Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသ ညဘက် ‌လေယာဉ်ဗုံးကြဲကာ လက်နက်ကြီးဖြင့် အချက် ၅၀‌ကျော် ပစ်ခတ်တိုက်ခိုက်ခံရ

‌လေး‌ကေ‌ကော်‌ဒေသ ညဘက် ‌လေယာဉ်ဗုံးကြဲကာ လက်နက်ကြီးဖြင့် အချက် ၅၀‌ကျော် ပစ်ခတ်တိုက်ခိုက်ခံရ

1512

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက် ၉မိုင်ခန့်အကွာအ‌ဝေးရှိ ‌လေး‌ကေ‌ကော်နယ်‌မြေဘက်ကို ဒီဇင်ဘာလ ၂၃ရက် ယမန်‌နေ့ ညပိုင်းက စစ်‌ကောင်စီမှ ‌လေယာဉ်ဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် အချက်‌ပေါင်း ၅၀‌ကျော် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန်‌နေ့ ည ၁ဝနာရီခွဲခန့်တွင် ကနဦး ‌လေယာဉ်ပျံသန်းလာပြီး ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး တစ်ဆက်တည်း တွင် လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း ‌မြေပြင်သတင်းအရ အတည်ပြု သိရှိရသည်။

“‌လေယာဉ်နဲ့ လာပစ်ချတာ‌တော့ ၂လုံး‌ပေါ့။ ‌လေးက‌ပေါ် ‌ရေတံခွန်နဲ့ ထီး‌ကော်‌ထော‌တောင်ကြား ‌နေရာ‌လောက်မှာ ကျတယ်။ ထိခိုက်မှု‌တွေ ဘာ‌တွေ‌တော့ မရှိပါဘူး။ ပြီးတာနဲ့ လက်နက်ကြီးနဲ့ ဆက်တိုက် ထုတာပဲ။”ဟု ‌မြေပြင် တွင် ၎င်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မယ်‌ထော်သ‌လေး၊ ဖလူးကြီး၊ ထီးမယ်ဝါးခီး‌ကျေးရွာနှင့် ရ‌သေ့ဂူ‌ကျေးရွာဘက်များသို့ စစ်‌ကောင်စီတပ် များနှင့် နယ်ခြား‌စောင့်တပ်-BGF ပူး‌ပေါင်းတပ်ဖွဲ့များက ၆၀-မမ ၊ ၈၁-မမ၊ ၁၂၀-မမ အမျိုးအစား လက်နက်ကြီး များဖြင့် အလုံး‌ရေ ၅၀‌ကျော် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ‌ကျေးရွာ‌နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဖလူး‌လေး‌ကျေးရွာရှိ စစ်‌ဘေး‌ရှောင် များ ညတွင်းချင်း ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေး တိမ်း‌ရှောင်ခဲ့ကြရာတွင် ထိုင်းနယ်ခြား‌စောင့်တပ်မှ ‌ဘေးကင်းလုံ ခြုံရာ ယာယီစစ်‌ဘေး‌ရှောင်စခန်းများသို့ တစ်ဆင့် ပို့‌ဆောင်‌ပေးခဲ့‌ကြောင်း သိရသည်။

ယမန်‌နေ့ည ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်‌သေဆုံးမှုနှင့် အရပ်သားပြည်သူ ထိခိုက်‌သေဆုံးမှု အတည်ပြုနိုင်မှု မရှိ‌သေး‌ပေ။

‌ကေအဲန်ယူအ‌နေဖြင့် ဒီဇင်ဘာလ ၂ဝရက်‌နေ့က ‌လေး‌ကေ‌ကော်တိုက်ပွဲအ‌ပေါ် ထုတ်ပြန်‌ကြေညာခဲ့ရာတွင် ကုလ သမဂ္ဂအ‌နေဖြင့် ‌လေ‌ကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်‌ပေးရန် ‌တောင်းဆိုထားခဲ့‌သော်လည်း ထုတ်ပြန်ပြီး သုံး ရက်‌မြောက်‌နေ့တွင် ယခုလို ‌လေယာဉ်ဖြင့် လာ‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ပို၍ ပြင်းထန်လာဖွယ်ရှိ‌ကြောင်း သုံးသပ်မှုများ ရှိ‌နေသည်။

‌နောက်ဆုံးရရှိသည့်သတင်းအရ ယ‌နေ့ ဒီဇင်ဘာလ ၂၄ရက်မနက်တွင်လည်း ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာ ဘက်တွင် ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွား‌နေ‌ကြောင်း သိရှိရသည်။