန်းချ‌နေထိုင်ခဲ့သည့် စစ်‌ရှောင်ရွာသား‌နေအိမ် ၂လုံး မီး‌လောင်ခံရ

စစ်‌ကောင်စီတပ် စခန်းချ‌နေထိုင်ခဲ့သည့် စစ်‌ရှောင်ရွာသား‌နေအိမ် ၂လုံး မီး‌လောင်ခံရ

1654

ဒီဇင်ဘာ ၁ဝရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် ‌ရေးမြို့နယ် ‌ဘေးလမိုင်း‌ကျေးရွာအုပ်စုရှိ ‌အောင်သ‌ပြေရွာတွင် ဒီဇင်ဘာလ ၈ရက်‌နေ့က စစ်‌ကောင်စီတပ် က ‌ကျေးရွာအတွင်း စစ်‌ဘေး‌ရှောင်‌နေသည့် လူ‌နေအိမ်များတွင် ဝင်‌ရောက်စခန်းချ‌နေထိုင်ခဲ့ပြီး‌နောက် လူ‌နေအိမ် ၂လုံး မီး‌လောင်ခြင်းခံရသည်ဟု ‌ဒေသခံရွာသားများထံမှ သိရသည်။

မွန်ပြည်နယ်အ‌ခြေစိုက် စစ်‌ကောင်စီတပ်ဖြစ်သည့် ဝဲကလီတပ်နှင့် ခလရ(၁ဝ၆)တပ်ရင်းတို့ပူး‌ပေါင်းပြီး ဒီဇင်ဘာ ၈ရက် ‌နေ့က စစ်‌ဘေးတိမ်း‌ရှောင်‌နေကြရသည့် ‌အောင်သ‌ပြေ‌ကျေးရွာတွင် ယာယီစခန်းချ‌နေထိုင်ခဲ့ပြီး‌နောက် ၎င်းတို့တည်းခို ‌နေထိုင်သည့် လူ‌နေအိမ် ၂လုံးမှာ မီး‌လောင်ခံရ‌ကြောင်း အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ဒီဇင်ဘာလ ၉ရက်၊ ယမန် ‌နေ့က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူတို့‌တွေတက်လာ‌တော့ ရွာသား‌တွေက ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြတယ်‌ပေါ့‌နော်။ ၈ရက်‌နေ့မှာ ရွာထဲဝင်လာပြီး လူ‌နေအိမ်‌တွေမှာ သူတို့‌နေထိုင်ကြတယ်။ သူတို့‌နေသွားတဲ့ ရွာသား ၂ဦးရဲ့‌နေအိမ်က အခု အကုန် မီး‌လောင်ခံထားရ တယ်။ ဘယ်လိုဖြစ်သွားလဲ‌တော့ မသိရဘူး။ အိမ်ရှင်‌တွေက စစ်‌ဘေး‌ရှောင်ကြတယ်‌လေ။ တိုက်ပွဲဖြစ်မှာလည်း ‌ကြောက်တယ်။ ရွာနဲ့‌ဝေးတဲ့‌နေရာမှာ သွားလာကြဖို့ ‌ပြောချင်တယ်။”ဟု အမည်မ‌ဖော်လိုသည့် ရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေးမြို့နယ် ‌ဘေးလမိုင်း‌ကျေးရွာအုပ်စုတွင် စစ်‌ကောင်စီတပ် မကြာခဏ ဝင်‌ရောက်လာ‌လေ့ရှိပြီး ဒီဇင်ဘာလ ၉ရက် ‌နေ့တွင် ‌အောင်သာယာ‌ကျေးရွာအနီး စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉) လက်‌အောက်ခံ ခလရ(၁ဝ၆)တပ်နှင့် KNLA ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ‌ကျေးရွာရှိ ဆန်၊ နှမ်း၊ ဆိုင်ကယ်၊ ဆိုလာ ပြားနှင့် ကုန်စုံဆိုင်ရှိပစ္စည်းများပါ စစ်‌ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုရှိ‌ကြောင်း KNU တပ်မဟာ(၆)၏ သတင်းစာမျက် နှာတွင် ‌ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်များအ‌နေဖြင့် ‌ကျေးရွာများတွင် ဝင်‌ရောက်‌နေထိုင်မှု မပြုလုပ်ကြရန်နှင့် ရွာသားများမှ ‌မေတ္တာရပ်ခံ ထားကြပြီး လက်ရှိတွင် ‌ကျေးရွာသားအများစုမှာ ‌တော‌တောင်များတွင် စစ်‌ဘေးတိမ်း‌ရှောင်‌နေကြရသည့်အတွက် အခက်အခဲများလည်းရှိသည်ဟု ‌ဒေသခံရွာသားများက ‌ပြောဆိုသည်။